Skip to main content

Thermocouple Extension & Compensating Cable

    ဒီပစ္စည်းတွေကို ကျွန်တော်အနေနဲ့ တစ်ခါမှလည်းမသုံးဖူးပါဘူး။ သို့သော်လည်း လေ့လာနေသူတစ်ယောက်ဖြစ်တာနဲ့အညီ စိတ်ဝင်စားတာနဲ့ ဘာသာပြန်ရေးတင်လိုက်ပါတယ်။

    ကျွန်တော်တို့ဟာ Theromocouple Extension Cable နဲ့ Theromocouple Compensating Cable ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ သိူ့သော်လည်း အဲ့ဒီကြိုးနှစ်ခုဟူ တူနေတတ်တာကြောင့် ရှုပ်ထွေးတတ်ပါတယ်။ ဒီကြိုး နှစ်ခုကွာခြားချက်ကိုပဲရေးသွားပါမယ်။

Temperature Transmitter with Integrated Sensor


    Temperature Sensor ဟာ Temperature Transmitter နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ သူ့အတွက် Extension တို့ Compensating Cable တို့ဟာမလိုအပ်တော့ပါဘူး။ Theromocouple က Primary Temperature Sensing Element တစ်ခုပါ။ Thermocouple ဟာ သူ့ရဲ့ရရှိတဲ့ အတိုင်းအတာတွေကို milivolt နဲ့ပြန်ပြပါတယ်။ အဲ့ဒီ milivolt ကို Temperature Transmitter နဲ့ milivolt ကနေ 4-20 mA အဖြစ်ပြောင်းလဲပြီးတော့ ရလာတဲ့ Output 4-20 mA ကို Control System (PLC/DCS/ESD) တွေဆီကို ချိတ်ဆက်ပေးပါတယ်။

    Thermocouple နဲ့ Transmitter တွေရဲ့ Installation တွေဟာ တစ်နေရာနဲ့တစ်နေရာ တူညီချင်မှလည်းတူညီမှာပါ။မတူညီချင်လည်း မတူညီပါဘူး။ ဒါကြောင့် Thermocouple နဲ့ Temperature Transmitter ကို ချိတ်ဆက်ဖို့အတွက် Cable တစ်ခုတော့ လိုအပ်ပါတယ်။

    Thermocouple ရဲ့ Basic Law ( i.e Seebeck Effect )
Seebeck Effect ဟာ ဘာကိုပြောချင်သလဲဆိုရင် အကယ်၍ မတူညီတဲ့ အရာနှစ်ခုဟာ သူတို့ရဲ့ End-Point နှစ်ခုကိုဆက်လိုက်တဲ့အခါမှာ Junction နှစ်ခုကိုဖြစ်ပေါ်လာစေပါတယ်။ နောက်ပြီး အကယ်၍ အဲ့ဒီ Junction နှစ်ခုဟာ မတူညီတဲ့ Temperature တွေကို ထိန်းထားပေးမယ်ဆိုရင် Current ဟာ Hot Junction ကနေ Cold Junction ဆီကို ဖြတ်သန်းစီးဆင်းလိမ့်မယ်။

    Potential Difference ဟာ Milivolt ကိုထုတ်ပေးတယ်။ အဲ့ဒီ Milivoly ဟာ Hot Junction နဲ့ Cold Junction ထဲက Temperature Difference ဖြစ်တယ်။ အဲ့တာကလည်း တိုင်းတာဖို့အတွက် Temperature ဖြစ်ပါတယ်။

    အထက်မှာရှင်းပြတဲ့အတိုင်း External Cable ဟာ Thermocouple နဲ့ Temperature Transmitter ကို ချိတ်ဆက်ဖို့အတွက် သုံးပါတယ်။အဲ့ဒီ External Cable ကို Copper သော်လည်းကောင်း Thermocouple အတွက် သင့်လျော်မယ့် Material တစ်ခုခုနဲ့ပြုလုပ်တတ်ပါတယ်။

    အကယ်၍ ကျွန်တော်တို့ဟာ External Cable ကို Copper နဲ့ပြုလုပ်တာသုံးမယ်ဆိုရင် နှစ်ခုထက်ပိုတဲ့ Junction ဖြစ်ပေါ်လာလိမ့်မယ်။ ဘာလို့လဲဆိုရင် Thermocouple Material ဟာ Cable နဲ့ပုံမှာပြထားတဲ့ အတိုင်း ကွဲပြားခြားနားနေလို့ပါ။ အဲ့တာဟာ Signal ထုတ်ပေးနေတဲ့ Milivolt တွေကို သွားပြီး ထိခိုက်စေနိုင်သလို Temperature Measurement တွေဟာ မှားယွင်းတဲ့ရလဒ်တွေကိုရရှိစေနိုင်ပါတယ်။

    ဒါကြောင့် ကျွန်တော်တို့ဟာ Thermocouple Extension Cable သို့မဟုတ် Thermocouple Compensating Cable တွေက Measurement Error တွေကို ရှောင်ရှားဖို့ လိုအပ်လာပါတယ်။

Thermocouple Extension Cable

    Thermocouple Extension Cable ဆိုတာက Thermocouple နဲ့ အကွာအဝေး တစ်ခုမှာရှိနေတဲ့ Temperature Transmitter ကို ချိတ်ဆက်ဖို့အတွက်သုံးတဲ့ Cable ပါ။

    အဲ့ဒီ Thermocouple Extension Cable ဟာ Main Thermocouple Lead နဲ့ တူတဲ့ Material နဲ့ပြုလုပ်ထားပါတယ်။

    Thermocouple ရဲ့ K-Tyoe အတွက် Thermocouple Extension Cable ဟာ K-Type Thermocouple ရဲ့ Construction အတွက် တူညီတဲ့ Material တွေဖြစ်တဲ့ Chromel နဲ့ Alumel တို့နဲ့ပြုလုပ်ထားပါတယ်။

Thermocouple Compensating Cable

    Thermocouple Compensating Cable လည်းပဲ Thermocouple နဲ့ Temperature Transmitter ကိုချိတ်ဆက်ဖို့အတွက်သုံးပါတယ်။ Thermocouple Compensating အတွက်ဆိုရင် အသုံးပြုမယ့် Cable ဟာ သူရဲ့ Thermocouple Material ရဲ့ တူညီတဲ့ Electrical Properties တွေရှိပါတယ်။

    အဲ့ဒီအချက်တွေကြောင့် Temperature နဲ့ သူရဲ့ Thermocouple Compensating Cable အတွက် Voltage Output ဟာ Limited Range မှာရောတူညီပါတယ်။

    Thermocouple Cable တွေဟာ B-Type,  R-Type, S-Type ဖြစ်တဲ့ Thermocouple မှာရှိတဲ့ Material တွေကို Precious Materials ဖြစ်တဲ့ Platinum နဲ့ Rhodium နဲ့ပြုလုပ်ထားပါတယ်။

    B-Type, R-Type နဲ့ S-Type Thermocouple အတွက်ဆိုရင်, Extension Cable ရဲ့ တန်ဖိုးဟာ စျေးကြီးပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဟာ Budget အကန့်အသတ်ရှိရင် Thermocouple Compensating Cable ကိုအသုံးပြုကြပါတယ်။

Reference : Instrumentationtools
    

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...