Modbus Network တစ်ခုဟာ Master Device တစ်ခုကနေ တခြားများစွာသော် Salve Device တွေက Shared RS-485 အတွက်ချိတ်ဆက်ထားကြပါတယ်။ အဲ့ဒီ Physical Topology ကို Daisy Chain လို့လည်းခေါ်သလို A bus သို့မဟုတ် Trunk လို့လည်းခေါ်ပါတယ်။ ပထမပုံကိုကြည့်မယ်ဆိုရင် Modbus RTU Bus ဟာ Device တွေအကုန်လုံးကို Series နဲ့ချိတ်ဆက်ထားပါတယ်။ Continuous Chainပုံစံလိုမျိုးချိတ်ဆက်ထားတာပါ။ Trunk အစွန်းဖက်တစ်ဖက်တစ်ချက်ဆီ (Master Device နဲ့ နောက်ဆုံး Slave Device) မှာတော့ Termination Resistor (120 or 150 Ohm) နဲ့ချိတ်ထားပါတယ်။ ဒီမှာမေးစရာရှိတာက ဘာဖြစ်လို့ Termination Resistor သုံးရလဲဆိုတာမေးစရာဖြစ်လာပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Termination Resistor ဟာ Signal Reflection ကိုကာကွယ်ဖို့အတွက်နဲ့ တိကျတဲ့ Communication ကိုလိုချင်တဲ့အတွက်အသုံးပြုရခြင်းဖြစ်ပါတယ်။ ဒုတိယပုံမှာ Star Topology မှာဆိုရင် Device တစ်ခုချင်းစီဟာသူတို့ရဲ့ကိုယ်ပိုင် Cable နဲ့ Master Device ဆီကိုချိတ်ဆက်ထားပါတယ်။ အဲ့ဒီအရာကပဲ Signal Reflection နဲ့ Communication Error ကိုဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူများရဲ့အကြံပြုချ...
ကျွန်တော်တို့ Modbusဆိုတာနဲ့ PLC,HMI နဲ့VFD တို့မှာသုံးနေကြတာကိုတွေ့ဖူးကြမှာပါ။ ဒီလိုသုံးရတာကလည်း Data တွေကိုအလွယ်တကူချောမွေ့စွာနဲ့မျှဝေဖို့အတွက်သုံးရတာဖြစ်ပါတယ်။ Modbus ကိုသုံးရင် Physical Connection Layer သုံးခုရှိပါတယ်။ အဲ့တာတွေကတော့ RS232, RS485နဲ့TCP IP တို့ဖြစ်ပါတယ်။ ဒီအထဲမှာမှ RS485အကြောင်းကိုပြောပြပါမယ်။ RS485 ကို POS, Industrial, Telecom, Computer, PLC, Microcontroller နဲ့ Intelligence Sensor တွေမှာအသုံးပြုကြပါတယ်။ သူရဲ့ပုံစံကိုတစ်ခုချင်းစီကြည့်ရအောင်။ Multi Node Architecture =================== RS485 ဟာ Serial Protocol Communication အမျိုးအစားဖြစ်ပြီ Multi-Node Architect ဖြစ်ပါတယ်။ ဆိုလိုတာက ဥပမာအနေနဲ့ပြောရရင် Master Device တစ်ခုနဲ့ Slave Device ငါးခုရှိတယ်ဆိုပါစို့။ သူတို့အချင်းချင်းချိတ်ဆက်ဖို့ Modbus RTU ကိုသုံးလို့ရပါတယ်။ ချိတ်ဆက်မယ့် Networkပုံစံကတော့ Daisy Chain နဲ့ချိတ်ဆက်ပါမယ်။ သူ့အကြောင်းကိုနောက်မှသက်သက်စီတင်ပေးပါမယ်။ Distance ======= RS485 ကို ပေ 4000 နဲ့ Device ပေါင်း32ခုအထိသုံးနိုင်တယ်လို့ရေးကြပါတယ်။ တကယ့်လက်တွေ့မ...