ELCB နဲ့ RCCB နှစ်ခုစလုံးဟာ Protecting Device တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးဟာ မတူညီတဲ့ခြားနားချက်တွေရှိကြပါတယ်။ ELCB ==== ELCB ရဲ့ အဓိပ္ပာယ်ကတော့ Earth Leakage Circuit Breaker လို့အဓိပ္ပာယ်ရပါတယ်။ ဒီ Safety Device ဟာ High Earth Impedance နဲ့ Electrical Installation တွေမှာ Electric Shock ကို ကာကွယ်ပေးဖို့အတွက်သုံးပါတယ်။ ELCB သည် Voltage Operates Device အမျိုးအစားဖြစ်ပြီးတော့ သူ့ရဲ့ ချိတ်ဆက်မှုတွေဟာ Phase , Neutral နဲ့ Earth Wire တွေပဲဖြစ်ပါတယ်။ ELCB ဟာ Main Earth Wire ကနေဖြတ်သွားတဲ့ Earth Leakage Current လိုမျိုး Electrical Fault ကိုသာ Detects လုပ်ပါတယ်။ ပထမပုံကိုကြည့်လိုက်မယ်ဆိုရင် ELCB ရဲ့ Normal Connection မှာဆိုရင် Current ဟာ Line ကနေ Neutral ကိုသွားနေမှာပါ။ အကယ် Fault အခြေအနေမှာ ရှိခဲ့မှာဆိုရင် သတ်မှတ်ထားတဲ့ Voltage ထက်များလာပါက Load က Trigger ဖြစ်လာပြီး Tripp Coil ထဲသို့ Current စီးဆင်းကာ Line နဲ့ Neutral ကြားက Current ကိုဖြတ်တောက်ပေးပါတယ်။ RCCB ===== RCCB ဆိုတာကတော့ Re...