Skip to main content

Vision Camera Systems in Industrial Automation


    Industrial တွေမှာ Operator တွေက သူတို့ရဲ့ ထုတ်ကုန်တွေ ပစ္စည်းတွေကို Efficiency များများနဲ့ ကောင်းကောင်းထုတ်ဖို့ကိုပဲလိုလားကြပါတယ်။၊ Plant Operator တွေမှာ သူတို့ရဲ့ Role တွေကတော့ Monitoring  တွေရဲ့ အခြေအနေကိုစောင့်ကြည့်မယ်,ပြီးရင် ကိုယ်တိုင်သွားပြီး Control လုပ်တာတွေလည်းရှိတာပေါ့။

    တစ်ခါတစ်လေမှာ Operator တွေက ကုန်ပစ္စည်းထုတ်ကုန် သို့မဟုတ် Process တွေကို ပကတိ မျက်စိနဲ့ စစ်ဆေးတဲ့အခါမှာ Error တွေဖြစ်တတ်ပါတယ်။ အဲ့ဒီ မလိုလားအပ်တဲ့ Error တွေကြောင့်ပဲ Output ဖြစ်တဲ့ အရာတွေရဲ့ Product တွေက Quality နိမ့်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုပြသာနာတွေကို ရှောင်ရှားဖို့အတွက် Vision System ကို  Automation တွေမှာအသုံးပြုလာပါတယ်။

    Vision System ဆိုတာကတော့ လူတွေရဲ့ မျက်စိလိုပါပဲ။ တစ်ခုပဲကွာသွားတာက စက်ဖြစ်သွားတာကြောင့်မလို့ပါပဲ။ Power ပေးလိုက်ရုံနဲ့ လူတွေလို အလုပ်လုပ်လို့ မောပန်းတာတို့ အလုပ်ကိုမရပ်မနားဆက်တိုက်အလုပ်လုပ်မနိုင်တာတွေမရှိပါဘူး။ Vision System ထဲမှာရေးထားတဲ့ ရှုပ်ထွေးလှတဲ့ Program တွေကြောင့် လူတွေကပြုလုပ်တဲ့ Error ကိုတော့ တော်တော်ကိုလျော့ချပေးပါတယ်။ သို့သော်လည်း Company တော်တော်များများက အသင့်ယူသုံးလို့ရတဲ့ အခပေး Software တွေဖန်တီးထားတာကြောင့် အတိုင်းအတာတစ်ခုအထိတော့ အသုံးလွယ်မယ်လို့ယူဆပါတယ်။

    Vision System ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့  Real Time Image တွေကိုရယူမယ်, ပြီးရင် Predefine လုပ်ထားတဲ့ Image တစ်နည်းပြောရရင် အကောင်းဆုံး Output ရဲ့ စံနမူနာ Image နဲ့ နှိုင်းယှဥ်ပြီးတော့ Output ကိုထုတ်ပေးမယ်ဆိုတာပါပဲ။
    ပုံထဲက ပုံစံအရ ဆိုရင် Object ရဲ့ Image ကို ရယူဖို့အတွက် Light Source ကကူညီပေးတယ်။ အဲ့ဒါမှလည်း Image ပုံစံကိုကောင်းကောင်းရမှာပေါ့။ အဲ့ဒီမှာ Lens က Image ကိုရယူပေးပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေကို Sensor ဆီကိုပို့ပေးတယ်။ ဒီနေရာမှာ ကျွန်တော်သင်ဖူးသလောက် အသိနဲ့ပြောပြရရင် ကျွန်တော်တို့ရဲ့ ပုံတွေကို စက်က Pixel အနေနဲ့ပဲမြင်ပါတယ်။ ဒုတိယပုံကိုကြည့်ရင်မြင်သာပါတယ်။ အဲ့ဒီ Pixel တစ်ကွက်တိုင်းမှာလည်း သက်ဆိုင်တဲ့ တန်ဖိုးတွေရှိပါတယ်။ စက်က အဲ့ဒီ Pixel တွေကိုပဲဖတ်ပြီးတော့ သူနဲ့ထက်တူကြရပါမယ်ဆိုတဲ့ Output ရဲ့ Pixel နဲ့ နှိုင်းယှဥ်တာပါ။ 
    အဲ့ဒီကရလာတဲ့ အချက်အလက်တွေကို Communicationကနေတစ်ဆင့် PLC စက်တွေထဲကို Input ပို့ပြီးတော့အလုပ်လုပ်စေပါတယ်။ Vision System တွေဟာ ရေတွက်လို့ရတဲ့ပုံစံရော QR Code တွေမှန်ရဲ့လားဆိုတာ စစ်ဆေးတာမျိုး အစရှိတဲ့ အသုံးဝင်မှုတွေကြောင့်ပဲ အနာဂါတ်မှာ ဒီထက်ပိုပြီးသုံးလာမယ်လို့ မျှော်လင့်ကြပါတယ်။ 
Reference: instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...