HART ရဲ့ အရှည်က ဘာလဲဆိုရင် Highway Addressable Remote Transducer လို့ခေါ်ပါတယ်။ အရင်ဆုံး HART အကြောင်းကို မပြောခင် Loop Power 4-20mA ဘယ်လိုတိုင်းလဲဆိုတာအရင်ပြောပါမယ်။ DC 4-20mA Signal တွေက Sensor တစ်ခုရဲ့ Value တွေကို ပို့ပေးဖို့သုံးတာပါ။ အနိမ့်ဆုံး 0% ဖြစ်တဲ့ LRL (Low Range Limit) မှာဆိုရင် 4mA သုံးပြီးတော့ 100% မှာဆိုရင် URL ( Upper Range Limit ) 20mA ကိုသုံးပါတယ်။ 4-20 mA တွေရဲ့ Signal ပို့ဆောင်က 18-gauge wire တစ်ခုကိုသုံးပြီးတော့ 1000 m အထိ noise အနည်းဆုံးအနေအထားကို ပို့ပေးနိုင်ပါတယ်။ Analog Signal တွေကို A/D convertor သုံးပြီးတော့ Digital Signal တွေထုတ်ပေးပါတယ်။ 16-bit Precision ရှိတဲ့ A/D convertor ထဲက 2 power 16 သို့မဟုတ် 65536 increments ကိုသုံးပြီးတော့ Analog Sensor ရဲ့ Range တန်ဖိုးကိုဖော်ပြပါတယ်။ အဲ့တော့ Granularity of Signal Value ကိုသိဖို့လိုအပ်လာပါတယ်။ တွက်ပြရရင် 0-1000 psi ရှိတဲ့ Pressure Sensor တစ်ခုဆိုရင် 1000 ကို 65536 နဲ့ စားလိုက်ရင် 0.015 psi ဆိုတဲ့ Granularity of Signal Value ကိုရလာပါတယ်။ 1000 psi ဆိုရင် 65536 ရှိတယ်ပေါ့။...