Recipe တကယ်တမ်းတော့ဒီစာကိုရေးဖြစ်တာက အခုတလော ပြန်လေ့လာနေတဲ့အရာမလို့ပြန်ပြီတော့ရေးလိုက်ရတာပါ။ အသေးစိတ်ကို Detail ကျကျရေးပြမှာမဟုတ်ပဲ ဘယ်နေရာမှာ ဘယ်လိုမျိုးသုံးလဲ ဘယ်လိုပုံစံရှိသလဲ ဆိုတာပဲပြောပြပါမယ်။ Recipe ဆိုတာ Variable သို့မဟုတ် Character တွေပါတဲ့ Data အစုအဝေးတစ်ခုပါပဲ။ အဲ့ဒီ Data တွေမှာ သတ်မှတ်ထားတဲ့ တန်ဖိုးတွေနဲ့ပဲ Data အချိုးအစားတွေနဲ့ Transfer လုပ်ယူလို့ရသလို ဘယ် process မှာ ဘယ် Variable တွေနဲ့အသုံးချလို့ရတဲ့ Data လည်းဖြစ်ပါတယ်။ Example ဥပမာ အနေနဲ့ပြောရရင်, အရောင်ကာလာဆေးစပ်တဲ့ ကိစ္စနဲ့ပြောပြရင် ပိုရှင်းမယ်လို့ထင်ပါတယ်။ အရောင်တွေအားလုံးဟာ အခြေခံအရောင် သုံးရောင်ဖြစ်တဲ့ RGB (Red,Green,Blue) ရဲ့ ဆေးစပ်မှုအချိုးစားကနေပြီး အရောင်ပေါင်းစုံထုတ်လို့ရပါတယ်။ Red ဆိုရင် (225,0,0), Green ဆိုရင် (0,225,0) နဲ့ Blue ဆိုရင် (0,0,225)ပေါ့။ အဲ့တာကို အခုလိုTable လုပ်ဖို့ Recipe မှာခေါ်ပြီးအသုံးပြုရပါတယ်။ 1 Red | 225 | 0 | 0 2...