ဒီနေ့လည်း Youtube ကနေ အတိုအထွာလေးတွေရှာရင်းနဲ့ Simulation Software တစ်ခုသုံးပြီ Motor Control Basic လေး လုပ်ပြသွားတယ်။ Automation Studio ကို နဂိုကတည်းက သိပါတယ်။ လိုင်းမကောင်းလို့သာ Download မလုပ်ဖြစ်တာ။ ဒီနေ့လိုင်းကောင်းတော့ Download လုပ်ပြီးကလိလိုက်တယ်။ သူပြထားတဲ့ Tutorial က နားလည်လွယ်အောင်ပြတာပါပဲ။ ဒါပေမယ့် သူထဲမှာဘာတွေမပါဘူးလဲဆိုရင် 3 Phase Motor ကို Forward နဲ့ Reverse လုပ်ထားတာမပါဘူး။ နောက် Overload လည်းမခံထားဘူးပေါ့။ ပထမတော့သူ့အတိုင်းနာလည်အောင်ပြန်လုပ်ကြည့်တယ်။ အိုကေသွားပြီဆိုတဲ့အချိန်ရောက်လာတော့ PLC Ladder Diagram သုံးနည်းကို ကြည့်ရင်လုပ်ကြည့်လိုက်တယ်,နောက် Overload ခံတယ်, Coil ကို ထပ်ပြီးတော့ Extend လုပ်လိုက်တယ်, နောက်ဆုံးတော့လိုချင်တဲ့ Output ရသွားတယ်။ တကယ်တော့ သေချာစဥ်းစားရင် 3 Phase Motor ကို Wiring လုပ်ဖို့အတွက်ရော Safety အတွက်ရော ဘယ်မှာသုံးမလဲ Concept ပါသေချာစဥ်းစားရလိမ့်မယ်။ Motor ကို VFD သုံးတာတို့ Soft-Starter ဘာညာကအစ Motor Control System ...