Skip to main content

Difference Between Transmitter and Transducer With Examples


    Transmitter နဲ့ Transducer တွေက Energy ကို ပုံစံတစ်ခုကနေ တစ်ခြားပုံစံတစ်ခုပြောင်းပေးတာနဲ့ Output Signal ကိုပေးနိုင်တဲ့ Device တွေဖြစ်ပါတယ်။

    Output Signal တွေက Control Panel, DCS နဲ့ PLC System ထဲမှာရှိတဲ့ Indicator, Controller ကဲ့သို့သော် Device တွေနဲ့ ချိတ်ဆက်ကြပါတယ်။ အဲ့ဒီ System တွေက တိုင်းတာထားတဲ့ Parameter တွေရဲ့ တန်ဖိုးကိုထုတ်ပေးပြီးတော့ သူတို့ရဲ့ တန်ဖိုးတွေက်ို Operator တွေကိုပြသပေးပြီး ဒီတန်ဖိုးတွေကို Record လုပ်ကြပါတယ်။

    သို့သော်လည်း Receiving End မှာရှိတဲ့ Application တွေပေါ်မူတည်ပြီးတော့ ကွဲပြားချက်တစ်ချို့တော့ရှိပါတယ်။ Receiving Device တွေမှာ Control Panel, Digital Indicators, DCS, Programmable Controller (PLC) သို့မဟုတ် Panel Chart Recorder တွေပါဝင်ပါတယ်။

    Transducer နဲ့ Transmitter ဆိုတဲ့ စကားလုံးတွေကို ဒီနေ့ခေတ် Instrumentation Industry မှာ အပြန်အလှန်အသုံးပြုကြပါတယ်။

    ဥပမာပြောရရင် အသေးစား  Pressure Instrument ထုတ်လုပ်သူတစ်ချို့ကတော့ အဲ့တာတွေကို Pressure Transmitter လို့ခေါ်ပြီးတော့ တစ်ချို့ထုတ်လုပ်သူတွေကတော့ Pressure Transducer လို့ခေါ်ကြပါတယ်။

    ဒါပေမယ့်လည်း Transducer နဲ့ Transmitter ဆိုတဲ့ စကားလုံး ၂ခုက တူသယောင်ယောင်ရှိပေမယ့် တကယ်တမ်းတော့ အခြေခံအားဖြင့် ကွဲပြားတဲ့ အဓိပ္ပာယ်ရှိပါတယ်။

    Application တစ်ခုအတွက် မှန်ကန်တဲ့ Transducer သို့မဟုတ် Transmitter ကိုရွေးချယ်ဖို့အတွက် ဆုံးဖြတ်ထားတဲ့အချက်တွေကတော့ တိကျမှု, အကွာအဝေး နဲ့ အတိုင်းအတာတို့ပဲဖြစ်ပါတယ်။

    Pressure Transmitter နဲ့ Transducer တွေက Application တွေအမျိုးမျိုးအတွက်ရှိပါတယ်။ Application ဆိုတာကတော့ ဒီနေရာမှာ Industrial Automation, Aerospace, Automotive နဲ့ Refrigeration System တို့ပါဝင်ပါတယ်။

Transmitter Vs Transducer

    Transmitter နဲ့ Transducer ရဲ့ ကွာခြားချက်ကို အောက်မှာ အကြောင်းအရာတစ်ခုချင်းစီနဲ့ ရေးထားပါတယ်။

Function

Function of A Transducer

    Transducer ဟာ Presence, Magnitude နဲ့ ရုပ်ပိုင်းဆိုင်ရာဦးစားပေးအတိုင်းအတာတွေကို Detect နဲ့ Sense လုပ်ပေးပါတယ်။ အဲ့တာက Proportional Electrical Signal ကို ဦးစားပေးပါတယ်။

ဥပမာ Strain Guage, Load Cell, LVDT, RVDT, Thermocouple, etc.

Transducer မှာ Element ၂ခုရှိပါတယ်။

-Sensing Element
-Transduction Element

    Pressure Transducer ဆိုတာက Electromechanical Device တစ်ခုပါပဲ။ အဲ့ဒီ Device တွေက Process Pressure တန်ဖိုးကနေ တူညီတဲ့ Voltage တန်ဖိုးကိုတိုင်းတာပေးပါတယ်။

Function of A Transmitter

    တစ်ခြားတစ်ဖက်မှာလည်း Transmitter တွေက Process Pressure တန်ဖိုးကို တူညီတဲ့ 4-20 mA Range ကြားထဲက (ယေဘုယျ) တန်ဖိုးကို တိုင်းတာပေးပါတယ်။

    ယေဘုယျအားဖြင့်တော့ Transmitter တွေက မီတာ ရာပေါင်းများစွာကနေ Signal တွေကို ပေးဖို့အတွက်သုံးတာ သင့်လျော်ပါတယ်။ ဒီ Device တွေက Process Parameter တွေကို တိုင်းတာဖို့အတွက်နဲ့ Industries ထဲမှာရှိတဲ့ Output တွေကို Electronically သို့မဟုတ် Visually အရ Communicating လုပ်ဖို့အတွက်သုံးကြပါတယ်။

Signal

    Transducer က Signal ကို Mili-Volts (mV) သို့မဟုတ် Volts (V) သို့မဟုတ် တခြား Form နဲ့ သုံးပြီးတော့ အသုံးပြုပါတယ်။

     Transmitter မှာကတော့ Signal ကို စံညွှန်း 4 to 20 milliamps (mA) နဲ့ သုံးပါတယ်။

    ဥပမာ Thermocouple က Temperature Transducer ပါ။ သူရဲ့ Output က mV Signal ပါ။ အဲ့တာက Linear Temperature Characterization မရှိပါဘူး။ အပို Circuit မပါပဲ။ Thermocouple ကို အသုံးပြုပါက အပူ (အပူချိန်) စွမ်းအင်ကို လျှပ်စစ်စွမ်းအင် (mV) အဖြစ်သို့ ပြောင်းလဲပေးသော်ကြောင့် Transducer လို့ခေါ်တာပါ။

    Temperature Transmitter က Output ကို 4-20 mA Signal အနေနဲ့ပို့ပေးပါတယ်။ Current Signal က Voltage Signal ထက် Noise တို့ Interference တို့ကို ခံနိုင်ရည်ရှိပါတယ်။

Power Consumption

    Transducer တွေမှာ Lower Operatinh Power နဲ့ Transmitter ထက်စာရင် Power Consumption Requirement က အတော်နည်းပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ Transmitter ဟာ Operation လုပ်နေစဥ် အတွင်းမှာ Power တွေကိုပိုသုံးရပါတယ်။

Advanced Features

    Smart Transmitter ဟာ Output Signal 4 to 20 mA ကို သူရဲ့ အပို Digital Superimposed Signal နဲ့ အတူပို့ပေးတယ်။ အဲ့တာက User ကို Information နဲ့ Process Variable အပြင်တစ်ခြား Device Variable တွေကို များများစုဆောင်းဖို့ ခွင့်ပြုထားပါတယ်။

    Transmitter မှာ Sensor သို့မဟုတ် Transducer ကနေ Linearizes, Compensates နဲ့ Signal ကို Amplifie လုပ်ပေးတဲ့ အပို Electronic Circuitry ရှိပါတယ်။ ကွဲပြားတဲ့ Signal Type တွေကတော့ ထုံးစံအတိုင်းပဲသိနေကျ Voltage Signal, Milli-Amp, Resistance သို့မဟုတ် Digital ပါပဲ။ အဲ့ဒီ Instrument တွေက Remote Receiver  ဆီကို Siganl နဲ့ Transmit လုပ်နိုင်ပါတယ်။

    Transmitter တွေကို Local Display Unit နဲ့ အသုံးပြုတယ်။

    တစ်ချို့ Process Parameter ( Pressure ဆိုကြပါစို့ ) ရဲ့ တိုင်းတာမှုတွေမှာဆိုရင်, Transmitter နဲ့ Transducer ဟာ ရိုးရှင်းတဲ့ တိုင်းတာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်။ သူတို့ရဲ့ အဓိက ကွာခြားချက်ကြီးကတော့ Signal ပေးတဲ့ ပုံစံပါပဲ။

    Transmitter တော်တော်များများကတော့ Turn Down နဲ့  Zero & Span Adjustment အပါအဝင် Calibration Option တော်တော်များများကို Offee ပေးပါတယ်။ Smart Transmitter ရဲ့ Health Status က Check  လုပ်နိုင်တယ်, Calibrate, Test နဲ့ Bus Network ကိုအသုံးပြုပြီး Reset လုပ်နိုင်ပါတယ်။

    Transducer ရဲ့ Health Status ကတော့ Remotely Check လုပ်လို့မရပါဘူး။ နောက်ပြီးတော့ ဖတ်ဖို့အတွက် Display ရှိမှာမဟုတ်ပါဘူး။

    Transmitter အများစုကတော့ Current - Output Device တွေပါ။ နောက်ပြီး အဲ့တာတွေက Two or More Wire Configuration လည်းရှိပါတယ်။

    Two Wire Configuration မှာ ပါဝါနဲ့ အချက်ပြမှုတွေကို တူညီတဲ့ ဝါယာကြိုးနှစ်ခုပေါ်မှာ သယ်ဆောင်နိုင်တာကြောင့် သိသာထင်ရှားတဲ့ ကုန်ကျစရိတ်ကို သက်သာစေနိုင်ပါတယ်။

    Digital Output Transmitter မှာပုံမှန်အားဖြင့် Microprocessor ပါဝင်ပါတယ်။ အဲ့တာက တိုင်းတာထားတဲ့ Process Parameter ကို Digital Code အနေနဲ့ပြောင်းပေးတာပါ။ အဲ့တာကလည်း  Remote Receiver သို့မဟုတ် Host ကို Wires,Optical Fibers နဲ့  Radio ကနေ Transmit လုပ်ပေးပါတယ်။ Host နဲ့ ချိတ်ဖို့အတွက် Protocol တော်တော်များများရှိပါတယ်။ အဲ့ထဲကတော့ Foundation Field Bus, HART နဲ့ Profibus အစရှိသဖြင့်ပါ ပါတယ်။

    Transducer မှာတော့ ဒီလို Advanced Option မရှိပါဘူး။

    Process Parameter တန်ဖိုးကို ပို့ပေးတာအပြင်, Digital Transmission မှာ Diagnostic Information Status နဲ့ Alarms ပါဝင်ပြီး Transmitter ရဲ့ အဝေးထိန်းစနစ်ဖွဲ့စည်းမှုကိုလည်း လွယ်ကူချောမွေ့စေနိုင်ပါတယ်။

    Transducer မှာ Advanced Features, Configurable Option မပါဝင်သလို သူတို့ဟာ Scalable လည်းမဟုတ်ပါဘူး။

Interference

    Transmitter ရဲ့ Output များသည် Voltage Output Transducer များထက် Electromagnetic Interference ကိုခံနိုင်ရည်နည်းပါတယ်။

    Transducer များကို ရိုးရှင်းသော် အချက်ပြစနစ်ဖြင့် အသုံးပြုထားပြီး လျှပ်စစ်သံလိုက်ဝင်ရောက်စွက်ဖက်မှုကို ပိုမိုအထိခိုက်မခံပါဘူး။ Cable ကြိုးရှည်နေရင်လည်း ချိတ်ဆက်ထားတဲ့ Cable များက သိသာထင်ရှားတဲ့ Error ကိုဖြစ်စေနိုင်ပါတယ်။

Reference : Instrumentationtools
    

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...