Skip to main content

Posts

Showing posts with the label Network

RS485 Industrial Network

ကျွန်တော်​တို့​ Modbus​ဆိုတာနဲ့ PLC,HMI နဲ့VFD တို့မှာသုံးနေကြတာကိုတွေ့ဖူးကြမှာပါ။ ဒီလိုသုံးရတာကလည်း Data တွေကိုအလွယ်တကူချောမွေ့စွာနဲ့မျှဝေဖို့အတွက်သုံးရတာဖြစ်ပါတယ်။ Modbus​ ကိုသုံးရင် Physical Connection Layer  သုံးခုရှိပါတယ်။ အဲ့တာတွေ​ကတော့​ RS232,​ RS485​နဲ့​TCP IP တို့ဖြစ်ပါတယ်။ ဒီအထဲမှာမှ RS485​အကြောင်း​ကိုပြောပြပါမယ်။ RS485​ ကို​ POS, Industrial, Telecom, Computer, PLC, Microcontroller နဲ့​ Intelligence Sensor တွေမှာအသုံးပြုကြပါတယ်။ သူရဲ့ပုံစံကိုတစ်ခုချင်းစီကြည့်ရအောင်။ Multi Node Architecture =================== RS485 ဟာ​ Serial Protocol Communication အမျိုးအစားဖြစ်ပြီ Multi-Node​ Architect ဖြစ်ပါတယ်။ ဆိုလို​တာက​ ဥပမာအနေနဲ့ပြောရရင်​ Master Device တစ်ခုနဲ့​ Slave Device ငါးခုရှိတယ်ဆိုပါစို့။ သူတို့အချင်းချင်းချိတ်ဆက်ဖို့​ Modbus​ RTU ကိုသုံးလို့ရပါတယ်။ ချိတ်ဆက်မယ့် Network​ပုံစံကတော့ Daisy Chain နဲ့ချိတ်ဆက်ပါမယ်။ သူ့အကြောင်းကိုနောက်မှသက်သက်စီတင်ပေးပါမယ်။ Distance ======= RS485 ကို​ ပေ​ 4000 နဲ့​  Device ပေါင်း​32​ခုအထိသုံးနိုင်တယ်လို့ရေးကြပါတယ်။ တကယ့်လက်တွေ့မ...

CANOpen Network Topology

အရင်ဦးဆုံး CAN ဆိုတဲ့အဓိပ္ပာယ်ကတော့ Controller Area Network လို့အဓိပ္ပာယ်ရပါတယ်။ CANOpen ဟာ Industrial Automation မှာအသုံးများတဲ့ Protocol တစ်ခုဖြစ်ပါတယ်။ သူ့ကို PLC နဲ့ တခြား Controller တွေနဲ့အတူ Device ပေါင်းများစွာအတွက်လိုအပ်တဲ့ Data တွေကို မျှဝေဖို့အတွက်အသုံးပြုပါတယ်။      ဒီ CAN မှာဆိုရင် ထင်ရှားတဲ့ Configuration သုံးခုရှိပါတယ်။အဲ့တာကတော့ Ring, Star နဲ့ Bus Topology တွေပါပဲ။ CAN ရဲ့ Language ဟာ Morse Code လိုပဲ On and Off electrical pulse ကိုအသုံးပြုထားပါတယ်။ ဒီMessage တွေမှာDigital Low Voltage နဲ့ High Voltage အပြောင်းအလဲတွေပါဝင်ပါတယ်။ Binary Code 1s နဲ့ 0s ပုံစံလိုမျိုးပေါ့။ CAN မှာလည်း CAN A, CAN B, CAN C ဆိုပြီးတော့ရှိတယ်။ CAN A - Low Speed 10kbps. CAN B - Medium Speed 33 to 250kbps. CAN C - High Speed 250 kbps to 1 Mbps. အလွယ်ဆုံး တစ်ခုမှတ်ထားရမှာကတော့ "Data Transmission Speed မြန်လေ ဈေးကြီးလေ" ဆိုတာပါပဲ။      အခုကတော့ CANOpen အကြောင်းပဲ အဓိကထားရေးသွားပါမယ်။     ပထမအောက်မှာပြထားတဲ့ CANOpen architecture မှာ Wire သုံးခုပါတာတွေ...

OSI Layer

     OSI ကို IT, EC နဲ့ McE ကသူတွေနဲ့အရမ်းကြီးစိမ်းကားမယ့်အရာတော့မဟုတ်ပါဘူး။ OSI ဆိုတာဟာ Open Systems Interconnection Model ကိုဆိုလိုတာပါ။ OSI ဟာ Networking System ရဲ့ Functions တွေကိုဖော်ပြတယ်ဆိုလည်းမမှားပါဘူး။ OSI Model မှာ ကွန်ပြူတာစနစ်တစ်ခုအကြားမှာရှိတဲ့ဆက်သွယ်ရေးကိုကွဲပြားခြားနားတဲ့အလွှာ(Layer)ခုနစ်နဲ့ပိုင်းခြားထားပါတယ်။ အဲ့တာကတော့ - Physical Layer - Data Link Layer - Network Layer - Transport Layer - Session Layer - Presentation Layer - Application Layer    OSI Layer ကိုမှအပိုင်းကြီးနှစ်ပိုင်းထက်ပိုင်းသေးပါတယ်။ Physical ကနေ Network အထိကို Media Layer အဖြစ်သတ်မှတ်ထားပြီး Transport ကနေ Application အထိကို Host Layer အဖြစ်သတ်မှတ်ထားပါတယ်။    OSI Model ကိုဒီနေ့အထိ Networking Architecture အဖြစ်အသုံးပြုနေ‌ဆဲဖြစ်ပါတယ်။အခုဖော်ပြမယ့်အကြောင်းအရာများကိုအသေးစိတ်ရှင်းမပြတော့ပါဘူး။ Automation Field အမြင်ကနေပဲ အပေါ်ယံနား‌လည်ယုံလောက်သာရေးပြီးဖော်ပြသွားမှာပါ။ အကယ်၍ IT သို့မဟုတ် Networking အပိုင်းလေ့လာတဲ့သူဖြစ်ပါက အသေးစိတ်လေ့လာသင့်ပါတယ်လို့အကြံပေးချင်ပါ...

Managed Switch Vs Unmanaged Switch

    မည်သည့် Network တွေမှာမဆို Network Switch ဆိုတာလည်းအရေးပါတဲ့အရာတစ်ခုပါပဲ။ Network ပေါ်မှာရှိတဲ့ Communication အားလုံးဟာ Network Switch ကြောင့်သာဖြစ်ပေါ်လာတာပါ။ Network Switch တွေဟာ Port တစ်ခုကနေတစ်ခု အပြန်အလှန် Data တွေကိုပို့လိုက်ယူလိုက် လုပ်ဆောင်ကြပါတယ်။ အဲ့ဒီ Function တွေကြောင့် မည်သည့် Network မှာမဆို Network Switch တွေက Brain တစ်ခုအနေနဲ့အလုပ်လုပ်ကြပါတယ်။     မည်သည့် Network Switch မဆို Port အရေအတွက်နဲ့  အခြေခံပေါ်လိုက်ပြီး အမျိုးအစားပိုင်းခြားထားပါတယ်။ Industrial Application တွေများအသုံးများဆုံး Network Switch တွေကတော့ 24-Port နဲ့ 48-Port Network Switch တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ 24-Port နဲ့ 48-Port Network ရဲ့အဓိကကွာခြားချက်တွေကတော့- - 48-Port များသည် Power များပိုမိုလိုအပ်ပြီးတော့ သင့်လျော်တဲ့ Infrastructure တွေလည်းလိုအပ်ပါတယ်။ - တစ်ချို့ Module တွေက 48-Port မှာပဲရရှိနိုင်တာပါ။ - 24 နဲ့ 48 Port Network Switch ရဲ့ ကုန်ကျစရိတ်ကွာခြားချက်ကလည်းများပြားလှပါတယ်။ သူအတွက်အတိုချုံပြောရရင် သိသိသာသာကွာခြားတာဆိုလို့ Port အနည်းအများကွာခြားတ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...