ဒီနေ့ onlineမှာစာရေးထားတာဖတ်ကြည့်တာ သူရဲ့ Topic အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကရှုပ်ထွေးနေလို့ Article နှစ်ခုကိုရောပြီးတော့ နားလည်လွယ်အောင်ရေးပြသွားပါမယ်။ Accuracy Accuracy ဆိုတာ Instrument ရဲ့ တိုင်းတာမှု ဘယ်လောက်မှန်ကန်လည်းပြောရမယ်။ ဘာကိုဆိုလိုလည်းဆိုရင် တကယ့်လက်တွေ့အတိုင်းအတာနဲ့ Signal ရဲ့ သတ်မှတ်ထားတဲ့ ရလဒ်အတိုင်းအတာနဲ့ ဘယ်လောက်နီးစပ်မှုရှိလည်းဆိုတာဆိုလိုတာပါ။ Resolution Resolution ဆိုတာက Instrument ရဲ့ အသေးဆုံး increment တစ်ခုဖြစ်ပြီတော့ သူ့ကို detect လုပ်နိုင်ပြီး Displayလုပ်နိုင်ပါတယ်။ ဥပမာ Rotary Encoder တစ်ခုမှာ 100 Pulse Per Revolution (PPR) ဆိုရင် 360 Degree တိုင်းမှာ 100 Pulse ရှိတယ်လို့ပြောတာပါ။ အဲ့ကနေပဲ 1 step မှာ ဘယ်လောက် Degree ရှိလည်း တွက်ယူတာပါ။ Range Range ကတော့ Instrument ရဲ့ Upper နဲ့ Lower Limit တွေကို တန်ဖိုး သို့မဟုတ် Signal ကဲ့သို့ Amps, Volts နဲ့ Ohms တွေနဲ့ တိုင်းတာနိုင်ပါတယ်။ Precision Precision ကတော့ Instrument ရဲ့...