ဒီ Post မှာကတော့ တချို့ စက်ရုံတွေမှာသုံးနေတဲ့ Electric Motor Pump Conveyor တွေကို VFD နဲ့ Control လုပ်ရတာ ဘာကြောင့်လည်းဆိုတဲ့သဘောတရားကို ရေးထားတာပါ။ ကျွန်တော်တို့ဟာ Speed နဲ့ Torque ကို Control လုပ်ဖို့အတွက် DRIVE လို့ခေါ်တဲ့ ပစ္စည်းကိုသုံးတယ်။ AC Drive ဟာ AC Motor ကို Control လုပ်တာပါ။ သူ့ကို Variable Frequency Drive သို့မဟုတ် Variable Speed Drive သို့မဟုတ် Adjustable Speed Drive သို့မဟုတ် Inverter Drive လို့လည်းခေါ်ပါတယ်။ DC Drive ဟာ DC Motor ကို Control လုပ်တာပါ။ DC motor ဟာ Armature Voltage နဲ့ တိုက်ရိုက်အချိုးကျသလို Motor Flux နဲ့ ပြောင်းပြန်အချိုးကျပါတယ်။ အရင်ဦးဆုံး ဒီအကြောင်းတွေကို မစခင်မှာ VFD အကြောင်းကို အရင်ကြည့်ရအောင်။ VFD ( Variable Frequency Drive ) ဆိုတာဟာ Electric Motor တွေကို Control လုပ်ပေးတဲ့ Controller Type တစ်ခုပါ။ Motor ရဲ့ Speed ကို Control လုပ်ဖို့အတွက် VFD ဟာ Frequency နဲ့ Voltage အတိုးအလျော့တွေကို Varying လုပ်ပေးပါတယ်။ ဒါကြောင့်မလို့ Frequen...