Pressure Switch အကြောင်းမပြောခင် Pressure ဆိုတာဘာလဲဆိုတာအကြမ်းဖျင်းပြောပြချင်ပါတယ်။ Pressure Pressure မှာနှစ်မျိုးရှိပါတယ်။ Gauge Pressure နဲ့ Absolute Pressure ဆိုပြီးရှိတာပါ။ Gauge Pressure ဆိုတာကိုပြောရရင် ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာလေထုအလွှာတွေရှိပါတယ်။ဒီလေထုဟာ အားလုံးကိုဖိထားတာပါ။ဈေးကွက်ထဲက Pressure Gauge တွေဟာ အလွတ်ဆိုရင် သုညအမှတ်ကိုသာညွှန်ပြထားတာဖြစ်ပါတယ်။ဖိအားတစ်ခုခုဝင်မှသာတန်ဖိုးတတ်မှာပါ။ Gauge Pressure ကိုခုနကပြောခဲ့တဲ့ကမ္ဘာ့လေထုဖိအားပါထည့်ပေါင်းလိုက်မယ်ဆိုရင် Absolute Pressure ကိုရမှာပါ။ဗဟုသုတအနေနဲ့ပြောရရင် လူတစ်ယောက်အပေါ်ကိုဖိထားတဲ့ဖိအားဟာ တန် 20 ဝန်းကျင်ရှိပါတယ်။ Pressure ရဲ့ Formula ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ P = F/A P = Pressure F = Force A = Area သီအိုရီအရဆိုရင် Area နဲ့ Force ဟာ ပြောင်းပြန်အချိုးကျနေပါတယ်။ Unit ကတော့ PSI နဲ့ kg/cm^2 ဆိုပြီးသုံးကြပါတယ်။ Purpose of Pressure Switch Pressure Switch သည် သတ်မှတ်ထားတဲ့ Pressure Set Point တစ်ခုရောက်ရင် Output ထုတ်ပေးတဲ့အ...