Skip to main content

What is A SMART Transmitter

   SMART Transmitter ရဲ့ အဓိပ္ပာယ်က Single Modular Auto-Ranging Remote Transducer လို့အဓိပ္ပာယ်ရပါတယ်။ 

    အဲ့ဒီ Intelligent Transmitter မှာ Analog Output ရှိပြီး HART Protocol, Foundation Field Bus နဲ့ Profibus လိုမျိုးအခြေပြုထားတဲ့ Digital Communication Signal တွေကို တစ်ပြိုင်နက်တည်းပေးပါတယ်။

    ယေဘုယျအားဖြင့်တော့ ရိုးရှင်းတဲ့ Smart Transmitter ရဲ့ တည်ဆောက်ပုံကိုအောက်မှပုံနဲ့ပြထားပါတယ်။ သူ့မှာ Sensor သို့မဟုတ် Input Circuitry, Microprocessor, Memory နဲ့ Communication Block တွေပါဝင်ပါတယ်။


    Multi-Variable Transmitter ဆိုတဲ့စကားက တစ်ခါတစ်လေမှာ Smart Flow Measuring Instrument လို Device မျိုးအတွက်သုံးပါတယ်။

    အဲ့တာက Absolute Pressure, Differential Pressure နဲ့ Process Temperature တွေကိုတိုင်းတာပေးပါတယ်။ နောက်ပြီး Mass Flow Rate နဲ့ Process Fluid ရဲ့ Volumetric Flow Rate တို့ကို တွက်ချက်ပေးပါတယ်။

    Smart Transmitter ရဲ့ Output ဟာ Primary Process Variable သာမကပဲ Secondary Process Variables, Sensor Health, Sensor Performance Characteristics, Calibration Information နဲ့ Real-Time Diagnostic တို့လည်းပါဝင်ပါတယ်။ အဲ့ဒီ Data တွေကို HART Protocol ကနေတစ်ဆင့် သို့မဟုတ် Fieldbus Communication နဲ့လည်းအသုံးပြုလို့ရပါတယ်။

     ဒီ Information တွေကို အသုံးပြုတာကိုလည်း Process တွေကို Improve လုပ်ဖို့, Instrument ရဲ့ စွမ်းရည်ကို သက်တမ်းတိုးစေဖို့နဲ့ Personnel ရဲ့ Productivity ကိုအများဆုံးဖြစ်အောင်လုပ်ပေးဖို့ကြောင့်ဖြစ်ပါတယ်။

    Internet ထွန်းကားလာတာနဲ့အတူ High Data Speed နဲ့ သူ့ရဲ့ Smart Field Instrument နဲ့ Systems တွေဟာ အတော်လေးပြောင်းလဲပြီးတော့ IoT ( Internet of Things) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။

Advantages of SMART Transmitters 

- Smart Transmitter မှာ Microprocessor နဲ့ Bi-Directional Communication ပါဝင်ပါတယ်။

- Smart Transmitter မှာတိုင်းတာနိုင်ပြီး Environmental Disturbance အတွက် Compensate လုပ်ပေးတဲ့ Secondary Sensor လည်းပါဝင်ပါတယ်။

- Signal Conditioning ကိုလုပ်ဆောင်ပြီးတော့ Analog to Digital Conversion ကိုလည်းလုပ်ပေးပါတယ်။

- Smart Transmitter မှာ Sensor များစွာပါဝင်ပြီး အမျိုးမျိုးသော်အတိုင်းအတာအပိုင်းအခြားများကိုဖုံးအုပ်ကာလိုအပ်တဲ့အတိုင်းအတာကို အလိုအလျောရွေးချယ်ခွင့်ပေးပါတယ်။

- Smart Transmitter မှာ Removal of Zero နဲ့ Drift နဲ့ Sensitivity Drift Error ကို ဖယ်ရှားပေးနိုင်တဲ့ Self-Calibration Capability တွေပါဝင်ပါတယ်။

- Smart Transmitter တွေမှာ Self-Diagnostic Capability ရှိပြီး ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များကို စီစဥ်နိုင်ပါတယ်။

- Smart Transmitter က Non-Linearities အတွက် Adjust လုပ်နိုင်ပြီးတော့, Linear Output ကိုပေးပါတယ်။

- Smart Transmitter တွေက ပိုမိုကောင်းမွန်တဲ့ တိကျမှုနဲ့ ယုံကြည်စိတ်ချမှုကိုပေးနိုင်ပါတယ်။

- Long Term Stability ကို ကောင်းမွန်အောင်ပြုလုပ်နိုင်ပြီးတော့, Re-Calibration Frequency ကိုလျော့ပေးနိုင်ပါတယ်။

- ထိန်းသိမ်းကုန်ကျစရိတ်လည်းလျော့ပေးနိုင်ပါတယ်။

- အပြန်အလှန်လုပ်ဆောင်နိုင်မှုကို ခွင့်ပြုပြီး ရွေးချယ်ရောင်းချသူများကို ရွေးချယ်ဖို့အတွက်ဖြစ်လာနိုင်ပါတယ်။

- အဝေးထိန်း Re-Calibration နဲ့ Re-Ranging လုပ်ခြင်းကိုခွင့်ပြုပေးပါတယ်။

- Transmitter တစ်ခုက မည်သည့်အကွာအဝေးကိုမဆို အကျုံးဝင်စေရန် စီစဥ်ထားပြီး Transmitter များကို အစားထိုးရန်ဖြစ်နိုင်တာမလို့ အပိုပစ္စည်းအများအပြားကို စီမံခန့်ခွဲရာမှာ လျော့ချပေးနိုင်ပါတယ်။

- အပူချိန်တိုင်းတာခြင်းကဲ့သို့ အချို့သော် Transmitter များမှာ သာမန် Transmitter များနဲ့ မဖြစ်နိုင်တဲ့ Redundant Sensor တွေကိုချိတ်ဆက်ဖို့ ပံ့ပိုးမှုရှိပါတယ်။ Sensor တစ်ခုရဲ့ ပျက်ကွက်မှုမှာ အခြား Sensor သည် Plant ရဲ့ ယုံကြည်စိတ်ချရမှုကို ပိုမိုကောင်းမွန်စေတဲ့ အပူချိန်ကိုရှာပေးဖို့အတွက်ကူညီပေးပါတယ်။

- တူညီတဲ့ Tag အောက်မှာသိမ်းထားတဲ့ Configuration Data တွေကို လက်ကိုင် Communicator သို့မဟုတ် DCS System ကနေပြောင်းပေးနိုင်ပါတယ်။

- Smart Transmitter အများစုဟာ ( ဝါယာကြိုးနှစ်ကြောင်း ) Loop Powered ဖြစ်ပါတယ်။

Disadvantage Of Smart Transmitters

- ကြိုတင်ကာကွယ်ထိန်းသိမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း Calibration နဲ့ Validation တို့ကို ရှောင်ရှားလို့မရပါဘူး။

Reference : Instrumentationtools

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...