Skip to main content

4-20mA & 0-20mA Analog Input Sensor


    အခုတလောကတော့ Course တစ်ခုကနေပဲ စာတွေလေ့လာဖြစ်တယ်။ Delta နဲ့သုံးထားတဲ့ Analog အကြောင်းရောက်ပြီဆိုတော့ သူရေးထားတဲ့ Program တွေကိုပြန်ရေးပြီးတော့ လုပ်ကြည့်တာပေါ့။ အခုကတော့ Scaling လုပ်ထားတဲ့ Function Block ကိုဆောက်ထားတာ။ ဘယ်လိုအလုပ်လုပ်လည်းဆိုရင် တကယ့် အပြင်လောက က Actual Max နဲ့ Min Position နဲ့ PLC ထဲကိုရောက်လာမယ့် Max နဲ့ Min Decimal ကို Function Block ထဲမှာ ကြိုက်တဲ့ တန်ဖိုးကိုသွင်းပြီးတော့ Sensor ရဲ့ Decimal တန်ဖိုးကနေ လက်တွေ့ဘ၀ က Unit တွေဖြစ်တဲ့ Meter တို့ °C တို့ လိုမျိူးကို ပြန်ပြီး Scale လုပ်တဲ့သဘောပေါ့။အခုဟာကတော့ အဲ့ဒီ Course ကသင်ပြတဲ့ အကြောင်းအရာတစ်ခုကိုပြောချင်တာ။

    0-20 mA နဲ့ 4-20 mA ရဲ့ကွာခြားချက်က အဲ့ဒီ ၂ခုစလုံးရဲ့ Min Value ကမတူဘူး။ 0-20 mA မှာဆိုရင်  သုညက Min Value ပဲ။ 4-20mA မှာဆိုရင်တော့ 4mA က Min Value အနိမ့်ဆုံးပဲ။ 0-20 mA သုံးရင် Bit Resolution က 4-20mA ထက်စာရင် Gain Value က နည်းနည်းပိုစိပ်တော့ကောင်းတာပေါ့။ မကောင်းတာတစ်ခုကဘာလဲဆိုရင် အကယ်၍ 0-20mA သုံးပြီးတော့ အကယ်၍ ကြားထဲမှာError တတ်နေလို့ Troubleshoot လုပ်ခဲ့ရင်  Sensor က တစ်ခုခုဖြစ်ရင် Sensor ​ပျက်တာလား Object က Detect မဖြစ်တာလားဆိုတဲ့ ကိစ္စကရှိလာပြီ။ အဲ့လိုမျိုးကိစ္စတွေ မလိုချင်ဘူး Gain Value လည်းအရမ်းစိပ်နေစရာမလိုဘူးဆိုရင် 4-20mA ကိုသုံးတာ အကောင်းဆုံးပဲ။

    4-20mA မှာဆိုရင် Decimal Value အနိမ့်ဆုံး Zero က 4mA နဲ့ အမြင့်ဆုံးကတော့ 20mA ပဲ။ အကယ်၍ Sensor ပျက်သွားရင်တော့ အဲ့ဒီ 4mA က ပြမှာမဟုတ်တော့ပဲ 0mA ပဲပြမှာပါ။ အဲ့တာဆိုရင် Sensor ပျက်တာ သို့မဟုတ် Sensor Wiring ကတစ်ခုခုဖြစ်နေတာဆိုတာသိသာပါပြီ။

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...