Skip to main content

Resistance Temperature Detector (RTD)

    RTD မှာ သန့်စင်တဲ့ Metal သို့မဟုတ် Certain Alloys ​တွေပါဝင်ပါတယ်။ အဲ့ဒီမှာက Temperature အပူချိန်မြှင့်လာ​လေ​လေ Resistance တန်ဖိုးကများလာ​လေ​လေ ဖြစ်ပြီး Temperature တန်ဖိုး နည်းလာ​လေ​လေ Resistance တန်ဖိုး နည်းလာ​လေ​လေပါပဲ။ RTD ဟာ Electrical Transducer ​တွေလုပ်​ဆောင်သလိုမျိုးပဲ Physical အပိုင်းအရကြည့်မယ်ဆိုရင် RTD ရဲ့ တန်ဖိုးကို Voltage Signal က​နေ​ပေးလိုက်တဲ့ Resistance အတိုင်းအတာအဖြစ်တန်ဖိုးဟာ ​ပြောင်းလဲသွားပါတယ်။


    RTD ဟာ အများအားဖြင့် Platinum, Copper သို့မဟုတ် Nickel နဲ့ ပြုလုပ်တာများပါတယ်။ အဲ့ဒီ Metal ​တွေကလည်း RTD Application နဲ့သင့်​လျော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ရဲ့ လုပ်​ဆောင်ချက်​တွေဟာ Linear Function အတိုင်းပဲ, သူတို့ရဲ့ Coefficient , သူတို့ရဲ့ Ability ​တွေဟာ Temperature Cycles ကို Repeated လုပ်တာ ခံနိုင်ရည်ရှိပါတယ်။ ပထမပုံကို ကြည့်ရင် သိနိုင်ပါတယ်။

Calculation of RTD


    အဲ့​တော့ ကျွန်​တော်တို့ဟာ Temperature (Physical) ​ပြောင်းလဲမှု တန်ဖိုးကိုသိဖို့အတွက် Equation တစ်ခုလိုအပ်ပါတယ်။ အရင်ဦးဆုံး Temperature Coefficient ကို အရင်သိ​အောင်လုပ်ရပါမယ်။ အခုက 0°C က​နေ 100°C အတွင်း ရှိတဲ့ Range ကို R0 နဲ့စားပါမယ်။

      a0 = R100 - R0 / R0 × 100

a0 ဆိုတာ Temperature  Coefficient 
R100 ဆိုတာ 100°C မှာရှိတဲ့ Resistance တန်ဖိုး
R0 ဆိုတာ 0°C မှာရှိတဲ့ Resistance တန်ဖိုး ကိုဆိုလိုတာပါ။
    အဲ့​တော့ Coefficient သိတာနဲ့ လက်ရှိ Temperature တန်ဖိုးကို ​​အောက်ပါ Equation နဲ့ သုံးပြီးရှာနိုင်ပါတယ်။ ဒီ​နေရာမှာ သူ့ရဲ့  Equation က Linear Equation အ​နေနဲ့ဘယ်လို​ပြောင်းလဲအသုံးပြုသလဲဆိုတာပြပါမယ်။
    Linear Equation မှာဆိုရင် y = mx + c လို့သုံးပါတယ်။ ဒီ​နေရာမှာ y ကို Rt, x ကို t(Temperature) နဲ့ R0လို့သုံးပါတယ်။

y = mx + c

Rt = mt + R0

Rt = (R100-R0)/100) × t + R0 |  (m = (R100-R0)/100)

Rt = (R0 × (R100-R0)/(100-R0) × t ) + R0

Rt = R0a0t + R0 ( a0 = (R100-R0)/(R0-100))

Rt = R0 ( 1 + a0t ) ဆိုပြီး​တော့ရပါတယ်။

    ဥပမာအ​နေနဲ့ PT100 မှာ R100 မှာ 139.1 Ohm ရှိပြီး R0 မှာ 100 Ohm ရှိတယ်ဆိုရင်

a0 = R100 - R0 / R0 × 100

a0 = 139.1 - 100 / 100 × 100

a0 = 0.00391 / °C ရပါမယ်။

    အဲ့ဒီက​နေ RTD ရဲ့  50°C မှာ ဘယ်​လောက် Ohm ရှိလဲသိချင်ရင်

Rt = R0 ( 1 + a0t )

Rt = 100 ( 1 + 0.00391 × 50 )

Rt = 119.55 Ohm ဆိုပြီးရပါတယ်။

Siemen S7300 PLC's Programming with PT100


    သို့​သော်လည်းလက်​တွေ့မှာ PLCနဲ့ ချိတ်ဆက်ရင် Digital Signal အ​နေနဲ့သာပြတာပါ။ အဲ့ဒီ Signal က​နေ Output ကို Integer, Hexa , Octal အစသဖြင့် ​ပြောင်းလဲအသုံးပြုလို့ရပါတယ်။ အခု​တော့ S7300 ကို Analog Input Module က​နေ 4 - 20 mA ခံပြီး​တော့ S7300 ရဲ့ 2 Wire Current Mode က​နေ ချိတ်ပြီးသုံးပါမယ်။ RTD Sensor ​တွေမှာ 2 Wire က​နေ 4 Wire အထိအမျိုးအစားရှိပါတယ်။ အခုက 2 Wire နဲ့သုံးပါတယ်။ RTD ဟာလည်း 0°C က​နေ 400 °C အတွင်းလုပ်ပါတယ်။​နောက်ကြားထဲမှာ လိုအပ်တဲ့ Configure ​တွေလုပ်ရပါမယ်။
    ​နောက်ဆုံးပုံက Programming Rung 1 ကိုကြည့်ရင် IW10 က​နေ MW100 ကို Move လုပ်ပါတယ်။ MW100 ကို Integer က​နေ Double Integer ကို​ပြောင်းဖို့ MD110 သုံးပြီး Double Integer က​နေ Real ကို​ပြောင်းဖို့အတွက်
MD130 ကိုသုံးပါတယ်။ Real ကိုဘာလို့သုံးလဲဆိုရင် Real မှာ အ​ပေါင်းတန်ဖိုးပဲရှိလို့ပါ။ 
    ဒီ​နေရာမှာ Rung 2 က DIVကို သုံးထားပါတယ်။ MD130 ကရတဲ့ တန်ဖိုးနဲ့ 69.12 ကိုစားပါမယ်။ ဘာလို့ 69.12 ကိုသုံးရသလဲဆိုရင် ကျွန်​တော်တို့အခုသုံးတဲ့ Transmitter က 0°C က​နေ 400°C ပဲရပါတယ်။ 0°C ဆိုရင် 4 mA ဖြစ်ပြီး 400°C မှာဆိုရင် 20mA ပါ။ S7300 ရဲ့ 8 Channel Analog Module မှာ 20mA ဟာ Decimal အားဖြင့် 27648 ရှိပါတယ်။ အဲ့​တော့ 27648 ကို 400နဲ့စားလိုက်တဲ့အခါ 69.12 ဆိုတာ ရလာပါတယ်။ DIV ကရလာတဲ့ Actual Temperature တန်ဖိုးကို MD150 မှာပြပါမယ်။

Reference : Instrumentationtools, General Automation


Comments

Popular posts from this blog

Temperature Range

Article တစ်ခုဝင်ဖတ်မိတာနဲ့ပြောရမယ့်ကိစ္စတစ်ခုဖြစ်နေလို့ရေးပေးလိုက်ပါတယ်။ Article အောက်မှာလည်းနည်းနည်းလေး Complain တတ်တာလေးတွေ့လိုက်ရတယ်။ ပြသာနာကဘာလဲဆိုတော့ Temperature Range ကိစ္စပါ။      အခုသူရေးထားတဲ့ဟာက Industrial လို့ထည့်ပြီးရေးထားတာတွေ့ရပါတယ်။ Data တွေတင်ထားတာကြည့်လိုက်တော့ Operation Temperature Range က 0 to +60°C အထိပဲရှိတာတွေ့ရတယ်။ ဒါကထုတ်လုပ်တဲ့ ကုမ္ပဏီကသတ်မှတ်ထားတဲ့ Standard တွေလိုအပ်နေတာလားဆိုတာကတော့စဉ်းစားစရာပါပဲ။ တကယ်ဆို ဒီ Level ဟာ Commercial အဆင့်သက်သက်သာပဲရှိတာပါ။ Company တွေမှာ သတ်မှတ်ထားတဲ့ Temperature Range ဟာတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာလက်ခံပေမယ့် အခုလိုလုပ်တာက ထင်ထားတာထက်အတော်ကွာဟနေပြီး နှစ်သီးစားလုပ်မယ့်ပုံစံမျိုးပေါက်နေပါတယ်  အောက်မှာယေဘုယျအားဖြင့် Semiconductor Device တွေမှာရှိသင့်တဲ့ Temp Range ကိုရေးပေးထားပါတယ်။ Commercial   (0 to  +70°C) Industrial  (-40 to +85°C) Military  (-55 to +125°C)

Modbus Function Command Format (1)

    ASCII သို့မဟုတ် RTU Mode ထဲက မည်သည့် Modbus Data ဘောင်တိုင်းမဆို သူတို့သတ်မှတ်ထားတဲ့ Data ကတော့ရှိပါတယ်။     Modbus Data Frame တစ်ခုစီကို 8bitd(RTU) တွေနဲ့တည်ဆောက်ထားတာကြောင့် အများအားဖြင့် စာသားတစ်ခုချင်းစီကို Bytes (Hexadecimal တစ်လုံး နှစ်လုံး) အဖြစ်ကိုယ်စားပြုပါတယ်။     ဥပမာအားဖြင့် 1100100101011011 ကဲ့သို့ Modbus Data နဲ့ 16-Bit စကားလုံးကို ပုံမှန်အားဖြင့် C95B နဲ့သတ်မှတ်ပြီး High ကို C9 နဲ့ Low ကို 5B ဆိုပြီးခွဲထားပါတယ်။     Modbus Master Device ကနေပေးပို့တဲ့ "Query" Message ဟာ Slave Device ဆီကို ပို့ပြီး သက်ဆိုင်ရာ "Response" Message နဲ့ Queried ကနေ Master Device ကိုပြန်ပို့ပေးပြီးအလုပ်လုပ်ပါတယ်။    အောက်‌ကပြထားတဲ့ ပုံတစ်ပုံချင်းစီကနေ Function Code တစ်ခုချင်းစီဘယ်လိုအလုပ်လုပ်ရ‌သလဲဆိုတာပြန်ရေးပေးထားပါတယ်။ Modbus Function Code 01- Read Coil ==============================     ဒီ Modbus Function ဟာ Slave Device နဲ့အတူသူ့ရဲ့ Discrete Outputs ("Coils") ကို ဖတ်ပြီးတော့ အဲ့ဒီ Status တွေကို Data နဲ့ပြန်ပေးပါတယ်။ ...

OSI Layer

     OSI ကို IT, EC နဲ့ McE ကသူတွေနဲ့အရမ်းကြီးစိမ်းကားမယ့်အရာတော့မဟုတ်ပါဘူး။ OSI ဆိုတာဟာ Open Systems Interconnection Model ကိုဆိုလိုတာပါ။ OSI ဟာ Networking System ရဲ့ Functions တွေကိုဖော်ပြတယ်ဆိုလည်းမမှားပါဘူး။ OSI Model မှာ ကွန်ပြူတာစနစ်တစ်ခုအကြားမှာရှိတဲ့ဆက်သွယ်ရေးကိုကွဲပြားခြားနားတဲ့အလွှာ(Layer)ခုနစ်နဲ့ပိုင်းခြားထားပါတယ်။ အဲ့တာကတော့ - Physical Layer - Data Link Layer - Network Layer - Transport Layer - Session Layer - Presentation Layer - Application Layer    OSI Layer ကိုမှအပိုင်းကြီးနှစ်ပိုင်းထက်ပိုင်းသေးပါတယ်။ Physical ကနေ Network အထိကို Media Layer အဖြစ်သတ်မှတ်ထားပြီး Transport ကနေ Application အထိကို Host Layer အဖြစ်သတ်မှတ်ထားပါတယ်။    OSI Model ကိုဒီနေ့အထိ Networking Architecture အဖြစ်အသုံးပြုနေ‌ဆဲဖြစ်ပါတယ်။အခုဖော်ပြမယ့်အကြောင်းအရာများကိုအသေးစိတ်ရှင်းမပြတော့ပါဘူး။ Automation Field အမြင်ကနေပဲ အပေါ်ယံနား‌လည်ယုံလောက်သာရေးပြီးဖော်ပြသွားမှာပါ။ အကယ်၍ IT သို့မဟုတ် Networking အပိုင်းလေ့လာတဲ့သူဖြစ်ပါက အသေးစိတ်လေ့လာသင့်ပါတယ်လို့အကြံပေးချင်ပါ...