Control Circuit တွေမှာဆိုရင် Cabling နှစ်မျိုး ရှိပါတယ်။ အဲ့တာကတော့ Power နဲ့ Control Cable တို့ပါပဲ။ Control Cable ကို တခြားဘယ်လိုခေါ်သေးလဲဆိုရင် Instrument Cable လို့လည်းခေါ်ပါတယ်။ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ Power Cable နဲ့ Control Cable တို့ရဲ့ကွဲပြားခြားနားချက်ကိုသိထားတာကလည်းအလွန်ကိုအရေးကြီးပါတယ်။ What is a Power Cable? Power Cable တွေကတော့ Higher Voltage Transmission တွေမှာသုံးပါတယ်။ Power Cable တွေကတော့ အများအားဖြင့် ကြိုးရဲ့ Diameter အချင်းကကြီးပြီးတော့ Thickness ကလည်းထူပါတယ်။ Power Cable တွေကတော့ Higher Voltage နဲ့ Current ( 400A and 32KVAC ) အထိကိုသုံးနိုင်ပါတယ်။ What is an Instrument Cable? ဒီလို Cable မျိုးကို Automation နဲ့ Instrumentation Control တွေမှာအသုံးများပါတယ်။ Instrument Cable တွေဟာ Power Cable တွေထက်စာရင် Thickness size ဟာသေးပြီးတော့ Voltage နဲ့ Current ပမာဏ သေးသေးလောက်ပဲအသုံးပြုလို့ရတာပါ။ အသုံးများတဲ့ Voltage နဲ့ Current တွေဖြစ်တဲ့ 24VDC and 20mA အတွက်သုံးကြပါတယ်။ Instrument တွေ Field D...