Ultrasonic Sensor ရယ်လို့ခေါ်လိုက်တာနဲ့ နည်းပညာနဲ့ပါတ်သတ်ပြီးလုပ်ကိုင်နေတဲ့သူတွေ မသိသလောက်ဆိုတာရှားပါတယ်။
Ultraaonic နဲ့ဘယ်လိုတိုင်းတာကြလဲဆိုရင် အသံလှိုင်းတစ်ခုရဲ့ အသွားအပြန်အကွာအဝေး ( Sound's Travelling Time (or) Length of the Time ) ကိုပြောတာပါ။ သူ့ရဲ့ Formula ကတော့
Distance = ( Travel_Time × Speed_of_Sound ) / 2
ဒီ Equation ကတော့ Arduino Project တွေမှာသုံးဖူးတဲ့သူ တွေဆိုရင် ဘယ်လိုသုံးလဲဆိုတာသိပါတယ်။
အဲ့တော့ သူက ဘယ်လိုအလုပ်လုပ်လဲဆိုရင် Sound Wave က ထုတ်လွှတ်လိုက်တဲ့အသံဟာ အရာဝတ္ထုတစ်ခုကနေ ပြန်ရိုက်ထွက်လာတဲ့ အသံလှိုင်းကိုဖမ်းယူပြီ အသုံးပြုတာပါ။ Sensor မှာထုတ်လွှတ်တဲ့ အသံလိုင်း Frequency Wave ဟာ 20KHz ကနေ 200KHz အထိရှိပါတယ်။
ဒါတွေကို တိုင်ကီ Tank တွေ, Bulk Silo (Liquid or Material) တွေမှာလည်း Level တိုင်းကျပါတယ်။ ကောင်းမွန်တဲ့ Measurement ကိုရဖို့အတွက်ဆိုရင် Sensor ရဲ့ Mounting နဲ့ Positioning က အဓိကကျပါတယ်။
Ultrasonic Sensor ရဲ့အားသားချက်ကတော့ Transducer က Process Material နဲ့ မထိတာပါပဲ။ အားနည်းချက်ကတော့ Utrasonic Sensor ဟာ ပြင်ပက Noise တွေလို့ခေါ်လို့ရတဲ့ စိုထိုင်းစ,အပူချိန်,နဲ့ လေဖိအား တွေရှိလာခဲ့ရင် အသံရဲ့ Speed တန်ဖိုးဟာ ပြောင်းလဲသွားတတ်တာကြောင့် အတိုင်းအတာတွေမှာ Error တတ်နိုင်ပါတယ်။
Reference : Instrumentationtools, Instrumentation Forum
Comments
Post a Comment