Skip to main content

Resistance Temperature Detector (RTD)

    RTD မှာ သန့်စင်တဲ့ Metal သို့မဟုတ် Certain Alloys ​တွေပါဝင်ပါတယ်။ အဲ့ဒီမှာက Temperature အပူချိန်မြှင့်လာ​လေ​လေ Resistance တန်ဖိုးကများလာ​လေ​လေ ဖြစ်ပြီး Temperature တန်ဖိုး နည်းလာ​လေ​လေ Resistance တန်ဖိုး နည်းလာ​လေ​လေပါပဲ။ RTD ဟာ Electrical Transducer ​တွေလုပ်​ဆောင်သလိုမျိုးပဲ Physical အပိုင်းအရကြည့်မယ်ဆိုရင် RTD ရဲ့ တန်ဖိုးကို Voltage Signal က​နေ​ပေးလိုက်တဲ့ Resistance အတိုင်းအတာအဖြစ်တန်ဖိုးဟာ ​ပြောင်းလဲသွားပါတယ်။


    RTD ဟာ အများအားဖြင့် Platinum, Copper သို့မဟုတ် Nickel နဲ့ ပြုလုပ်တာများပါတယ်။ အဲ့ဒီ Metal ​တွေကလည်း RTD Application နဲ့သင့်​လျော်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် သူတို့ရဲ့ လုပ်​ဆောင်ချက်​တွေဟာ Linear Function အတိုင်းပဲ, သူတို့ရဲ့ Coefficient , သူတို့ရဲ့ Ability ​တွေဟာ Temperature Cycles ကို Repeated လုပ်တာ ခံနိုင်ရည်ရှိပါတယ်။ ပထမပုံကို ကြည့်ရင် သိနိုင်ပါတယ်။

Calculation of RTD


    အဲ့​တော့ ကျွန်​တော်တို့ဟာ Temperature (Physical) ​ပြောင်းလဲမှု တန်ဖိုးကိုသိဖို့အတွက် Equation တစ်ခုလိုအပ်ပါတယ်။ အရင်ဦးဆုံး Temperature Coefficient ကို အရင်သိ​အောင်လုပ်ရပါမယ်။ အခုက 0°C က​နေ 100°C အတွင်း ရှိတဲ့ Range ကို R0 နဲ့စားပါမယ်။

      a0 = R100 - R0 / R0 × 100

a0 ဆိုတာ Temperature  Coefficient 
R100 ဆိုတာ 100°C မှာရှိတဲ့ Resistance တန်ဖိုး
R0 ဆိုတာ 0°C မှာရှိတဲ့ Resistance တန်ဖိုး ကိုဆိုလိုတာပါ။
    အဲ့​တော့ Coefficient သိတာနဲ့ လက်ရှိ Temperature တန်ဖိုးကို ​​အောက်ပါ Equation နဲ့ သုံးပြီးရှာနိုင်ပါတယ်။ ဒီ​နေရာမှာ သူ့ရဲ့  Equation က Linear Equation အ​နေနဲ့ဘယ်လို​ပြောင်းလဲအသုံးပြုသလဲဆိုတာပြပါမယ်။
    Linear Equation မှာဆိုရင် y = mx + c လို့သုံးပါတယ်။ ဒီ​နေရာမှာ y ကို Rt, x ကို t(Temperature) နဲ့ R0လို့သုံးပါတယ်။

y = mx + c

Rt = mt + R0

Rt = (R100-R0)/100) × t + R0 |  (m = (R100-R0)/100)

Rt = (R0 × (R100-R0)/(100-R0) × t ) + R0

Rt = R0a0t + R0 ( a0 = (R100-R0)/(R0-100))

Rt = R0 ( 1 + a0t ) ဆိုပြီး​တော့ရပါတယ်။

    ဥပမာအ​နေနဲ့ PT100 မှာ R100 မှာ 139.1 Ohm ရှိပြီး R0 မှာ 100 Ohm ရှိတယ်ဆိုရင်

a0 = R100 - R0 / R0 × 100

a0 = 139.1 - 100 / 100 × 100

a0 = 0.00391 / °C ရပါမယ်။

    အဲ့ဒီက​နေ RTD ရဲ့  50°C မှာ ဘယ်​လောက် Ohm ရှိလဲသိချင်ရင်

Rt = R0 ( 1 + a0t )

Rt = 100 ( 1 + 0.00391 × 50 )

Rt = 119.55 Ohm ဆိုပြီးရပါတယ်။

Siemen S7300 PLC's Programming with PT100


    သို့​သော်လည်းလက်​တွေ့မှာ PLCနဲ့ ချိတ်ဆက်ရင် Digital Signal အ​နေနဲ့သာပြတာပါ။ အဲ့ဒီ Signal က​နေ Output ကို Integer, Hexa , Octal အစသဖြင့် ​ပြောင်းလဲအသုံးပြုလို့ရပါတယ်။ အခု​တော့ S7300 ကို Analog Input Module က​နေ 4 - 20 mA ခံပြီး​တော့ S7300 ရဲ့ 2 Wire Current Mode က​နေ ချိတ်ပြီးသုံးပါမယ်။ RTD Sensor ​တွေမှာ 2 Wire က​နေ 4 Wire အထိအမျိုးအစားရှိပါတယ်။ အခုက 2 Wire နဲ့သုံးပါတယ်။ RTD ဟာလည်း 0°C က​နေ 400 °C အတွင်းလုပ်ပါတယ်။​နောက်ကြားထဲမှာ လိုအပ်တဲ့ Configure ​တွေလုပ်ရပါမယ်။
    ​နောက်ဆုံးပုံက Programming Rung 1 ကိုကြည့်ရင် IW10 က​နေ MW100 ကို Move လုပ်ပါတယ်။ MW100 ကို Integer က​နေ Double Integer ကို​ပြောင်းဖို့ MD110 သုံးပြီး Double Integer က​နေ Real ကို​ပြောင်းဖို့အတွက်
MD130 ကိုသုံးပါတယ်။ Real ကိုဘာလို့သုံးလဲဆိုရင် Real မှာ အ​ပေါင်းတန်ဖိုးပဲရှိလို့ပါ။ 
    ဒီ​နေရာမှာ Rung 2 က DIVကို သုံးထားပါတယ်။ MD130 ကရတဲ့ တန်ဖိုးနဲ့ 69.12 ကိုစားပါမယ်။ ဘာလို့ 69.12 ကိုသုံးရသလဲဆိုရင် ကျွန်​တော်တို့အခုသုံးတဲ့ Transmitter က 0°C က​နေ 400°C ပဲရပါတယ်။ 0°C ဆိုရင် 4 mA ဖြစ်ပြီး 400°C မှာဆိုရင် 20mA ပါ။ S7300 ရဲ့ 8 Channel Analog Module မှာ 20mA ဟာ Decimal အားဖြင့် 27648 ရှိပါတယ်။ အဲ့​တော့ 27648 ကို 400နဲ့စားလိုက်တဲ့အခါ 69.12 ဆိုတာ ရလာပါတယ်။ DIV ကရလာတဲ့ Actual Temperature တန်ဖိုးကို MD150 မှာပြပါမယ်။

Reference : Instrumentationtools, General Automation


Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...