Skip to main content

Pressure Switch

 

    Pressure Switch အကြောင်းမပြောခင် Pressure ဆိုတာဘာလဲဆိုတာအကြမ်းဖျင်းပြောပြချင်ပါတယ်။  

Pressure 


     Pressure မှာနှစ်မျိုးရှိပါတယ်။ Gauge Pressure နဲ့ Absolute Pressure ဆိုပြီးရှိတာပါ။ Gauge Pressure ဆိုတာကိုပြောရရင် ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာလေထုအလွှာတွေရှိပါတယ်။ဒီလေထုဟာ အားလုံးကိုဖိထားတာပါ။ဈေးကွက်ထဲက Pressure Gauge တွေဟာ အလွတ်ဆိုရင် သုညအမှတ်ကိုသာညွှန်ပြထားတာဖြစ်ပါတယ်။ဖိအားတစ်ခုခုဝင်မှသာတန်ဖိုးတတ်မှာပါ။ Gauge Pressure ကိုခုနကပြောခဲ့တဲ့ကမ္ဘာ့လေထုဖိအားပါထည့်ပေါင်းလိုက်မယ်ဆိုရင် Absolute Pressure ကိုရမှာပါ။ဗဟုသုတအနေနဲ့ပြောရရင် လူတစ်ယောက်အပေါ်ကိုဖိထားတဲ့ဖိအားဟာ တန် 20 ဝန်းကျင်ရှိပါတယ်။ Pressure ရဲ့ Formula ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

P = F/A

P = Pressure 
F = Force
A = Area

သီအိုရီအရဆိုရင် Area နဲ့ Force ဟာ ပြောင်းပြန်အချိုးကျနေပါတယ်။ Unit ကတော့ PSI နဲ့ kg/cm^2 ဆိုပြီးသုံးကြပါတယ်။

Purpose of Pressure Switch 

    Pressure Switch သည် သတ်မှတ်ထားတဲ့ Pressure Set Point တစ်ခုရောက်ရင် Output ထုတ်ပေးတဲ့အရာတစ်ခုပါ။ Pressure Switch သည် Pressure ရဲ့ အတတ်အကျပေါ်မူတည်ပြီး Electric Signal နဲ့ Feedback ပြန်ယူပါတယ်။ အခု Switch တွေဟာ Pump System တွေ,Electronic Gas Compressor တွေ, Security Alarm တွေ Pressure Panel တွေမှာအသုံးပြုကြပါတယ်။ 

    Pressure Switch မှာ ပုံစံနှစ်မျိုးရှိပါတယ်။ အဲ့တာတွေက Mechanical နဲ့ Electronic တို့ဖြစ်ပါတယ်။သို့သော်ငြားလည်းအသုံးပြုပုံကအတူတူပဲဖြစ်ပေမယ့်တည်ဆောက်ပုံနဲ့ Sensing Element တွေတော့ကွာခြားသွားပါတယ်။ယေဘုယျအကျ‌ဆုံးနဲ့အသုံးများဆုံး Sensing Element တွေကတော့ Piston, Diaphragm နဲ့ Bellow တို့ဖြစ်ပါတယ်။ 

    Mechanical Switch တွေမှာတော့ Auxiliary Power မပါပဲ အလုပ်လုပ်နိုင်ပြီး High Voltage တွေကို ကောင်းကောင်း Handle လုပ်နိုင်ပါတယ်။ တစ်ဖက်မှာကတော့ Electronic Pressure တွေဟာ Delay Time, Output Signal, Turndown ratio အစရှိသည်တို့ကို ထိန်းညှိပေးနိုင်ပါတယ်။

    High Pressure တွေသုံးတဲ့နေရာမှာဆိုရင် Piston တွေကိုသုံးသင့်ပြီးတော့ Low Pressure သုံးတဲ့ Process Industry တွေမှာဆိုရင် Diaphragm ကိုသုံးကြပါတယ်။

    ဒီနေရာမှာ Differential Pressure Switch အကြောင်းနည်းနည်းထည့်ပြောချင်ပါတယ်။ သမရိုးကျ Pressure Switch တွေနဲ့ တူညီပေမယ့် မတူညီတာတစ်ချက်က Pressure Point နှစ်ခုကြားမှာရှိတဲ့ သတ်မှတ်ထားတဲ့ခြားနားချက်ပေါ်မှာပဲမူတည်ပြီးတော့မှ Output ထုတ်ပေးတာပါ။

Structure of Pressure Switch 

Pressure Switch ရဲ့တည်ဆောက်ပုံကိုပုံနဲ့စာနဲ့တွဲကြည့်ရင်အောက်ကရေးထားတဲ့အတိုင်းတည်ဆောက်ထားပါတယ်။


A- Micro-Swtich 
B- Operating Pin
C- Range Spring 
D- Operating Piston 
E- Insulated Trip Button 
F- Switch Case
G- Trip Setting Nut
H- Inlet Pressure 

Inlet Pressure (H) ဟာ Operating Piston (D) ကိုရွေ့လျားအောင်လုပ်ရင် Spring ကိုပါရွေ့လျားသွားစေပါတယ်။ အဲ့ Spring ကပဲ Set Pressure ကိုချိန်ညှိပေးပါတယ်။Spring ရဲ့ ရွေ့လျားမှုနဲ့ Piston တွေက Operating Pin (B) ကို Activated ဖြစ်စေပြီး Micro Switch(A) ကိုပါ Trigger ဖြစ်စေပါတယ်။ Micro Switch မှာ Normally Open နဲ့ Normally Close ဆိုတဲ့ Point နှစ်ခုပါပါတယ်။ သတ်မှတ်ထားတဲ့ Pressure Set Level တစ်ခုရောက်ရင် Normally Open ကို Closing Circuit ဖြစ်စေပြီး Normally Close ကို Opening Circuit ဖြစ်စေပါတယ်။

Reference: Precision mass, Jinlong Myanmar

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...