ကျွန်တော်တို့ Modbusဆိုတာနဲ့ PLC,HMI နဲ့VFD တို့မှာသုံးနေကြတာကိုတွေ့ဖူးကြမှာပါ။ ဒီလိုသုံးရတာကလည်း Data တွေကိုအလွယ်တကူချောမွေ့စွာနဲ့မျှဝေဖို့အတွက်သုံးရတာဖြစ်ပါတယ်။
Modbus ကိုသုံးရင် Physical Connection Layer သုံးခုရှိပါတယ်။ အဲ့တာတွေကတော့ RS232, RS485နဲ့TCP IP တို့ဖြစ်ပါတယ်။ ဒီအထဲမှာမှ RS485အကြောင်းကိုပြောပြပါမယ်။
RS485 ကို POS, Industrial, Telecom, Computer, PLC, Microcontroller နဲ့ Intelligence Sensor တွေမှာအသုံးပြုကြပါတယ်။ သူရဲ့ပုံစံကိုတစ်ခုချင်းစီကြည့်ရအောင်။
Multi Node Architecture
===================
RS485 ဟာ Serial Protocol Communication အမျိုးအစားဖြစ်ပြီ Multi-Node Architect ဖြစ်ပါတယ်။ ဆိုလိုတာက ဥပမာအနေနဲ့ပြောရရင် Master Device တစ်ခုနဲ့ Slave Device ငါးခုရှိတယ်ဆိုပါစို့။ သူတို့အချင်းချင်းချိတ်ဆက်ဖို့ Modbus RTU ကိုသုံးလို့ရပါတယ်။ ချိတ်ဆက်မယ့် Networkပုံစံကတော့ Daisy Chain နဲ့ချိတ်ဆက်ပါမယ်။ သူ့အကြောင်းကိုနောက်မှသက်သက်စီတင်ပေးပါမယ်။
Distance
=======
RS485 ကို ပေ 4000 နဲ့ Device ပေါင်း32ခုအထိသုံးနိုင်တယ်လို့ရေးကြပါတယ်။ တကယ့်လက်တွေ့မှာတော့ ပေတစ်ထောင်လောက်ဝန်းကျင်ပဲသုံးနိုင်တာာပါ။ ဘာကြောင့်လဲဆိုတော့ Electrical Noise တွေကြောင့်ပါ။ 32 ခုအထိကိုအကွာအဝေးများများသုံးချင်ရင်တော့ Repeater ခံပြီးသုံးရပါမယ်။
Connecting Interface
=================
Computer မှာ RS485 အတွက် Ports မရှိပါဘူး။ သုံးချင်ရင် Serial to USB Converter ခံသုံးရပါတယ်။ အဲ့တာမှပဲအဆင်ပြေတာပါ။
Wiring
======
RS485 မှာယေဘုယျအားဖြင့် A+ (Data +) နဲ့ A- (Data -) ဆိုပြီးပါပါတယ်။ တတိယကြိုးဖြစ်တဲ့ Earth Connection ကြိုးကတော့ Signal Noise တွေကိုလျော့ဖို့အတွက်သုံးတာပါ။
Type of Connector
===============
RS485 ရဲ့Modbus Port ကို RJ45 Screw Terminal Blocks, DB9, DB25 နဲ့ တခြား Round-Pin DINConnector ဆိုပြီးခွဲခြားထားပါတယ်။
Network Setting
=============
သူရဲ့ Parameter တွေကတော့,
- Adress of the Device
- Baud Rate
- Parity
- Stop Bit
- Data Length တို့ပဲဖြစ်ပါတယ်။
Reference : Instrumentationtools
Comments
Post a Comment