Skip to main content

Difference Between Transmitter and Transducer With Examples


    Transmitter နဲ့ Transducer တွေက Energy ကို ပုံစံတစ်ခုကနေ တစ်ခြားပုံစံတစ်ခုပြောင်းပေးတာနဲ့ Output Signal ကိုပေးနိုင်တဲ့ Device တွေဖြစ်ပါတယ်။

    Output Signal တွေက Control Panel, DCS နဲ့ PLC System ထဲမှာရှိတဲ့ Indicator, Controller ကဲ့သို့သော် Device တွေနဲ့ ချိတ်ဆက်ကြပါတယ်။ အဲ့ဒီ System တွေက တိုင်းတာထားတဲ့ Parameter တွေရဲ့ တန်ဖိုးကိုထုတ်ပေးပြီးတော့ သူတို့ရဲ့ တန်ဖိုးတွေက်ို Operator တွေကိုပြသပေးပြီး ဒီတန်ဖိုးတွေကို Record လုပ်ကြပါတယ်။

    သို့သော်လည်း Receiving End မှာရှိတဲ့ Application တွေပေါ်မူတည်ပြီးတော့ ကွဲပြားချက်တစ်ချို့တော့ရှိပါတယ်။ Receiving Device တွေမှာ Control Panel, Digital Indicators, DCS, Programmable Controller (PLC) သို့မဟုတ် Panel Chart Recorder တွေပါဝင်ပါတယ်။

    Transducer နဲ့ Transmitter ဆိုတဲ့ စကားလုံးတွေကို ဒီနေ့ခေတ် Instrumentation Industry မှာ အပြန်အလှန်အသုံးပြုကြပါတယ်။

    ဥပမာပြောရရင် အသေးစား  Pressure Instrument ထုတ်လုပ်သူတစ်ချို့ကတော့ အဲ့တာတွေကို Pressure Transmitter လို့ခေါ်ပြီးတော့ တစ်ချို့ထုတ်လုပ်သူတွေကတော့ Pressure Transducer လို့ခေါ်ကြပါတယ်။

    ဒါပေမယ့်လည်း Transducer နဲ့ Transmitter ဆိုတဲ့ စကားလုံး ၂ခုက တူသယောင်ယောင်ရှိပေမယ့် တကယ်တမ်းတော့ အခြေခံအားဖြင့် ကွဲပြားတဲ့ အဓိပ္ပာယ်ရှိပါတယ်။

    Application တစ်ခုအတွက် မှန်ကန်တဲ့ Transducer သို့မဟုတ် Transmitter ကိုရွေးချယ်ဖို့အတွက် ဆုံးဖြတ်ထားတဲ့အချက်တွေကတော့ တိကျမှု, အကွာအဝေး နဲ့ အတိုင်းအတာတို့ပဲဖြစ်ပါတယ်။

    Pressure Transmitter နဲ့ Transducer တွေက Application တွေအမျိုးမျိုးအတွက်ရှိပါတယ်။ Application ဆိုတာကတော့ ဒီနေရာမှာ Industrial Automation, Aerospace, Automotive နဲ့ Refrigeration System တို့ပါဝင်ပါတယ်။

Transmitter Vs Transducer

    Transmitter နဲ့ Transducer ရဲ့ ကွာခြားချက်ကို အောက်မှာ အကြောင်းအရာတစ်ခုချင်းစီနဲ့ ရေးထားပါတယ်။

Function

Function of A Transducer

    Transducer ဟာ Presence, Magnitude နဲ့ ရုပ်ပိုင်းဆိုင်ရာဦးစားပေးအတိုင်းအတာတွေကို Detect နဲ့ Sense လုပ်ပေးပါတယ်။ အဲ့တာက Proportional Electrical Signal ကို ဦးစားပေးပါတယ်။

ဥပမာ Strain Guage, Load Cell, LVDT, RVDT, Thermocouple, etc.

Transducer မှာ Element ၂ခုရှိပါတယ်။

-Sensing Element
-Transduction Element

    Pressure Transducer ဆိုတာက Electromechanical Device တစ်ခုပါပဲ။ အဲ့ဒီ Device တွေက Process Pressure တန်ဖိုးကနေ တူညီတဲ့ Voltage တန်ဖိုးကိုတိုင်းတာပေးပါတယ်။

Function of A Transmitter

    တစ်ခြားတစ်ဖက်မှာလည်း Transmitter တွေက Process Pressure တန်ဖိုးကို တူညီတဲ့ 4-20 mA Range ကြားထဲက (ယေဘုယျ) တန်ဖိုးကို တိုင်းတာပေးပါတယ်။

    ယေဘုယျအားဖြင့်တော့ Transmitter တွေက မီတာ ရာပေါင်းများစွာကနေ Signal တွေကို ပေးဖို့အတွက်သုံးတာ သင့်လျော်ပါတယ်။ ဒီ Device တွေက Process Parameter တွေကို တိုင်းတာဖို့အတွက်နဲ့ Industries ထဲမှာရှိတဲ့ Output တွေကို Electronically သို့မဟုတ် Visually အရ Communicating လုပ်ဖို့အတွက်သုံးကြပါတယ်။

Signal

    Transducer က Signal ကို Mili-Volts (mV) သို့မဟုတ် Volts (V) သို့မဟုတ် တခြား Form နဲ့ သုံးပြီးတော့ အသုံးပြုပါတယ်။

     Transmitter မှာကတော့ Signal ကို စံညွှန်း 4 to 20 milliamps (mA) နဲ့ သုံးပါတယ်။

    ဥပမာ Thermocouple က Temperature Transducer ပါ။ သူရဲ့ Output က mV Signal ပါ။ အဲ့တာက Linear Temperature Characterization မရှိပါဘူး။ အပို Circuit မပါပဲ။ Thermocouple ကို အသုံးပြုပါက အပူ (အပူချိန်) စွမ်းအင်ကို လျှပ်စစ်စွမ်းအင် (mV) အဖြစ်သို့ ပြောင်းလဲပေးသော်ကြောင့် Transducer လို့ခေါ်တာပါ။

    Temperature Transmitter က Output ကို 4-20 mA Signal အနေနဲ့ပို့ပေးပါတယ်။ Current Signal က Voltage Signal ထက် Noise တို့ Interference တို့ကို ခံနိုင်ရည်ရှိပါတယ်။

Power Consumption

    Transducer တွေမှာ Lower Operatinh Power နဲ့ Transmitter ထက်စာရင် Power Consumption Requirement က အတော်နည်းပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ Transmitter ဟာ Operation လုပ်နေစဥ် အတွင်းမှာ Power တွေကိုပိုသုံးရပါတယ်။

Advanced Features

    Smart Transmitter ဟာ Output Signal 4 to 20 mA ကို သူရဲ့ အပို Digital Superimposed Signal နဲ့ အတူပို့ပေးတယ်။ အဲ့တာက User ကို Information နဲ့ Process Variable အပြင်တစ်ခြား Device Variable တွေကို များများစုဆောင်းဖို့ ခွင့်ပြုထားပါတယ်။

    Transmitter မှာ Sensor သို့မဟုတ် Transducer ကနေ Linearizes, Compensates နဲ့ Signal ကို Amplifie လုပ်ပေးတဲ့ အပို Electronic Circuitry ရှိပါတယ်။ ကွဲပြားတဲ့ Signal Type တွေကတော့ ထုံးစံအတိုင်းပဲသိနေကျ Voltage Signal, Milli-Amp, Resistance သို့မဟုတ် Digital ပါပဲ။ အဲ့ဒီ Instrument တွေက Remote Receiver  ဆီကို Siganl နဲ့ Transmit လုပ်နိုင်ပါတယ်။

    Transmitter တွေကို Local Display Unit နဲ့ အသုံးပြုတယ်။

    တစ်ချို့ Process Parameter ( Pressure ဆိုကြပါစို့ ) ရဲ့ တိုင်းတာမှုတွေမှာဆိုရင်, Transmitter နဲ့ Transducer ဟာ ရိုးရှင်းတဲ့ တိုင်းတာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်။ သူတို့ရဲ့ အဓိက ကွာခြားချက်ကြီးကတော့ Signal ပေးတဲ့ ပုံစံပါပဲ။

    Transmitter တော်တော်များများကတော့ Turn Down နဲ့  Zero & Span Adjustment အပါအဝင် Calibration Option တော်တော်များများကို Offee ပေးပါတယ်။ Smart Transmitter ရဲ့ Health Status က Check  လုပ်နိုင်တယ်, Calibrate, Test နဲ့ Bus Network ကိုအသုံးပြုပြီး Reset လုပ်နိုင်ပါတယ်။

    Transducer ရဲ့ Health Status ကတော့ Remotely Check လုပ်လို့မရပါဘူး။ နောက်ပြီးတော့ ဖတ်ဖို့အတွက် Display ရှိမှာမဟုတ်ပါဘူး။

    Transmitter အများစုကတော့ Current - Output Device တွေပါ။ နောက်ပြီး အဲ့တာတွေက Two or More Wire Configuration လည်းရှိပါတယ်။

    Two Wire Configuration မှာ ပါဝါနဲ့ အချက်ပြမှုတွေကို တူညီတဲ့ ဝါယာကြိုးနှစ်ခုပေါ်မှာ သယ်ဆောင်နိုင်တာကြောင့် သိသာထင်ရှားတဲ့ ကုန်ကျစရိတ်ကို သက်သာစေနိုင်ပါတယ်။

    Digital Output Transmitter မှာပုံမှန်အားဖြင့် Microprocessor ပါဝင်ပါတယ်။ အဲ့တာက တိုင်းတာထားတဲ့ Process Parameter ကို Digital Code အနေနဲ့ပြောင်းပေးတာပါ။ အဲ့တာကလည်း  Remote Receiver သို့မဟုတ် Host ကို Wires,Optical Fibers နဲ့  Radio ကနေ Transmit လုပ်ပေးပါတယ်။ Host နဲ့ ချိတ်ဖို့အတွက် Protocol တော်တော်များများရှိပါတယ်။ အဲ့ထဲကတော့ Foundation Field Bus, HART နဲ့ Profibus အစရှိသဖြင့်ပါ ပါတယ်။

    Transducer မှာတော့ ဒီလို Advanced Option မရှိပါဘူး။

    Process Parameter တန်ဖိုးကို ပို့ပေးတာအပြင်, Digital Transmission မှာ Diagnostic Information Status နဲ့ Alarms ပါဝင်ပြီး Transmitter ရဲ့ အဝေးထိန်းစနစ်ဖွဲ့စည်းမှုကိုလည်း လွယ်ကူချောမွေ့စေနိုင်ပါတယ်။

    Transducer မှာ Advanced Features, Configurable Option မပါဝင်သလို သူတို့ဟာ Scalable လည်းမဟုတ်ပါဘူး။

Interference

    Transmitter ရဲ့ Output များသည် Voltage Output Transducer များထက် Electromagnetic Interference ကိုခံနိုင်ရည်နည်းပါတယ်။

    Transducer များကို ရိုးရှင်းသော် အချက်ပြစနစ်ဖြင့် အသုံးပြုထားပြီး လျှပ်စစ်သံလိုက်ဝင်ရောက်စွက်ဖက်မှုကို ပိုမိုအထိခိုက်မခံပါဘူး။ Cable ကြိုးရှည်နေရင်လည်း ချိတ်ဆက်ထားတဲ့ Cable များက သိသာထင်ရှားတဲ့ Error ကိုဖြစ်စေနိုင်ပါတယ်။

Reference : Instrumentationtools
    

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...