Flow Meter အတွက် Totalizer ကိုအကောင်ထည်ဖော်ဖို့အတွက် PLC Program တစ်ခုလုပ်ကြည့်ပါမယ်။ Flow Meter ရဲ့ Electrical Signal က 4-20mA Output ရှိတဲ့ဟာသုံးပါမယ်။ အဲ့ဒီ Flow Range ကလည်း 0 to 100 Liter per Hour Fuel Flow ရှိမယ်လို့ ယူဆကြည့်ပါ။
ဒီ Logic ကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့က Pipe ကနေ ဖြတ်သွားတဲ့ Total Fuel တန်ဖိုးကို တွက်ချက်နိုင်ပါတယ်။ ဒီမှာတော့ Totalizer ရဲ့တန်ဖိုးကို 5000 အထိသတ်မှတ်ထားတဲ့အတွက် 5000 Liters ကိုရောက်သွားတဲ့အခါမှာ သူ့က အလိုအလျောက် Reset ဖြစ်အောင် လုပ်နိုင်သလို RESET Button ကိုသုံးပြီးတော့ သူ့ရဲ့ တန်ဖိုးကို Reset ဖြစ်အောင်လုပ်နိုင်ပါတယ်။
အထက်ဖော်ပြပါအကြောင်းအရာတွေကတော့ Totalizer အတွက် Problem တစ်ခုကို ယုတ္တိကျကျ ဖြေရှင်းဖို့အတွက်ရှင်းပြထားတာဖြစ်ပြီးတော့ 4-20 mA Analog Scaling မပါဘူးဆိုတာ မှတ်ထားစေချင်လိုပါတယ်။ အခု Program တွေက 4-20mA Analog Scaling လုပ်ပြီးသားအခြေအနေကနေ ရေးထားတဲ့ Program ဖြစ်ပါတယ်။
Problem Solution
- ပထမဆုံး Flow Meter ရဲ့ Flow Rate က 100 Liters/ Hour ရှိတယ်လို့ယူဆပါ။
- Flow Rate က Liter per Hour ကို Liter per Second ပြောင်းဖို့အတွက် DIV ဆိုတဲ့ Instruction ကိုသုံးပြီးတော့ Calculation လုပ်ပါမယ်။
- အဲ့ဒီနောက် 1 Second Clock ကို သုံးပါမယ်။ ကျွန်တော်တို့က ဒီတန်ဖိုးတွေကို တခြား Memory Location မှာ Store လုပ်ပြီးတော့ စက္ကန့်တိုင်းမှာ တန်ဖိုးအသစ်တွေကို ထက်ထည့်ပြီး ပြန်မွမ်းမံပါမယ်။
-ဒီမှာကတော့ ကျွန်တော်တို့ရဲ့ Totalizer အတွက်အများဆုံးတန်ဖိုးကို 5000 Liters လို့မှတ်ယူပြီးတော့ အကယ်၍ Totalizer က 5000 Liters Maximum တန်ဖိုးရောက်ရင် RESET ဖြစ်သွားပါမယ်။
- ဒါကြောင့် ကျွန်တော်တို့ဟာ အဲ့ဒီ Maximum တန်ဖိုးနဲ့ Actual Value နှိုင်းယှဥ်မယ်။ ပြီးရင် အဲ့တာကို Automatic Reset လုပ်ရင်လုပ်, မလုပ်ရင် Reset Button ထည့်ပြီး Totalizer ရဲ့တန်ဖိုးကို Reset လုပ်ပါမယ်။
Inputs List
Reset - I0.0
Memory
M0.5 - 1 Second clock Pulse
M1.2 - Positive Edge of Clock Pulse
MD10 - Memory Word For Final Output ( L/H ) of Flow Meter
MD18 - Memory Word For Final Output ( L/Sec ) of Flow Meter
MD22 - Total Liters Addition
MD26 - Total Fuel in Liter
Program Description
ဒီ Problem မှာ ကျွန်တော်က PLC S7-300 နဲ့ TIA Portal Software ကို Programming အတွက်သုံးပါမယ်။ Program အတွက် Network က 1 to 4 ရှိပါတယ်။
Network 1
ဒီမှာက DIV Instruction သုံးပြီးတော့ L/H ကနေ L/S ကိုပြောင်းပါမယ်။ L/H ကို 3600 နဲ့စားမှာပါ။ တစ်နာရီမှာ ၃၆၀၀ စက္ကန့်ရှိတဲ့အတွက်ပါ။
Network 2
Clock Pulse 1sec ကို M0.5 သုံးပြီးတော့ စက္ကန့်တိုင်းမှာ တန်ဖိုးတွေကို ပေါင်းထည့်ပါမယ်။ ပြီးလို့ ရလာတဲ့ Result တွေကို MD22 မှာသိမ်းထားပါမယ်။
Network 4
ဒီ Network မှာ ကျွန်တော်တို့က Totalizer ကို Reset လုပ်ဖို့လိုအပ်ပါတယ်။ အကယ်၍ Total Fuel က Maximum တန်ဖိုးသတ်မှတ်ထားတဲ့ 5000ထက်ကျော်ရင် Totalizer က အလိုအလျောက် Zero တန်ဖိုး ဖြစ်သွားပါမယ်။ ဒါမှမဟုတ် Manually Reset လုပ်မယ်ဆိုရင် I0.0 ဆိုတဲ့ Reset Button ကို နိုပ်ပေးပြီး Reset လုပ်ရုံပါပဲ။
Reference : Instrumentationtools
Comments
Post a Comment