ဒီ Logic ကိုမြင်ဖူးကြားဖူးတွေ့ဖူးနေကြမှာပါ။ သိလည်းသိကြမှာပါ။ PLC ထဲက Program တိုင်းနီးပါးမှာလည်းပါပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရေးရလွယ်ကူတဲ့အရာဖြစ်ပေမယ့် အရေးကြီးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ လွယ်လွယ်နဲ့ချုံပြောရရင် ဒီ Logic ကိုဘာကြောင့်အသုံးပြုကြသလဲဆိုတော့ Priority(ဦးစားပေး) အလုပ်တစ်ခုကို အန္တရာယ်ကင်းကင်း ပစ္စည်းတွေထိခိုက်ပစ္စည်းမှုမရှိအောင်အသုံးပြုတဲ့ Logic တစ်ခုဖြစ်ပါတယ်။ ဥပမာနှစ်ခုပေးပါမယ်။ ပထမတစ်ခုက Motor ကို Forward နဲ့ Reverse လည်တဲ့ကိစ္စပါ။ ဒါကတော့ မြင်ဖူးသင်ဖူးနေကြဥပမာပါ။ Forward ဖြစ်နေတဲ့အချိန် Backward မဖြစ်အောင် Interlock နဲ့သုံးထားတာကိုပုံမှာမြင်ရလိမ့်ပါမယ်။အလားတူပဲ Backward ဖြစ်နေ တဲ့အချိန် Forward မဖြစ်အောင် Interlock နဲ့ခံထားပါတယ်။ ဒုတိယဥပမာတစ်ခုကတော့ စက်တစ်ခုရှိတယ်ဆိုပါတော့။ အဲ့စက်တစ်ခုက အလုပ် ၅ခုလုပ်တယ်ယူဆကြည့်ရအောင်။ ပထမ Process အလုပ်လုပ်ချိန် ကျန် Process တွေ အလုပ်မလုပ်နိုင်အောင် Interlock နဲ့ခံထားမယ်။ ဒုတိယ Process အလုပ်လုပ်ချိန်လည်း အလားတူ တခြား Process တွေအလုပ်မလုပ်နိုင်အောင် Interlock နဲ့ခံထားမယ်ပေါ့။ ဒါဆိုရင် စက်ပစ္စည်းထိခိုက်မှုမရှိအောင်ရေးထားတဲ့ပုံစံ...