Encoder Types & Technologies Encoder အမျိုးအစားပေါင်းများစွာရှိပါတယ်။ အဲ့ထဲကမှ အဓိက Sensing Technique နှစ်ခုကတော့ -Linear -Rotary ပါပဲ။ အဲ့တာနဲ့အတူ Encoder ရဲ့ Measurement ပုံစံတွေက -Absolute -Incremental ပါ။ Electromechanical Technologies တွေကတော့ -Magnetic -Optical -Inductive -Capacitive -Laser တို့ဖြစ်ပါတယ်။ Encoder နဲ့ ပတ်သတ်တဲ့အချက်အလက်တွေကတော့အများကြီးပါပဲ။ Basic တွေလောက်ပဲ နားလည်အောင်နဲ့ ဘာကြောင့်လဲ ဘာလဲ ဆိုတာကို သိဖို့လောက်ပဲသိတာကကောင်းပါတယ်။ အရင်ဦးဆုံး Encoder တစ်ခုချင်းစီအကြောင်းကိုရေးပါမယ်။ 1.Linear Encoder Linear Encoder က Point 2 ခု ကြားက အကွာအဝေးကိုတိုင်းဖို့အတွက် Transducer ကိုသုံးပါတယ်။ ဒီ Encoder တွေမှာ Encoder နဲ့ Transducer ကြားမှာ Rod နဲ့ Cable ကိုသုံးပြီး Object ရဲ့ Movement ကိုတိုင်းတာပါတယ်။ Object က ရွေ့လျားတဲ့အချိန်မှာ Transducer ရဲ့ Data က Rod နဲ့ Cable ကနေ Data ကောက်ပြီးတော့ Object ရဲ့ Movement ကို Linear အတိုင်း Output Signal ထုတ်ပေးပါမယ်။ ...