Skip to main content

Managed Switch Vs Unmanaged Switch


    မည်သည့် Network တွေမှာမဆို Network Switch ဆိုတာလည်းအရေးပါတဲ့အရာတစ်ခုပါပဲ။ Network ပေါ်မှာရှိတဲ့ Communication အားလုံးဟာ Network Switch ကြောင့်သာဖြစ်ပေါ်လာတာပါ။ Network Switch တွေဟာ Port တစ်ခုကနေတစ်ခု အပြန်အလှန် Data တွေကိုပို့လိုက်ယူလိုက် လုပ်ဆောင်ကြပါတယ်။ အဲ့ဒီ Function တွေကြောင့် မည်သည့် Network မှာမဆို Network Switch တွေက Brain တစ်ခုအနေနဲ့အလုပ်လုပ်ကြပါတယ်။

    မည်သည့် Network Switch မဆို Port အရေအတွက်နဲ့  အခြေခံပေါ်လိုက်ပြီး အမျိုးအစားပိုင်းခြားထားပါတယ်။ Industrial Application တွေများအသုံးများဆုံး Network Switch တွေကတော့ 24-Port နဲ့ 48-Port Network Switch တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ 24-Port နဲ့ 48-Port Network ရဲ့အဓိကကွာခြားချက်တွေကတော့-

- 48-Port များသည် Power များပိုမိုလိုအပ်ပြီးတော့ သင့်လျော်တဲ့ Infrastructure တွေလည်းလိုအပ်ပါတယ်။

- တစ်ချို့ Module တွေက 48-Port မှာပဲရရှိနိုင်တာပါ။

- 24 နဲ့ 48 Port Network Switch ရဲ့ ကုန်ကျစရိတ်ကွာခြားချက်ကလည်းများပြားလှပါတယ်။

သူအတွက်အတိုချုံပြောရရင် သိသိသာသာကွာခြားတာဆိုလို့ Port အနည်းအများကွာခြားတာပါ။ Port များများသုံးရလေ Power Consumption လည်းများလေပါပဲ။

သို့သော်လည်း Network Switches များကို ကွဲပြားစေသည့် အဓိက ဘောင်များထဲမှ တစ်ခုက Switch ကို Managed Switch သို့မဟုတ် Unmanaged Switch တို့ဖြစ်ပါတယ်။

What is the difference between A Managed Network Switch and An Unmanaged Network Switch 

    ဒီနှစ်ခုရဲ့ ယေဘုယျအကျဆုံးအဓိကကွဲပြားချက်ကတော့ Unmanaged Network Switch တွေဟာ Network Switch Port ထဲကို Plug ထည့်ရုံနဲ့ Network ကိုချိတ်ဆက်ပေးပါတယ်။ Managed Network Switch မှာကတော့ Port များကိုပိုမိုထိန်းချုပ်ထားပေးပါတယ်။ သူတို့ရဲ့ကွဲပြားခြားနားချက်ကိုအသေးစိတ်ပြောရမယ် ဆိုရင်တော့,

- Managed Network Switch တွေဟာ သူတို့ရဲ့ Port ကိုချိတ်ဆက်ထားတဲ့ Device ရဲ့ Configurations နဲ့  Monitoring လုပ်ဖို့ရန်အတွက်ထိန်းချုပ်ဖို့ခွင့်ပြုထားပါတယ်။ Unmanaged Network Switch မှာတော့ သူ့ Port ထဲကို Plug ထိုးရုံမျှနဲ့ Network ကိုချိတ်ဆက်သွားပါမယ်။

- Unmanaged Network Switch တွေဟာ သာမန် Plug ထိုးရုံမျှနဲ့ချိတ်ဆက်ပေးတာကြောင့်မလို့  တစ်ခါတစ်ရံမှာကောင်းကျိုး‌ပုံစံနဲ့ပေးနိုင်စွမ်းရှိပါတယ်။ Managed Network မှာတော့ Network ကို Connect မလုပ်ချင်မှာ User အနေနဲ့ ချိတ်ဆက်ထားတဲ့ Device ကို Configurations အရင်လုပ်ဖို့လိုအပ်ပါတယ်။

- Managed Network Switch ရဲ့ Traffic မှာဆိုရင်တော့ Device တွေအတွက် Local Network အသစ်များနဲ့ခွဲဝေပေးခြင်းမှာကိုထိထိရောက်ရောက်ပြုလုပ်ပေးပါတယ်။ သို့သော်လည်း Unmanaged Network Switch မှာတော့ Data Traffic တွေကို Control လုပ်ဖို့အတွက်လုံးဝမပေးထားပါဘူး။

- Network Security အရမှာတော့ Managed Network Switch တွေဟာ Unmanaged Network Switch တွေထက်ပိုပြီးတော့သင့်လျော်ပါတယ်။ Managed Network Switch သည် Unmanaged Network Switch ထက် Data Protection တွေမှာပို Safe ဖြစ်ပါတယ်။

- SNMP (Simple Network Management Protocol) လိုပုံစံ Feature မျိုး Managed Network Switch တွေမှာပါရှိပါတယ်။ ဒါကြောင့်မလို့ Network ပေါ်မှာအလုပ်လုပ်နေစဉ်  Network နဲ့ Physical ချိတ်ဆက်မှုမလိုအပ်ပါဘူး။ Unmanaged Network Switch မှာတော့ SNMP မပါဝင်ပါဘူး။

- Cost ကလည်း Unmanaged Network Switch သည် Managed Network Switch ထက်ပိုပြီးတော့ဈေးသက်သာပါတယ်

Reference : Instrumentationtools, KrGroup

   

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...