Skip to main content

Difference Between Absolute & Incremental Encoders


Encoder Types & Technologies

    Encoder အမျိုးအစားပေါင်းများစွာရှိပါတယ်။ အဲ့ထဲကမှ အဓိက Sensing Technique နှစ်ခုကတော့

-Linear 
-Rotary ပါပဲ။

အဲ့တာနဲ့အတူ Encoder ရဲ့ Measurement ပုံစံတွေက
-Absolute
-Incremental ပါ။

Electromechanical Technologies တွေကတော့
-Magnetic
-Optical
-Inductive
-Capacitive
-Laser တို့ဖြစ်ပါတယ်။

    Encoder နဲ့ ပတ်သတ်တဲ့အချက်အလက်တွေကတော့အများကြီးပါပဲ။ Basic တွေလောက်ပဲ နားလည်အောင်နဲ့ ဘာကြောင့်လဲ ဘာလဲ ဆိုတာကို သိဖို့လောက်ပဲသိတာကကောင်းပါတယ်။

အရင်ဦးဆုံး Encoder တစ်ခုချင်းစီအကြောင်းကိုရေးပါမယ်။

1.Linear Encoder
     Linear Encoder က Point 2 ခု ကြားက အကွာအဝေးကိုတိုင်းဖို့အတွက် Transducer ကိုသုံးပါတယ်။ ဒီ Encoder တွေမှာ Encoder နဲ့ Transducer ကြားမှာ Rod နဲ့ Cable ကိုသုံးပြီး Object ရဲ့ Movement ကိုတိုင်းတာပါတယ်။

     Object က ရွေ့လျားတဲ့အချိန်မှာ Transducer ရဲ့ Data က Rod နဲ့ Cable ကနေ Data ကောက်ပြီးတော့ Object ရဲ့ Movement ကို Linear အတိုင်း Output Signal ထုတ်ပေးပါမယ်။

     အဲ့ဒီကရလာတဲ့ အချက်အလက်နဲ့ Object ဟာ ဘယ်လောက်အကွာအဝေးရွေ့လည်း ဆိုတာသိနိုင်ပါတယ်။ ဒီ Linear Encoder လည်း "Absolute" လည်းဖြစ်နိုင်သလို "Incremental" လည်းဖြစ်နိုင်ပါတယ်။ အဲ့တာကိုအောက်မှာသက်သက်ရေးပြပါမယ်။
2.Rotary (Shaft) Encoder
     Rotating Device ကနေပြီး (သို့မဟုတ်) လည်ပတ်နေတဲ့ Object ကနေတစ်ဆင့် Rotary Encoder က Data တွေစုပြီးတော့ Feedback တွေကိုပေးပါတယ်။ Encoder ဟာ Object ရဲ့ Angular Position သို့မဟုတ် Motion Based တွေကို Electrical Signal အနေနဲ့ပြန်ပြောင်းပါတယ်။
    Rotary သို့မဟုတ် Shaft Encoder ကလည်း " Absolute" သို့မဟုတ် " Incremental " လည်းဖြစ်နိုင်ပါတယ်။

3.Position Encoder
    Position Encoder ကတော့ Object ရဲ့ Position ကို ဆုံးဖြတ်ဖို့အတွက်သုံးပါတယ်။ အဲ့ဒီ Mechanical Position ကလည်း Absolute Position ပါပဲ။ အဲ့ဒီ Encoder ဟာ Object နဲ့ Encoder ကြားကရှိတဲ့ Position အပြောင်းအလဲ့ကိုသိဖို့သုံးပါတယ်။ အဲ့ဒီ Position တစ်ခုပြောင်းလဲတိုင်း Incremental Change ဖြစ်လာပါတယ်။ Position Encoder လည်းပဲ Absolute သို့မဟုတ် Incremental ဖြစ်နိုင်ပါတယ်။

4.Optical Encoder
    Optical Encoder ဟာ Pulses of Light ကိုသုံးပြီးတော့  Position,Direction နဲ့ Velocity တွေကို Data တွေအဖြစ်ပြောင်းလဲပေးပါတယ်။

    Shaft ကနေ တူညီစွာအပေါက်ဖောက်ထားတဲ့ Disc ကို Rotate လုပ်ပြီးတော့ Object ရဲ့ Movement တွေကို Linear Signal အဖြစ်ပြန်ထုတ်ပေးပါတယ်။ သူလည်းပဲ Absolute သို့မဟုတ် Incremental လည်းဖြစ်နိုင်ပါတယ်။

    အနှစ်ချုပ်ရရင် Encoder တွေဟာ Position,Speed,Angle အစရှိသဖြင့်အရာတွေကို Electrical Signal အဖြစ်ပြောင်းလဲပေးပါတယ်။

Absolute Encoder Vs Incremental Encoder
    ဒါကိုရှင်းပြဖို့အတွက် Rotary Encoder သုံးပြီးတော့ ပြောပြပါမယ်။

    Rotary "Absolute" Encoder မှာ Shaft ပေါ်မှာတင်ထားတဲ့ Slotted Disc ကို Stationary Pickup Device နဲ့တွဲဖက်သုံးပါတယ်။ Shaft က Rotate ဖြစ်နေတဲ့အချိန်မှာ ဖောက်ထားတဲ့ Pattern ကနေ Code တွေထုတ်ပေးပါတယ်။ အဲ့ဒီ Pattern ကနေပဲ တိကျတဲ့ Position ကိုပေးပါတယ်။
    အကယ်၍ Power က Off ဖြစ်သွားလို့ ပြန်ပြီး Power က On လာခဲ့ရင် ပကတိအနေအထားကနေပဲအလုပ်လုပ်ပါတယ်။ ဒီလိုပုံစံမျိုးတွေဟာ Safety အတွက်အရမ်းအရေးကြီးတဲ့နေရာတွေမှာသုံးလို့ကောင်းပါတယ်။

    Absolute Measurement Encoder ကလည်း နှစ်မျိုးရှိပါတယ်။

-Single -Turn 
-Multi-Turn ပါ။

    Single-Turn Encoder ကတောါ Short Distance အတွက်ဖြစ်ပြီး Multi-Turn ကတော့ Long Distance အတွက်ဖြစ်ပါတယ်။

    Incremental Encoder မှာဆိုရင်တော့ Shaft က လည်တဲ့အခါတိုင်းကို Output Signal ကိုထုတ်ပေးပါတယ်။ ဒီ Output Signal ထွက်တာကလည်း Shaft ရဲ့လည်ပတ်မှုအပေါ်မှာပဲ Signal ထုတ်ပေးတာပါ။

    Incremental Encoder က Power On တဲ့အချိန်မှာတော့ Zero ကနေစပါတယ်။ Absolute နဲ့မတူတာကတော့ Power Disruption သို့မဟုတ် Power Off သွားတဲ့အခြေအနေမှာဆိုရင် ပကတိအနေအထားကနေပြန်မစရတော့ပဲ သုည ကနေပဲစရပါတယ်။ ဒါကြောင့် Reference Point ကိုသတ်မှတ်ထားဖို့က အရေးကြီးပါတယ်။

Reference : Realpars

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...