အခုကတော့ မူရင်းစာအတိုင်းကို အကုန်ရေးသွားမှာမဟုတ်ပါဘူး။ လက်တွေ့မှာသုံးဖူး ကြားဖူးနေတဲ့ Terminology တွေကိုပဲ အဓိကထားပြီးတော့ ရေးသွားမှာပါ။ Range and Span Range နဲ့ Span ကို အမှတ်မဲ့အတူတူပဲလို့ထင်ကောင်းထင်မိပါတယ်။ တကယ်တော့ Range ဆိုတာက Transducer သို့မဟုတ် Sensor တစ်ခုရဲ့ အကွာအဝေး Input ရဲ့ လုပ်ဆောင်မှုအပေါ် ကွဲပြားတဲ့အကန့်အသတ်ကိုဖော်ပြတာပါ။ Span ဆိုတာတော့ Sensor မှာရှိတဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးတန်ဖိုး ၂ခုရဲ့ ကွာခြားချက်ကိုဖော်ပြတာပါ။ ဥပမာ Load Cell တစ်ခုမှာရှိတဲ့ Force ရဲ့ အတိုင်းအတာဟာ သူ့ရဲ့ Range က 0 ကနေ 50kN အထိရှိကောင်းရှိနိုင်ပြီးတော့ သူ့ရဲ့ Span က 50kN ရှိပါတယ်။ ( 50kN - 0kN = 50kN) ။ အလားတူ 4-20mA ဆိုလည်း Range က 4mA to 20mA အထိရှိပြီး သူ့ရဲ့ Span ဟာ 16mA ရှိပါတယ်။ (20mA - 4mA = 16mA) Error Error ကတော့ လက်တွေ့မှာတိုင်းလို့ရလာတဲ့ အတိုင်းအတာနဲ့ Transducer ကနေတိုင်းလို့ရလာတဲ့ ကွာခြားချက်ကိုပြောတာပါ။ Error = Measured Value - True Value Accuracy စနစ်တစ်ခုရဲ့ ညွှန်ပ...