ဒီတစ်ပတ်မှာတော့ အသုံးဝင်မယ့်အရာလို့ထင်မိတာကြောင့် Roller Encoder နဲ့ Line Speed ကို ဘယ်လိုတိုင်းလဲဆိုတာရေးသွားပါမယ်။
Speed ဆိုတာက Distance Travelled per unit Time ကိုဆိုလိုတာပါ။ ဒါကြောင့် Speed ရဲ့ Equation က
Speed = Travelling Distance / Time Taken
Measuring Line Speed ကို RP-7400 Roller Encoder နဲ့သုံးမယ်ဆိုရင် Travelling Distance က Rotation of The Roller ဆိုပြီးတော့ဖြစ်သွားပါတယ်။ ဒါကြောင့် သူ့ Speed Equation က
Speed = Distance per 1 pulse × ( Number of Output Pulses / Time Taken )
ဆိုပြီးတော့ ဖြစ်သွားပါတယ်။
Speed per second တွက်နည်း
Number of Output Pulses / Tike Taken ဆိုတာက Frequency ( Output pulse per second ) နဲ့ အတူတူပါပဲ။ နောက် Distance per 1 pulse ဆိုတာကလည်း Circumferential Length (mm) / Number of Pulse Per Rotation နဲ့အတူတူပါပဲ။ ဒါကြောင့် ခုနက Speed Equation က ဘာနဲ့ သွားတူလဲဆိုရင်
Circumferential Speed = (Circumferential Length (mm) / Number of Pulse Per Rotation ) × Frequency
ဆိုပြီးဖြစ်လာပါတယ်။ အကယ်၍ Circumferential Length (mm) နဲ့ Number of Pulse Per Rotation ကဂဏန်းတန်ဖိုးညီသွားမယ်ဆိုရင် Circumferential ရဲ့ Speed နဲ့ Frequency ကအတူတူဖြစ်သွားပါမယ်။ Circumferential ကတော့ ပြောရင်ရှုပ်မှာစိုးလို့ ပုံမှာသာကြည့်လိုက်ရင်သိလာမှာပါ။
RP-7400 ရဲ့ Circumferential ရဲ့ Length တန်ဖိုးကတော့ 200 mm ရှိပါတယ်။ Frequency ကို Frequency counter သို့မဟုတ် Pulse counter ကို second gate နဲ့သုံးပြီးတော့ Speed ကိုတိုင်းနိုင်ပါတယ်။
တွက်နည်းကတော့ Frequency အတွက် Pulse Counter ရဲ့ Resolution ရဲ့ 1 second gate က 1Hz, Circumferential ရဲ့ Length က လည်း 200 mm, Number of Pulse per Rotation က 200 P/R ဖြစ်ခဲ့ရင်
Circumferential Speed (CS) = (Circumferential Length (mm) / Number of Pulse Per Rotation ) × Frequency
CS = ( 200/200 ) × 1
CS = 1 mm/s ဆိုပြီးတော့ အဖြေရလာမှာပါ။
Speed per Minute တွက်နည်း
Speed ရဲ့ Equation ကတော့မပြောင်းလဲပေမယ့် အထဲက Equation ၂ခုကတော့ ပြောင်းသွားပါတယ်။
Distance per 1 pulse = ( 200 / Number of Pulses per Rotation ) / 1000
200 ဆိုတာက ခုနက Circumferential ရဲ့ Length ပါ။ millimeter ကနေ meter ကို
ပြောင်းဖို့အတွက် Equation ကို 1000 နဲ့စားလိုက်တာပါ။
Number of output pulses / Time taken ကတော့ ဒီမှာက Number of Pulses per Minute ပါ ။ Number of Pulses per Minute က ( Frequency × 60 ) ပါ။ ဒါကြောင့် Equation က
Circumferential Speed = (( 200 / Number of Pulses per Rotation ) / 1000 ) × Frequency × 60
အကယ်၍ Numerical Value နဲ့တွဲလျက်ဖြစ်လာရင်
Circumferential Speed = ((( 200 × 60 ) / 1000 ) / Number of pulses per rotation ) × Frequency
Circumferential Speed = ( 12 / Number of Pulses per Rotation ) × Frequency
ဆိုပြီးရလာမှာပါ။
အကယ်၍ Roller ရဲ့ Number of Pulses of Rotation က 1,10,100 အစရှိသဖြင့်ရှိလာရင် Frequency က သူနဲ့တွဲပြီးတော့ 1 , 1/10,1/100 ဆိုပြီးဖြစ်လာပါတယ်။ ဥပမာ
RP - 7400 က 120 P/R ဖြစ်ခဲ့ရင်
Speed (m/min) မှာတွက်တဲ့ Frequency က 0.1 အနေအထား ဖြစ်လာမှာပါ။
RP - 7400 က 1200 P/R ဖြစ်ခဲ့ရင် Frequency က 0.01 အနေအထားဖြစ်လာမှာပါ။ ရှုပ်သွားရင် အောက်ကတွက်နည်းကြည့်လိုက်ပါ။
တွက်နည်းက RP-7400 ဟာ120 P/R ဖြစ်ခဲ့ရင်
CS = ( 12 / Number of Pulse per Rotation ) × Frequency
CS = ( 12 / 120 ) × 1
CS = 0.1 m/min
အကယ်၍ RP -7400 ဟာ 1200 P/R ဖြစ်ရင်
CS = ( 12 / Number of Pulse per Rotation ) × Frequency
CS = ( 12 / 1200 ) × 1
CS = 0.01 m/min ဆိုပြီးဖြစ်လာမှာပါ။
Reference : Onosokki 's QA About Measurement No.32
Comments
Post a Comment