Skip to main content

Measuring Line Speed with Roller Encoder

    ဒီတစ်ပတ်မှာတော့ အသုံးဝင်မယ့်အရာလို့ထင်မိတာကြောင့် Roller Encoder နဲ့ Line Speed ကို ဘယ်လိုတိုင်းလဲဆိုတာရေးသွားပါမယ်။
    Speed ဆိုတာက Distance Travelled per unit Time ကိုဆိုလိုတာပါ။ ဒါကြောင့် Speed ရဲ့ Equation က

Speed = Travelling Distance / Time Taken

Measuring Line Speed ကို RP-7400 Roller Encoder နဲ့သုံးမယ်ဆိုရင်  Travelling Distance က Rotation of The Roller ဆိုပြီးတော့ဖြစ်သွားပါတယ်။  ဒါကြောင့် သူ့ Speed Equation က

Speed = Distance per 1 pulse × ( Number of Output Pulses / Time Taken ) 

ဆိုပြီးတော့ ဖြစ်သွားပါတယ်။
Speed per second တွက်နည်း

    Number of Output Pulses / Tike Taken ဆိုတာက Frequency ( Output pulse per second ) နဲ့ အတူတူပါပဲ။ နောက် Distance per 1 pulse ဆိုတာကလည်း Circumferential Length (mm) / Number of Pulse Per Rotation နဲ့အတူတူပါပဲ။ ဒါကြောင့် ခုနက Speed Equation က ဘာနဲ့ သွားတူလဲဆိုရင် 

Circumferential Speed = (Circumferential Length (mm) / Number of Pulse Per Rotation ) × Frequency 

ဆိုပြီးဖြစ်လာပါတယ်။ အကယ်၍ Circumferential Length (mm) နဲ့ Number of Pulse Per Rotation ကဂဏန်းတန်ဖိုးညီသွားမယ်ဆိုရင် Circumferential ရဲ့ Speed နဲ့ Frequency ကအတူတူဖြစ်သွားပါမယ်။ Circumferential ကတော့ ပြောရင်ရှုပ်မှာစိုးလို့ ပုံမှာသာကြည့်လိုက်ရင်သိလာမှာပါ။  
RP-7400 ရဲ့ Circumferential ရဲ့ Length တန်ဖိုးကတော့ 200 mm ရှိပါတယ်။ Frequency ကို Frequency counter သို့မဟုတ် Pulse counter ကို second gate နဲ့သုံးပြီးတော့ Speed ကိုတိုင်းနိုင်ပါတယ်။ 

    တွက်နည်းကတော့ Frequency အတွက်  Pulse Counter ရဲ့  Resolution ရဲ့ 1 second gate  က 1Hz,  Circumferential ရဲ့ Length က လည်း 200 mm, Number of Pulse per Rotation က 200 P/R ဖြစ်ခဲ့ရင် 

Circumferential Speed (CS) = (Circumferential Length (mm) / Number of Pulse Per Rotation ) × Frequency 

CS = ( 200/200 ) × 1

CS = 1 mm/s ဆိုပြီးတော့ အဖြေရလာမှာပါ။

Speed per Minute တွက်နည်း

    Speed ရဲ့  Equation ကတော့မပြောင်းလဲပေမယ့် အထဲက Equation ၂ခုကတော့ ပြောင်းသွားပါတယ်။

Distance per 1 pulse = ( 200 / Number of Pulses per Rotation ) / 1000

200 ဆိုတာက ခုနက Circumferential ရဲ့ Length ပါ။  millimeter ကနေ meter ကို
ပြောင်းဖို့အတွက် Equation ကို 1000 နဲ့စားလိုက်တာပါ။

Number of output pulses / Time taken ကတော့ ဒီမှာက Number of Pulses per Minute ပါ ။ Number of Pulses per Minute က ( Frequency × 60 ) ပါ။ ဒါကြောင့် Equation က 

Circumferential Speed = (( 200 / Number of Pulses per Rotation ) / 1000 ) × Frequency × 60

အကယ်၍ Numerical Value နဲ့တွဲလျက်ဖြစ်လာရင်

Circumferential Speed  = ((( 200 × 60 ) / 1000 ) / Number of pulses per rotation ) × Frequency 

Circumferential Speed = ( 12 / Number of Pulses per Rotation ) × Frequency 

ဆိုပြီးရလာမှာပါ။

အကယ်၍ Roller ရဲ့ Number of Pulses of Rotation က 1,10,100 အစရှိသဖြင့်ရှိလာရင်  Frequency က ​ သူနဲ့တွဲပြီးတော့ 1 , 1/10,1/100 ဆိုပြီးဖြစ်လာပါတယ်။ ဥပမာ

RP - 7400 က 120 P/R ဖြစ်ခဲ့ရင် 

Speed (m/min) မှာတွက်တဲ့ Frequency က 0.1 အနေအထား ဖြစ်လာမှာပါ။ 

RP - 7400 က 1200 P/R ဖြစ်ခဲ့ရင် Frequency က 0.01 အနေအထားဖြစ်လာမှာပါ။  ရှုပ်သွားရင် အောက်ကတွက်နည်းကြည့်လိုက်ပါ။

တွက်နည်းက RP-7400 ဟာ120 P/R ဖြစ်ခဲ့ရင်

CS =  ( 12 / Number of Pulse per Rotation ) × Frequency 

CS = ( 12 / 120 ) × 1 

CS = 0.1 m/min

အကယ်၍  RP -7400 ဟာ 1200 P/R ဖြစ်ရင်

CS = ( 12 / Number of Pulse per  Rotation ) × Frequency 

CS = ( 12 / 1200 ) × 1 

CS = 0.01 m/min ဆိုပြီးဖြစ်လာမှာပါ။ 

Reference : Onosokki 's QA About Measurement No.32

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...