Skip to main content

Posts

Showing posts with the label Signal

Why 4-20mA Current Signal is used instead of Voltage Signal?

    Electrical Signal တွေကို Transmit လုပ်ဖို့က နည်းလမ်း ၂ခုရှိတယ်။ Current Signal နဲ့ Voltge Signal ပေါ့။       Voltage Signal ကို Long Distance အကွာအဝေးတော်တော်များတဲ့နေရာတွေမှာသုံးမယ်ဆိုရင် Transmit လုပ်ရတာ အဆင်မပြေဘူး။ ဘာလို့လည်းဆိုရင် Voltage  Drop တွေဖြစ်လာလိမ့်မယ်။ Voltage Drop ဖြစ်ရင်တော့ Signal တန်ဖိုးတွေက တိတိကျကျရလာမှာမဟုတ်ပါဘူး။ ဒါကြောင့်မလို့ ယေဘုယျအားဖြင့်တော့ Voltage Signal တွေကို သိပ်သုံးလေ့မရှိပါဘူး။     တစ်ဖက်မှာတော့ Current Signal ဟာ Voltage Drop လို ကိစ္စတွေမရှိပါဘူး။ Current Signal ရဲ့ တိုင်းတာပြီးရလာတဲ့တန်ဖိုးတွေက Voltage Signal ထက်ပိုပြီးကောင်းသလို အကွာအဝေးအားဖြင့်လည်း Voltage Signal ထက်ပိုပြီးတော့ သာပါတယ်။ Current Signal ဟာ Error နဲ့ တခြား အနှောက်အယှက်တွေမပါပဲနဲ့ မီတာ 1000 အထိ Transmit လုပ်ပေးပါတယ်။ နောက် Current Signal ဟာ Low Power ဖြစ်သလို အန္တရာယ်များတဲ့ လုပ်ငန်းတွေမှာလည်းသုံးရတာ အဆင်ပြေပြီး စိတ်ချရပါတယ်။ ဒါကြောင့် SIS Design တွေလုပ်ရတော့မယ်ဆိုရင် ဒီအချက်တွေပါထည့်စဥ်းစားသင့်ပါတယ်။ Current Signal သုံး Tra...

Noise

    တစ်ခါတစ်လေ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်းနဲ့အမြဲတမ်းမဆူမညံပဲနေနိုင်မိရင်သိပ်ကောင်းမယ်လို့ လူတိုင်းတွေးမိမှာပါပဲ။ အဲ့လိုဖြစ်ဖို့ကလည်းအမြဲတမ်းအတွက်ဆိုရင် မဖြစ်နိုင်ဘူး။ မနက်ခင်းအိပ်နေတဲ့အချိန်ကြီး လမ်းထိပ်က ဓမ္မာရုံကဖွင့်တဲ့ လော်စပီကာကြောင့် လန့်နိုးရတာမျိုး, ဒါမဟုတ်လည်း ဘေးအိမ်ကလင်မယားရန်ဖြစ်လို့ စိတ်အနှောက်အယှက်ဖြစ်ရတာမျိုး ဒါမှမဟုတ်လည်း ရာသီဥတုကမကောင်းတာမျိုး ဆိုတဲ့ အနှောက်အယှက်အမျိုးမျိုးတွေ ကတစ်မျိုးမဟုတ်တစ်မျိုး ဘဝမှာခံစားနေရမှာပဲ။     ထားပါ။ ဒါကတော့ လောကမှာ တကယ်ဖြစ်ပျက်နေတဲ့ အနှောက်အယှက် Noise တွေကိုမြင်သာအောင်ပြောပြတာ။  အဲ့တော့ Noise ဆိုတာက တိုက်ရိုက်အဓိပ္ပာယ်ဘာသာပြန်ရမယ်ဆိုရင် "ဆူညံမှု" ဆိုတဲ့ အဓိပ္ပာယ်လို့သဘောရတယ်။ အဲ့တော့ အဲ့ဒီ Noise ဟာ လူမှုဘ၀ကြီးထဲမှာရှိနေရုံမကပဲ Signal တွေမှာလည်း Noise ဆိုတာရှိနေတတ်တယ်။     ဘယ် Electrical Signal မဆို Transmit နဲ့ Recieve လုပ်မယ်ဆိုရင် Singal က Pure အနေအထားမျိုးက အမြဲတမ်းဖြစ်မနေတတ်ဘူး။ ခုနက​အပေါ်ကပြောသွားတဲ့ ဥပမာနဲ့ သဘောတရားက အတူတူပါပဲ။ အဲ့တော့ Distrubance လို့ခေါ...