Skip to main content

CANOpen Network Topology

အရင်ဦးဆုံး CAN ဆိုတဲ့အဓိပ္ပာယ်ကတော့ Controller Area Network လို့အဓိပ္ပာယ်ရပါတယ်။ CANOpen ဟာ Industrial Automation မှာအသုံးများတဲ့ Protocol တစ်ခုဖြစ်ပါတယ်။ သူ့ကို PLC နဲ့ တခြား Controller တွေနဲ့အတူ Device ပေါင်းများစွာအတွက်လိုအပ်တဲ့ Data တွေကို မျှဝေဖို့အတွက်အသုံးပြုပါတယ်။

     ဒီ CAN မှာဆိုရင် ထင်ရှားတဲ့ Configuration သုံးခုရှိပါတယ်။အဲ့တာကတော့ Ring, Star နဲ့ Bus Topology တွေပါပဲ။ CAN ရဲ့ Language ဟာ Morse Code လိုပဲ On and Off electrical pulse ကိုအသုံးပြုထားပါတယ်။ ဒီMessage တွေမှာDigital Low Voltage နဲ့ High Voltage အပြောင်းအလဲတွေပါဝင်ပါတယ်။ Binary Code 1s နဲ့ 0s ပုံစံလိုမျိုးပေါ့။ CAN မှာလည်း CAN A, CAN B, CAN C ဆိုပြီးတော့ရှိတယ်။

CAN A - Low Speed 10kbps.
CAN B - Medium Speed 33 to 250kbps.
CAN C - High Speed 250 kbps to 1 Mbps.

အလွယ်ဆုံး တစ်ခုမှတ်ထားရမှာကတော့ "Data Transmission Speed မြန်လေ ဈေးကြီးလေ" ဆိုတာပါပဲ။ 

    အခုကတော့ CANOpen အကြောင်းပဲ အဓိကထားရေးသွားပါမယ်။

    ပထမအောက်မှာပြထားတဲ့ CANOpen architecture မှာ Wire သုံးခုပါတာတွေ့ရလိမ့်မယ်။ CAN_High, CAN_Low နဲ့ CAN_Ground ဆိုပြီးတော့ပေါ့။ ဒီ Protocol ကိုခွဲခြားဖို့အတွက်ပစ္စည်းတစ်ခုလိုလိမ့်မယ်။ အဲ့တာက Terminating Resistor ပဲ။ သူ့ကို LT ဆိုပြီးဖော်ပြထားပါတယ်။ အဲ့တာကဘာဖြစ်လို့လိုအပ်သလဲဆိုရင် ဘယ် Node မှာစပြီး ဘယ် Node မှာဆုံးလည်းဆိုတာသိချင်လို့ပါပဲ။ အဲ့တာမပါရင်, Node တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုမရှိပါဘူး။ Resistor ရဲ့ တန်ဖိုးဟာ 120 Ohms ဖြစ်ဖို့တော့လိုအပ်ပါတယ်။ CANOpen အတွက် သီးခြား Ground Signal ကို Common Reference အနေနဲ့သုံးထားပါတယ်။

Types of CanOpen Network Topologies
===============================
    သူ့မှာအဓိက Topology သုံးခုရှိပါတယ်။

1.Basic Topology 
2.Topology with Repeater
3.Bridge Topology ဆိုပြီးဖြစ်ပါတယ်။

Basic Topology 
=============
    သူ့မှာ ချိတ်ဆက်မှုကိုအဆုံးသတ်ဖို့အတွက် Line Termination Resistor ကိုအသုံးပြုထားပါတယ်။ဒါအပြင် CAN Tap ကိုလည်းသုံးထားပါတယ်။

    ဒီ CAN Tap ကြောင့် Star Topology လိုမျိုးအပြည့်မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်းပုံစံမျိုးဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။ ဒီ Tap မှာ အမျိုးမျိုးသော Node မှလာတဲ့ CANOpen ကြိုးတွေကို တိုက်ရိုက်ချိတ်ဆက်လို့ရမယ့် Plug-Type Port တွေပါတဲ့အတွက်ကြောင့် Open Wire နဲ့ Node တွေနဲ့ချိတ်ဆက်မယ့်လိုအပ်ချက်တွေမရှိတော့ပါဘူး။

    ဒီ Basic Topology မှာ Open နဲ့ Loose wire တွေက လက်တွေ့မှာလိုက်နာဖို့မသင့်ပါဘူး။ ဒီကိစ္စကိုကျော်လွှားချင်ရင် Drop Cables တွေကို ‌တတ်နိုင်သမျှ လျော့ပါလို့ပဲအကြံပြုထားပါတယ်။

Topology with Repeater 
====================
    ဒုတိယအမျိုးအစားကတော့ Repeater Technology ကနေဆင်းသက်လာတာပါ။ အဲ့တာက အကွာအဝေးအရှည်အတွက် Signal တွေကို Booster ပေးဖို့သုံးပါတယ်။ အကွာအဝေးရှည်ပြီး သုံးရမယ့် Device တွေများလာရင် Repeater ကိုသုံးပါတယ်။ ဒီ Repeater ကြောင့် 64 nodes အထိသုံးနိုင်ပါတယ်။ သူက Group တွေထဲကို သီးသန့်လုပ်ပေးနိုင်တာကြောင့် Node တွေထဲက Group တစ်ခု Fail ဖြစ်ခဲ့ရင် ကျန် Group တွေကအရှိအတိုင်းအလုပ်လုပ်နေမှာပါ။

Bridge Topology 
==============

  Bridge မှာလည်းအပေါ်ကပြောခဲ့သလို Repeater ပါပါတယ်။ မတူတာက Repeater အထာအသိုမတူတာပါ။ CANOpen ကွန်ရက်တစ်ခုလုံးကို CAN တံတားကနေတစ်ဆင့် အနည်းနဲ့အများသီးခြားခွဲထုတ်နိုင်တဲ့ကွန်ရက်ခွဲများအဖြစ်ခွဲခြားပေးနိုင်ပါတယ်။ ဒီ ကွန်ရက်ခွဲတစ်ခုစီမှာ သူရဲ့ကိုယ်ပိုင် Transmission Speed ရှိပြီး Store and Forward Principle အပေါ်မှာအခြေခံပါတယ်။

Reference : Instrumentationtools, Motor


Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...