အရင်တုန်းက Automation နဲ့ပတ်သတ်တဲ့ Post တွေကို ကျွန်တော်ရဲ့ Facebook Account ကနေပဲတင်ပါတယ်။သို့သော်လည်း တစ်နေ့တော့ ကျွန်တော်က Facebook ရဲ့ Community Standard ကို ဘာမှမကျုးလွန်ပဲနဲ့ Facebook Account အပိတ်ခံရပါတယ်။ အဲ့တော့ ကျွန်တော်ပြန်တွေးလာမိတယ်။ မတော်တဆ ထက်များပိတ်ခဲ့မိလို့ရော Account ရော ပြန်မရခဲ့ရင် တင်ထားသမျှစာတွေဟာ သဲထဲရေသွန်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မလို့ဒီ Blog Site ကိုထောင်လိုက်ရတာပါ။ အစကတည်းကပြောခဲ့ပါတယ်။ ကျွန်တော်ဟာ နည်းပညာတက္ကသိုလ်ကျောင်းတက်လတ်စ သာမန်ကျောင်းသားတစ်ယောက်ပါပဲ။ အပြောကျယ်လှတဲ့ Automation အကြောင်းကို လေ့လာနေတာပါ။အရမ်းကျွမ်းကျင်နေတဲ့သူလည်းမဟုတ်ပါဘူး။မှားတာရှိရင်ဝေဖန်ထောက်ပြနိုင်ပါတယ်။ရည်မှန်းချက်ကတော့ရှင်းပါတယ်။ ကျွန်တောိသိသလောက်မှတ်မိသလောက် တခြား Automation နဲ့ဆိုင်တဲ့ Website ကနေရေးထားတဲ့ ဆောင်းပါးတွေကိုဘာသာပြန်ပြီး မျှဝေချင်တာပါ။
အဆင်ပြေရင် Follow လုပ်ပေးလို့လည်းရပါတယ်။ ကျွန်တော်ပြောပြတဲ့အရာတွေဟာ မိတ်ဆွေတွေ တစ်နေရာရာမှာ ပြန်သုံးလို့ အကျိုးရှိမယ်ဆိုရင် ကျေနပ်ပါတယ်။
အားလုံးကိုလေးစားလျက်,
Si Thu
Comments
Post a Comment