Skip to main content

Difference Between Absolute & Incremental Encoders


Encoder Types & Technologies

    Encoder အမျိုးအစားပေါင်းများစွာရှိပါတယ်။ အဲ့ထဲကမှ အဓိက Sensing Technique နှစ်ခုကတော့

-Linear 
-Rotary ပါပဲ။

အဲ့တာနဲ့အတူ Encoder ရဲ့ Measurement ပုံစံတွေက
-Absolute
-Incremental ပါ။

Electromechanical Technologies တွေကတော့
-Magnetic
-Optical
-Inductive
-Capacitive
-Laser တို့ဖြစ်ပါတယ်။

    Encoder နဲ့ ပတ်သတ်တဲ့အချက်အလက်တွေကတော့အများကြီးပါပဲ။ Basic တွေလောက်ပဲ နားလည်အောင်နဲ့ ဘာကြောင့်လဲ ဘာလဲ ဆိုတာကို သိဖို့လောက်ပဲသိတာကကောင်းပါတယ်။

အရင်ဦးဆုံး Encoder တစ်ခုချင်းစီအကြောင်းကိုရေးပါမယ်။

1.Linear Encoder
     Linear Encoder က Point 2 ခု ကြားက အကွာအဝေးကိုတိုင်းဖို့အတွက် Transducer ကိုသုံးပါတယ်။ ဒီ Encoder တွေမှာ Encoder နဲ့ Transducer ကြားမှာ Rod နဲ့ Cable ကိုသုံးပြီး Object ရဲ့ Movement ကိုတိုင်းတာပါတယ်။

     Object က ရွေ့လျားတဲ့အချိန်မှာ Transducer ရဲ့ Data က Rod နဲ့ Cable ကနေ Data ကောက်ပြီးတော့ Object ရဲ့ Movement ကို Linear အတိုင်း Output Signal ထုတ်ပေးပါမယ်။

     အဲ့ဒီကရလာတဲ့ အချက်အလက်နဲ့ Object ဟာ ဘယ်လောက်အကွာအဝေးရွေ့လည်း ဆိုတာသိနိုင်ပါတယ်။ ဒီ Linear Encoder လည်း "Absolute" လည်းဖြစ်နိုင်သလို "Incremental" လည်းဖြစ်နိုင်ပါတယ်။ အဲ့တာကိုအောက်မှာသက်သက်ရေးပြပါမယ်။
2.Rotary (Shaft) Encoder
     Rotating Device ကနေပြီး (သို့မဟုတ်) လည်ပတ်နေတဲ့ Object ကနေတစ်ဆင့် Rotary Encoder က Data တွေစုပြီးတော့ Feedback တွေကိုပေးပါတယ်။ Encoder ဟာ Object ရဲ့ Angular Position သို့မဟုတ် Motion Based တွေကို Electrical Signal အနေနဲ့ပြန်ပြောင်းပါတယ်။
    Rotary သို့မဟုတ် Shaft Encoder ကလည်း " Absolute" သို့မဟုတ် " Incremental " လည်းဖြစ်နိုင်ပါတယ်။

3.Position Encoder
    Position Encoder ကတော့ Object ရဲ့ Position ကို ဆုံးဖြတ်ဖို့အတွက်သုံးပါတယ်။ အဲ့ဒီ Mechanical Position ကလည်း Absolute Position ပါပဲ။ အဲ့ဒီ Encoder ဟာ Object နဲ့ Encoder ကြားကရှိတဲ့ Position အပြောင်းအလဲ့ကိုသိဖို့သုံးပါတယ်။ အဲ့ဒီ Position တစ်ခုပြောင်းလဲတိုင်း Incremental Change ဖြစ်လာပါတယ်။ Position Encoder လည်းပဲ Absolute သို့မဟုတ် Incremental ဖြစ်နိုင်ပါတယ်။

4.Optical Encoder
    Optical Encoder ဟာ Pulses of Light ကိုသုံးပြီးတော့  Position,Direction နဲ့ Velocity တွေကို Data တွေအဖြစ်ပြောင်းလဲပေးပါတယ်။

    Shaft ကနေ တူညီစွာအပေါက်ဖောက်ထားတဲ့ Disc ကို Rotate လုပ်ပြီးတော့ Object ရဲ့ Movement တွေကို Linear Signal အဖြစ်ပြန်ထုတ်ပေးပါတယ်။ သူလည်းပဲ Absolute သို့မဟုတ် Incremental လည်းဖြစ်နိုင်ပါတယ်။

    အနှစ်ချုပ်ရရင် Encoder တွေဟာ Position,Speed,Angle အစရှိသဖြင့်အရာတွေကို Electrical Signal အဖြစ်ပြောင်းလဲပေးပါတယ်။

Absolute Encoder Vs Incremental Encoder
    ဒါကိုရှင်းပြဖို့အတွက် Rotary Encoder သုံးပြီးတော့ ပြောပြပါမယ်။

    Rotary "Absolute" Encoder မှာ Shaft ပေါ်မှာတင်ထားတဲ့ Slotted Disc ကို Stationary Pickup Device နဲ့တွဲဖက်သုံးပါတယ်။ Shaft က Rotate ဖြစ်နေတဲ့အချိန်မှာ ဖောက်ထားတဲ့ Pattern ကနေ Code တွေထုတ်ပေးပါတယ်။ အဲ့ဒီ Pattern ကနေပဲ တိကျတဲ့ Position ကိုပေးပါတယ်။
    အကယ်၍ Power က Off ဖြစ်သွားလို့ ပြန်ပြီး Power က On လာခဲ့ရင် ပကတိအနေအထားကနေပဲအလုပ်လုပ်ပါတယ်။ ဒီလိုပုံစံမျိုးတွေဟာ Safety အတွက်အရမ်းအရေးကြီးတဲ့နေရာတွေမှာသုံးလို့ကောင်းပါတယ်။

    Absolute Measurement Encoder ကလည်း နှစ်မျိုးရှိပါတယ်။

-Single -Turn 
-Multi-Turn ပါ။

    Single-Turn Encoder ကတောါ Short Distance အတွက်ဖြစ်ပြီး Multi-Turn ကတော့ Long Distance အတွက်ဖြစ်ပါတယ်။

    Incremental Encoder မှာဆိုရင်တော့ Shaft က လည်တဲ့အခါတိုင်းကို Output Signal ကိုထုတ်ပေးပါတယ်။ ဒီ Output Signal ထွက်တာကလည်း Shaft ရဲ့လည်ပတ်မှုအပေါ်မှာပဲ Signal ထုတ်ပေးတာပါ။

    Incremental Encoder က Power On တဲ့အချိန်မှာတော့ Zero ကနေစပါတယ်။ Absolute နဲ့မတူတာကတော့ Power Disruption သို့မဟုတ် Power Off သွားတဲ့အခြေအနေမှာဆိုရင် ပကတိအနေအထားကနေပြန်မစရတော့ပဲ သုည ကနေပဲစရပါတယ်။ ဒါကြောင့် Reference Point ကိုသတ်မှတ်ထားဖို့က အရေးကြီးပါတယ်။

Reference : Realpars

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...