Skip to main content

Open Tank DP Level Transmitter Calculations

    မည်သည့် Industry Process တွေမှာမဆို Level Measurement ဟာ Safety အတွက်ရော Process Purpose အတွက်ပါ အရမ်းကို အရေးပါပါတယ်။

    Level ကို တိုင်းတာဖို့အတွက် နည်းလမ်း ၂ခုရှိပါတယ်။

1. Direct Method 
2. Indirect Method

    ဒီမှာတော့ Level Measurement အတွက် DP Transmitter ကို Indirect Method နဲ့သုံးပြီးတော့ တွက်ပြထားပါတယ်။
    
     နောက်တစ်ခုက အခု Tank ဟာ Open ဖြစ်နေတဲ့အနေအထားကိုနဲ့ဆိုတာကိုလည်း မှတ်ထားရပါမယ်။ အကယ်၍ Tank က အပိတ် သို့မဟုတ် Pressure ပေးထားရင် Vessel Pressure ကိုလျော့ပေးဖို့အတွက် Differential Pressure တိုင်းတာမှုကိုလုပ်ပေးရပါမယ်။

DP Transmitter Level Measurement for Open Tank

     Open Tank တစ်ခုကို DP နဲ့ Level ကို တိုင်းမယ်ဆိုပါတော့။ DP ရဲ့ HIGH ဟာ Tank ရဲ့ အောက်ခြေမှာ ဆက်ထားမယ် ပြီးတော့ LOW ဟာ လေထုနဲ့ဖွင့်ပေးထားမယ်။ Process Fluid Specific Gravity (In the Tank) ကို 1.0 လို့ယူဆပါ။ Specific Gravity ဆိုတာ ရည်ညွှန်းပစ္စည်းတစ်ခုရဲ့ သိပ်သည်းဆနဲ့ ဆက်စပ်တဲ့ Density တိုင်းတာမှုကိုဆိုတာပါ။ ဒီနေရာမှာလည်း Process Fluid နေရာမှာ ရေလို့ ရည်ညွှန်းပစ္စည်းတစ်ခုအနေနဲ့ယူပါတယ်။

    Zero Level နဲ့ Span Level ရှာဖို့လိုအပ်ပါတယ်။ Configure လုပ်ဖို့အတွက် Lower Range Value (LRV) နဲ့ Upper Range Value (URV) ကို HART လို Hand Communicator နဲ့ရှာဖို့လိုပါတယ်။

DP Transmitter Installed At The Exact HP Tapping Point 


    ပထမပုံကပုံစံအတိုင်းဆိုရင်တော့ Zero Level မှာ 0 mmwc (milimeter water per column, 1 mmwc = 9.8*10-5 bar = 0.0014 PSI )  ဖြစ်ပြီးတော့ Span Level ကိုတွက်ကြည့်မယ်ဆိုရင်

Span Level = H x Specific Gravity
        
                    = 500 x 1.0

                    = 500 mmwc

Range = 500 - 0 = 500 mmwc

ဒါ့ကြောင့် Range ဟာ 500 mmwc ဖြစ်ပြီးတော့ LRV = 0 mmwc နဲ့ URV = 500 mmwc ဖြစ်ပါတယ်။ ဒီနေရာမှာ အတွေ့အကြုံရှိသူတွေရဲ့ မှတ်ချက်အရတော့ LRV နဲ့ URV က အရေးကြီးတယ်လို့ဆိုပါတယ်။ 

DP Transmitter Installed Below Tapping Point For Open Tank


    ဒုတိယပုံအတိုင်းဆိုရင် Zero Level ဟာ 

Zero Level (LRV) = H1 x Specific Gravity

                              = 100 x 1.0

                              = 100 mmwc

100% Level (HRV) = (H1+H2) x Specific Gravity

                                = (100+500) x 1.0

                                = 600 mmwc

    ဒီနေရာမှာ H1 ဟာ Tapping Point ရဲ့အောက်မှာတပ်ထားပါတယ်။ ဒါက်ို Suppression လို့ခေါ်ပါတယ်။

( နောက် လာမယ့် Post မှာလည်း Closed Tank နဲ့သုံးပြီးတော့ Elevation နဲ့ Suppression အကြောင်းကို သက်သက်ပြန်ရေးပေးပါမယ်။ )

Range = URV - LRV = 600 - 100 = 500 mmwc

ဒါကြောင့် Range ဟာ 500 mmwc ဖြစ်ပြီးတော့ LRV က 100 mmwc နဲ့ URV က 500 mmwc တို့ဖြစ်ပါတယ်။

Reference : Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...