Modbus Network တစ်ခုဟာ Master Device တစ်ခုကနေ တခြားများစွာသော် Salve Device တွေက Shared RS-485 အတွက်ချိတ်ဆက်ထားကြပါတယ်။ အဲ့ဒီ Physical Topology ကို Daisy Chain လို့လည်းခေါ်သလို A bus သို့မဟုတ် Trunk လို့လည်းခေါ်ပါတယ်။
ပထမပုံကိုကြည့်မယ်ဆိုရင် Modbus RTU Bus ဟာ Device တွေအကုန်လုံးကို Series နဲ့ချိတ်ဆက်ထားပါတယ်။ Continuous Chainပုံစံလိုမျိုးချိတ်ဆက်ထားတာပါ။ Trunk အစွန်းဖက်တစ်ဖက်တစ်ချက်ဆီ (Master Device နဲ့ နောက်ဆုံး Slave Device) မှာတော့ Termination Resistor (120 or 150 Ohm) နဲ့ချိတ်ထားပါတယ်။ ဒီမှာမေးစရာရှိတာက ဘာဖြစ်လို့ Termination Resistor သုံးရလဲဆိုတာမေးစရာဖြစ်လာပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ Termination Resistor ဟာ Signal Reflection ကိုကာကွယ်ဖို့အတွက်နဲ့ တိကျတဲ့ Communication ကိုလိုချင်တဲ့အတွက်အသုံးပြုရခြင်းဖြစ်ပါတယ်။
ဒုတိယပုံမှာ Star Topology မှာဆိုရင် Device တစ်ခုချင်းစီဟာသူတို့ရဲ့ကိုယ်ပိုင် Cable နဲ့ Master Device ဆီကိုချိတ်ဆက်ထားပါတယ်။ အဲ့ဒီအရာကပဲ Signal Reflection နဲ့ Communication Error ကိုဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူများရဲ့အကြံပြုချက်အရ Daisy Chain Connection ကိုသာသုံးသင့်ကြောင်းအကြံပြုထားပါတယ်။
Reference : Chipkin
Comments
Post a Comment