Skip to main content

Basic of Differential Pressure Transmitter (2)




    Differential Pressure Transmitter ရဲ့ Label Port က Operational Amplifier Input Terminal မှာသုံးတဲ့ Inverting နဲ့ Noninverting ရဲ့ Label နဲ့တူပါတယ်။

    ပုံပါ '+' နဲ့ '-' က Input Voltage ရဲ့ Polarity မဟုတ်ပဲ အဆိုပါ Symbols တွေက Input Signal တစ်ခုချင်းစီရဲ့ Output Signal ကို မောင်းနှင်ဖို့ရန် ကွဲပြားတဲ့ ဦးတည်ချက်ကို ကိုယ်စားပြုရုံသာဖြစ်ပါတယ်။ 

    '+' ဘက်မှာ ထည့်သွင်းအသုံးချတဲ့ Potential တိုးလာခြင်းက Opamp ရဲ့ Postive ဖြစ်လာပြီးတော့ '-' ဘက်မှာ ထည့်သွင်းအသုံးချတဲ့ Potential တိုးလာခြင်းက Opamp ရဲ့ Negative ကိုဖြစ်လာစေပါတယ်။

    Electronics မှာတော့ အဲ့ဒီအရာကို Differential Voltage Sensor ( Operational Amplifier ကဲ့သို့ ) ရဲ့ စွမ်းရည်ကို ရည်ညွှန်းပါတယ်။

    Idel Operational Amplifier ဟာ အဝင် Terminal နှစ်ခုလုံးအတွက် Voltage ပမာဏ ကိုလုံးဝ လျစ်လျူရှုထား ပြီးတော့ Terminal နှစ်ခုက Voltage ခြားနားခြင်းကိုပဲ တုံပြန်ပေးပါတယ်။ အဲ့လိုပုံစံမျိုးပဲ Differential Pressure Transmitter ကိုပြုလုပ်ထားတာပါ။ ကွဲခြားသွားတာကတော့ Electronic Signal အစား Fluid Pressure နဲ့ပဲသုံးထားတာပါ။


     Closed-Loop Control System ရဲ့ အသုံးအနှုန်းနဲ့ပြောရရင် '+' input ဟာ Direct-Acting ဖြစ်ပြီးတော့ '-' Input ဟာ Reverse-Acting ဖြစ်ပါတယ်။ အလားတူပဲ Differential Pressure Transmitter မှာရှိတဲ့ 'H' နဲ့ 'L' ဟာ Input Pressure ရဲ့ Magnitude ကိုမဆိုလို သလို H Port ရဲ့ Pressure က L Port ရဲ့ Pressure ထက်ကြီးရမယ်လို့ မဆိုလိုပါဘူး။

    အဲ့ဒီ Symbol က Port တစ်ခုချင်းစီမှာသက်ရောက်တဲ့ Pressure ကနေပြီးတော့ Output Signal ပေါ်မှာရှိတဲ့ ခြားနားတဲ့ အကျိုးသက်ရောက်မှုကိုဖော်ပြရုံသာဖြစ်တယ်။ ဆိုလိုတာက Differential Pressure Transmitter ရဲ့ 'H' Port မှာ Pressure တိုးလာရင် Output Signal က Greater Level (up) ဖြစ်လာပြီးတော့ 'L' Port မှာ Pressure တိုးလာရင် Output Signal က Lesser Level (down) ဖြစ်လာမှာပါ။

    Differential Pressure Transmitter မှာ Direct Acting ဒါမှမဟုတ် Reverse Acting ကိုကြိုက်သလိုချိတ်လို့ရတာကလည်းကြီးမားတဲ့ အားသာချက်တစ်ခုပါပဲ။

Reference: Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...