PID လို့ပြောလိုက်တာနဲ့ Theory တွေ Mathematic Equation တွေကို အရင်ဆုံးပြေးမြင်ကြမိမယ်လို့ထင်ပါတယ်။ဒီခေါင်းစဥ်အောက်မှာ PID အကြောင်းကို မိမိနားလည်သလောက်နဲ့ နားလည်လွယ်အောင်နဲ့ အကျဥ်းချုပ်ပုံစံမျိုးနဲ့ပဲတင်ပေးပါမယ်။ PID အကြောင်းစပြောရရင် အရင်ဆုံး Control Theroy ရဲ့ အခြေခံအကျဆုံး Concept ဖြစ်တဲ့ Open Loop နဲ့ Close Loop အကြောင်းကိုအရင်ပြောပြပါမယ်။ Open Loop ဆိုတာက Feedback Signal မပါပဲ Process တစ်ခုလုပ်ဆောင်တာပါ။ Close Loopကတော့ Feedback Signal ကို Controller ထဲကနေပို့ပေးပြီ သူလိုချင်တဲ့ Target မရောက်မချင်း Control လုပ်ပေးတာပါ။ ဥပမာပေးရရင် ထမင်းအိုးတည်ဖို့ မီးဖိုတစ်ခုရှိတယ်ဆိုပါတော့။ မီးဖိုနဲ့ မီးခလုတ်ပဲရှိတယ် နောက်ပြီးတော့ ခလုတ်အဖွင့်အပိတ်ပဲ အလုပ်လုပ်တယ်ဆိုရင် ဒါဟာ Open Loop System တစ်ခုဖြစ်တယ်။ အကယ်၍ မီးဖိုနဲ့ခလုတ်သာမကပဲ Thermostat သို့မဟုတ် Temperature Sensor တစ်ခုထက်ထည့်မယ် ပြီးရင် ကိုယ်လိုချင်တဲ့ အပူချိန်ဟာ 100°C အထက် ရောက်ရင် ခလုတ်ပိတ်မယ် 100°C အောက်ရောက်ရင် ခလုတ်ဖွင့်မယ် စသည်ဖြင့် Fee...