PLC electrical wiring ထဲမှာ Contact Switching နဲ့ Wiring ရဲ့ သဘောတရားကိုနားလည်ထားခြင်းက Operation တွေမှာလုပ်မယ်ဆိုရင် အရေးကြီးပါတယ်။ အခြေခံအားဖြင့်တော့ Contact တွေမှာ အမျိုးအစား ၂ခုရှိပါတယ်။ 1. Dry Contact 2. Wet Contact ဆိုပြီးတော့ပါ။ အရေးကြီးတဲ့အချက်တစ်ခုကို မှတ်ထားရမှာကတော့ Contact တွေက Digital Input နဲ့ Output အတွက်ပဲသုံးပါတယ်။ Analog တွေက Variable ဖြစ်တဲ့အတွက်ကြောင့် Contact မှာသုံးလို့မရပါဘူး။ အခုကတော့ Dry Contact အကြောင်းကို အဓိကထားပြီးတော့ ရေးထားတာပါ။ What is Dry Contact? Dry Contact က Electrical Relay နဲ့အတူတူပါပဲ။ Relay ထဲမှာ Coil ပါတယ်, အဲ့ Coil ကို Power ပေးရင် Coil က Energize ဖြစ်ပြီးတော့ သက်ဆိုင်ရင် Output တွေကိုပေးပါတယ်။ Contact တွေက Relay Input ထဲမှာသုံးထားတဲ့ Potential ထက် မတူညီတဲ့ Potential တွေကိုလည်းပေးလို့ရသေးတယ်။ ဆိုလိုတာက Relay ကို AC Power Supply နဲ့ Energized ပေးထားရင်, Load ကို Drive လုပ်ဖို့အတွက် Contact Potential က AC လည်းသုံးလို့ရသလို, DC သို့မဟုတ် Potential Free လည်းသုံးလို့ရပါတယ်။ ဒါက...