Skip to main content

Posts

Showing posts with the label Communication

Daisy Chain Connection with RS485

Modbus Network တစ်ခုဟာ Master Device တစ်ခုက​နေ​ တခြားများစွာသော် Salve Device တွေက​ Shared RS-485 အတွက်ချိတ်ဆက်ထားကြပါတယ်။  အဲ့ဒီ​ Physical​ ​Topology ကို​ Daisy Chain လို့လည်းခေါ်သလို A bus သို့မဟုတ် Trunk လို့လည်းခေါ်ပါတယ်။ ပထမပုံကိုကြည့်မယ်ဆိုရင်​ Modbus​ RTU Bus ဟာ​ Device တွေအကုန်လုံးကို Series နဲ့ချိတ်ဆက်ထားပါတယ်။ Continuous Chain​ပုံစံလိုမျိုးချိတ်ဆက်ထားတာပါ။ Trunk အစွန်းဖက်တစ်ဖက်တစ်ချက်ဆီ (Master Device နဲ့​ နောက်ဆုံး​ Slave Device) မှာတော့ Termination Resistor (120 or 150 Ohm) နဲ့ချိတ်ထားပါတယ်။ ဒီမှာမေးစရာရှိတာက ဘာဖြစ်လို့​ Termination Resistor သုံးရလဲဆိုတာ​မေးစရာဖြစ်လာပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့​ Termination Resistor ဟာ​ Signal Reflection ကို​ကာကွယ်ဖို့အတွက်နဲ့ တိကျတဲ့ Communication ကိုလိုချင်တဲ့အတွက်အသုံးပြုရခြင်းဖြစ်ပါတယ်။ ဒုတိယပုံမှာ​ Star Topology မှာဆိုရင်​ Device တစ်ခုချင်းစီဟာသူတို့ရဲ့ကိုယ်ပိုင် Cable နဲ့​ Master Device ဆီကိုချိတ်ဆက်ထားပါတယ်။ အဲ့ဒီအရာကပဲ​ Signal Reflection နဲ့​  Communication Error ကိုဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်​သူများရဲ့အကြံပြုချ...

CANOpen Network Topology

အရင်ဦးဆုံး CAN ဆိုတဲ့အဓိပ္ပာယ်ကတော့ Controller Area Network လို့အဓိပ္ပာယ်ရပါတယ်။ CANOpen ဟာ Industrial Automation မှာအသုံးများတဲ့ Protocol တစ်ခုဖြစ်ပါတယ်။ သူ့ကို PLC နဲ့ တခြား Controller တွေနဲ့အတူ Device ပေါင်းများစွာအတွက်လိုအပ်တဲ့ Data တွေကို မျှဝေဖို့အတွက်အသုံးပြုပါတယ်။      ဒီ CAN မှာဆိုရင် ထင်ရှားတဲ့ Configuration သုံးခုရှိပါတယ်။အဲ့တာကတော့ Ring, Star နဲ့ Bus Topology တွေပါပဲ။ CAN ရဲ့ Language ဟာ Morse Code လိုပဲ On and Off electrical pulse ကိုအသုံးပြုထားပါတယ်။ ဒီMessage တွေမှာDigital Low Voltage နဲ့ High Voltage အပြောင်းအလဲတွေပါဝင်ပါတယ်။ Binary Code 1s နဲ့ 0s ပုံစံလိုမျိုးပေါ့။ CAN မှာလည်း CAN A, CAN B, CAN C ဆိုပြီးတော့ရှိတယ်။ CAN A - Low Speed 10kbps. CAN B - Medium Speed 33 to 250kbps. CAN C - High Speed 250 kbps to 1 Mbps. အလွယ်ဆုံး တစ်ခုမှတ်ထားရမှာကတော့ "Data Transmission Speed မြန်လေ ဈေးကြီးလေ" ဆိုတာပါပဲ။      အခုကတော့ CANOpen အကြောင်းပဲ အဓိကထားရေးသွားပါမယ်။     ပထမအောက်မှာပြထားတဲ့ CANOpen architecture မှာ Wire သုံးခုပါတာတွေ...

OSI Layer

     OSI ကို IT, EC နဲ့ McE ကသူတွေနဲ့အရမ်းကြီးစိမ်းကားမယ့်အရာတော့မဟုတ်ပါဘူး။ OSI ဆိုတာဟာ Open Systems Interconnection Model ကိုဆိုလိုတာပါ။ OSI ဟာ Networking System ရဲ့ Functions တွေကိုဖော်ပြတယ်ဆိုလည်းမမှားပါဘူး။ OSI Model မှာ ကွန်ပြူတာစနစ်တစ်ခုအကြားမှာရှိတဲ့ဆက်သွယ်ရေးကိုကွဲပြားခြားနားတဲ့အလွှာ(Layer)ခုနစ်နဲ့ပိုင်းခြားထားပါတယ်။ အဲ့တာကတော့ - Physical Layer - Data Link Layer - Network Layer - Transport Layer - Session Layer - Presentation Layer - Application Layer    OSI Layer ကိုမှအပိုင်းကြီးနှစ်ပိုင်းထက်ပိုင်းသေးပါတယ်။ Physical ကနေ Network အထိကို Media Layer အဖြစ်သတ်မှတ်ထားပြီး Transport ကနေ Application အထိကို Host Layer အဖြစ်သတ်မှတ်ထားပါတယ်။    OSI Model ကိုဒီနေ့အထိ Networking Architecture အဖြစ်အသုံးပြုနေ‌ဆဲဖြစ်ပါတယ်။အခုဖော်ပြမယ့်အကြောင်းအရာများကိုအသေးစိတ်ရှင်းမပြတော့ပါဘူး။ Automation Field အမြင်ကနေပဲ အပေါ်ယံနား‌လည်ယုံလောက်သာရေးပြီးဖော်ပြသွားမှာပါ။ အကယ်၍ IT သို့မဟုတ် Networking အပိုင်းလေ့လာတဲ့သူဖြစ်ပါက အသေးစိတ်လေ့လာသင့်ပါတယ်လို့အကြံပေးချင်ပါ...

Description of RS-485

    RS-485 ဟာ Industrial တွေမှာအသုံးများတဲ့ Communication တစ်ခုဖြစ်ပါတယ်။ RS-485 ကိုနောက်တစ်နည်း EIA/TIA-485 လို့လည်းခေါ်ဝေါ်သေးပါတယ်။ USB နဲ့ Ethernet တို့ထက်စာရင် RS-485 ဟာ Industrial တွေ‌မှာအသုံးများပါတယ်။ အကြောင်းမှာတော့ RS-485 ဟာ သိပ် Complex မဖြစ်သလိုဈေးလဲသိပ်မကြီးတဲ့အတွက်ကြောင့်ပါ။ သို့သော်လည်း Low Speed Data Communication လုပ်ငန်းစဉ်တွေမှာပဲသုံးလို့အဆင်ပြေမှာပါ။     RS-485 Connection ကို အများအားဖြင့် Two Wires သို့မဟုတ် Three Wires နဲ့လည်းသုံးကြ‌ပါသေးတယ်။ RS-485 မှာ Contact သုံးခုရှိပါတယ်။ အဲ့တာကတော့ Data A , Data B နဲ့ GND လို့ခေါ်ပြီး နောက်တစ်နည်းအခေါ်အဝေါ်ကတော့ Data Wire, Inverted Data Wire နဲ့ Zero Wire သို့မဟုတ် Ground ဆိုပြီးတော့လည်းခေါ်ကြပါသေးတယ်။     သူရဲ့အဓိက Design ကတော့ ရိုးရှင်းပါတယ်။ Data Signal တွေကို Wire ကြိုးနှစ်ခုကနေ ဖြတ်သန်းစေပြီးတော့ Signal တွေကို အပြန်အလှန်ပို့ဆောင်ပေးပါတယ်။ RS-485 သည် Data ပို့တဲ့အခါ Data တွေကိုအချင်းချင်း Collided ဖြစ်မိတာမျိုးကိုရှောင်ရှားပေးနိုင်ပါတယ်။ဥပမာ ကြိုးတစ်ကြိုးထဲကနေ Signal ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...