ယနေ့ခေတ် စက်ရုံလုပ်ငန်းမှာ အသုံးအများဆုံး, အသုံးအဝင်ဆုံးနဲ့ Pressure ဖိအားကိုတိုင်းတဲ့အရာတစ်ခုကတော့ Differential Pressure Transmitter ဖြစ်ပါတယ်။ သူ့ကို အတိုအကောက်အနေနဲ့ DP Transmitter လို့လည်းခေါ်ပါတယ်။ ဒီ DP ဟာ Port နှစ်ခုကြားမှာရှိတဲ့ Pressure ရဲ့ ကွာဟချက်ခြားနားချက်ကိုတိုင်းတာပေးတာပါ။ သူ့ရဲ့ Output Signal ကလည်း Pressure ရဲ့ ချိန်ညှိထားတဲ့ အကွာအဝေးကိုဖော်ပြပေးပါတယ်။
DP Construction & Behaviour
DP ကို ခိုင်မာတဲ့ (Forged Metal) ကိုယ်ထည်နဲ့ဖွဲ့စည်းထားတဲ့နေရာမှာ အာရုံခံကိရိယာပါပြီးတော့ သူရဲ့ ထိပ်ပိုင်းမှာ Mechanical သို့မဟုတ် Electronic အပိုင်းတွေထားပေးတဲ့ အကန့်တစ်ခုလည်းပါဝင်ပါတယ်။
အဲ့ဒီထိပ်ပိုင်းမှာပါတဲ့ Electronic Components တွေက Physical to Electrical Signal ပြောင်းပေးတဲ့အရာ ( အာရုံ Pressure ကနေ Instrumentation Standard Signal ) ကိုပြောင်းပေးပါတယ်။ ( 3-15 psi, 4-20mA, digital fieldbus codes )
Model နဲ့ Manufacture ကတော့ အမျိုးမျိုးရှိပါတယ်။ မည်သို့ပင် Model အမျိုးမျိုးနဲ့ရှိစေကာမူ Differential Pressure Transmitter တိုင်းမှာ (DP, dp or (triangle) P ) ဟာ fluid process ရဲ့ ခြားနားချက် Pressure ကို အာရုံခံပေးမယ့် Pressure Port ၂ခုကတော့ အမြဲပါပါတယ်။
အဲ့ဒီ Port မှာ လုပ်ငန်းစဥ် (Process) နဲ့ ချိတ်ဆက်ဖို့အတွက် အဆင်ပြေအောင် 1/4 လက်မလောက်ရှိတဲ့ Female NPT Thread တွေပါပါတယ်။
Port တွေရဲ့ တစ်ဖက်တစ်ချက်စီမှာ HIGH နဲ့ LOW ဆိုပြီးစာတွေပါပါတယ်။ ဒီနေရာမှာ မှတ်ရမှာက HIGH ဘက်အခြမ်းမှာ အမြဲတမ်း Pressure ကြီးကြီးရှိနေရမယ်လို့မဆိုလိုပါဘူး။ အဲ့ဒီစာတွေက ဘာကိုဆိုလိုတာလဲဆိုရင် Increasing ဖြစ်တဲ့ မည်သည့် Fluid Pressure မဆို အဲ့ဒီ Port တွေမှာသက်ရောက်မယ် ဆိုရင် အထွက်အချက်ပြလှိုင်းရဲ့ ဦးတည်ချက်အပေါ်သက်ရောက်မှုရှိပါလိမ့်မယ်။
ခေတ်သစ် Modern DP Transmitter တွေမှာ Sensing Element အာရုံခံကိရိယာကို Diaphragm နဲ့အသုံးများပါတယ်။ Diaphragm ရဲ့တစ်ဖက်မှာ High Port ကနေ Process Fluid Pressure ကိုရပြီး နောက်တစ်ဖက်မှာ Low Port ကနေ Process Fluid Pressure ကိုရပါတယ်။
မည်သည့် Port ဘက်ကနေ Pressure ပဲပေးပေး ဘက်နှစ်ဖက်မှာရှိတဲ့အခြမ်းမှာ တစ်ဖက်ဖက်ကနေ ကြီးမားတဲ့ Pressure တစ်ခုခုသောက်ရောက်ရင်တော့ Diaphragm ဟာ Flex ဖြစ်သွားပါမယ်။ အဲ့ဒီ Flexing ဖြစ်တာက နည်းပညာနဲ့ Modelပေါ် မူတည်ပြီး Output Signal ကို Transmitter ကနေထုတ်ပေးပါတယ်။
Reference: Instrumentationtools
Comments
Post a Comment