Skip to main content

OSI Layer


     OSI ကို IT, EC နဲ့ McE ကသူတွေနဲ့အရမ်းကြီးစိမ်းကားမယ့်အရာတော့မဟုတ်ပါဘူး။ OSI ဆိုတာဟာ Open Systems Interconnection Model ကိုဆိုလိုတာပါ။ OSI ဟာ Networking System ရဲ့ Functions တွေကိုဖော်ပြတယ်ဆိုလည်းမမှားပါဘူး။ OSI Model မှာ ကွန်ပြူတာစနစ်တစ်ခုအကြားမှာရှိတဲ့ဆက်သွယ်ရေးကိုကွဲပြားခြားနားတဲ့အလွှာ(Layer)ခုနစ်နဲ့ပိုင်းခြားထားပါတယ်။ အဲ့တာကတော့
- Physical Layer
- Data Link Layer
- Network Layer
- Transport Layer
- Session Layer
- Presentation Layer
- Application Layer

   OSI Layer ကိုမှအပိုင်းကြီးနှစ်ပိုင်းထက်ပိုင်းသေးပါတယ်။ Physical ကနေ Network အထိကို Media Layer အဖြစ်သတ်မှတ်ထားပြီး Transport ကနေ Application အထိကို Host Layer အဖြစ်သတ်မှတ်ထားပါတယ်။

   OSI Model ကိုဒီနေ့အထိ Networking Architecture အဖြစ်အသုံးပြုနေ‌ဆဲဖြစ်ပါတယ်။အခုဖော်ပြမယ့်အကြောင်းအရာများကိုအသေးစိတ်ရှင်းမပြတော့ပါဘူး။ Automation Field အမြင်ကနေပဲ အပေါ်ယံနား‌လည်ယုံလောက်သာရေးပြီးဖော်ပြသွားမှာပါ။ အကယ်၍ IT သို့မဟုတ် Networking အပိုင်းလေ့လာတဲ့သူဖြစ်ပါက အသေးစိတ်လေ့လာသင့်ပါတယ်လို့အကြံပေးချင်ပါတယ်။

Physical Layer

    ဒီ Layer ဟာ OSI ထဲမှာအနိမ့်ဆုံးအလွှာဖြစ်ပါတယ်။ Date Bit တွေကို လွယ်လွယ်ကူကူစီးဆင်းစေဖို့အတွက် Physical Layer ရဲ့ Sending Device ကနေ Receiving Device အထိပို့ပေးပါတယ်။ Voltage, Pin Layout, Cabling နဲ့ Radio Frequency တို့ပါဝင်ပါတယ်။ Physical Resources အနေနဲ့ Repeaters, Network Adapters နဲ့ Modems တို့ပါဝင်ပါတယ်။

Data Link Layer

    Date ဘောင်(Frame)ထဲကို node to node ဒေတာလွဲပြောင်းခြင်းကိုလုပ်ဆောင်ဖို့အတွက်တိုက်ရိုက်ချိတ်ဆက်ထားတဲ့ node များကိုအသုံးပြုပါတယ်။ ဒီအလွှာမှာအပိုင်းနှစ်ခုရှိပါတယ်။
- MAC (Media Access Control)
- LLC (Logical Link Control)

Network Layer

    ဒီ Layer မှာက Data Link ကလာတဲ့ Frame တွေကိုလက်ခံဖို့နဲ့ Frame ထဲမှာပါတဲ့ လိပ်စာတွေကိုအခြေခံပြီး ရည်ရွယ်ထားတဲ့နေရာတွေကိုရောက်အောင်ပို့ပေးပါတယ်။ IP ကဲ့သို့သော်အရာကိုအသုံးပြုထားပြီး Router များဟာ ကွန်ရက်များအကြားသို့သွားရန်လမ်းကြောင်းပေးတဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

Transport Layer

    Delivery နဲ့ Data Packets တွေကို Error Checking လုပ်ပေးပါတယ်။ ဒီ Layer မှာ size, sequencing , System နဲ့ Host ကြားက Data Transfer လုပ်တာကိုထိန်းညှိပေးပါတယ်။ TCP (Transmission Control Protocol) သည်ထင်ရှားတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။

Session Layer

    ဒီအလွှာကမတူညီတဲ့ ကွန်ပြူတာများအကြားစကားဝိုင်း(Conversation)ကိုထိန်းချုပ်ပေးပါတယ်။အထောက်အထားစိစစ်ခြင်းနဲ့ပြန်လည်ချိတ်ဆက်ခြင်းတို့ပါဝင်ပါတယ်။ Application Data များကိုသီးခြားစီသိမ်းဆည်ပေးပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်သုံးမျိုးကတော့
- Simple
- Half Duplex နဲ့
- Full Duplex တို့ဖြစ်ပါတယ်။

Presentation Layer

   ဒီ Layer မှာ Application Layer အတွက်လိုအပ်တဲ့ ကုဒ်ဝှက်ခြင်းနဲ့စာဝှက်ခြင်းတို့ကိုလုပ်ဆောင်ပေးပါတယ်။

Application Layer

    နောက်ဆုံးအသုံးပြုသူ(End User)နဲ့ Application အလွှာနှစ်ခုစလုံးက Software Application နဲ့ တိုက်ရိုက်အပြန်အလှန်အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီအလွှာမှာ Google Chrome တို့ Fire Fox တို့လို Web Browser နဲ့ Office 365 ကဲ့သို့သော် End User Application တွေကိုပံ့ပိုးပေးပါတယ်။ ထင်ရှားတဲ့ဥပမာကတော့
-  HTTP (Hypertext Transfer Protocol)
- Post Office Protocol (POP) နဲ့
- Domain Name System (DNS) အစရှိသည်တို့ဖြစ်ပါတယ်။

Reference : Force Point


    

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...