Skip to main content

PLC Scan Time Problem

PLC Scan Time Problem

    ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။
    ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။
     Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။
     ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး​နေရရင်​တော့ ပြသာနာရှိပါတယ်။ Scan Time ဖတ်နှုန်းအရမ်းကို ​နှေး​နေပါပြီ။ ​နှေး​တော့ဘာဖြစ်တတ်လဲဆို​တော့ PLC က အလုပ်​​ကောင်း​ကောင်းမလုပ်​တော့ဘူး။ PLC ရဲ့ Output ​တွေ​ရော Input ​တွေပါ Error ​တွေဖြစ်သွာနိုင်တယ်။
     အဲ့​တော့ Scan Time ကိုဘယ်လိုတိုင်းမလဲဆိုရင် PLC ​တွေမှာ Scan Time တိုင်းတဲ့ Data Register ​တွေရှိပါတယ်။ PLC ထုတ်ကုမ္ပဏီ တစ်ခုနဲ့တစ်ခု​တော့မတူတာ​တွေရှိ​ပေမယ့် Instruction စာအုပ်​တွေမှာရှာကြည့်ရင်​တော့​တွေ့နိုင်ပါတယ်။ အများအားဖြင့် Data Register ​တွေမှာ Maximam Scan Time, Minimum Scan Time နဲ့ Measured Scan Time ဆိုပြီး သုံးခုရှိပါတယ်။ PLC အားလုံးရဲ့  Recommand ​ပေးတဲ့ Scan Time က​​တော့ အနည်းဆုံး 150 ms ​လောက်ရှိရပါမယ်။ အဲ့​တော့ တစ်စက္ကန့်ကို ဘယ်​နုကြိမ် Scan ဖတ်လည်း တွက်ပြရရင် Program တစ်ခုရဲ့ Scan Time ဟာ 5 ms ရှိတယ်ဆိုပါ​တော့။ 5 msကို 1 sec နဲ့စားရင် 200 ဆိုပြီးရပါတယ်။ အဲ့တာက တစ်စက္ကန့်ကို အကြိမ် ၂၀၀​လောက် Scan ဖတ်တယ်လို့ဆိုလိုတာပါ။ စဥ်းစားကြည့်လိုက်ပါ။ အကယ်၍ Recommand​ ​ပေးထားတဲ့ 150 ms ဆိုရင် တစ်စက္ကန့်မှာ 6.6667 (Approximately 7 ) ကြိမ်​လောက်ဖတ်​နေရင် တစ်ခြား 150 ms အထက်မှာဆိုရင် ဘယ်လို Scan Time ဖတ်မလဲဆိုတာ စဥ်းစားကြည့်လိုက်ပါ​တော့။ 
    အဲ့​တော မသုံးလို့လည်းမရဘူး Programming Line ​(Rung) ​တွေ​ရော High Speed Counter ​ရောမဖြစ်မ​နေသုံးရမယ်ဆိုရင် Watchdog Timer သာခံပြီ​တော့သုံးလိုက်ပါ။ သုံးတာဥပမာ​ပြောရရင် PLC ရဲ့ Maximum Scan Time ဟာ 300 ms ​လောက်ရှိတယ်ဆိုပါ​တော့။ Watchdog Timer ကို Process အ​ပေါ်မူတည်ပြီ  User က 300ms ရဲ့ တစ်ဝက်  150ms စီနှစ်ပိုင်း ပိုင်းပြီးသုံးလို့ရသလို ​လေးပိုင်းပိုင်းပြီးသုံးလို့ရပါတယ်။
    အခုဥပမာ​လေးတစ်ခုနဲ့ ​ပြောပြပါမယ်။ ​ဆေးကုမ္ပဏီတစ်ခုမှာ​ဆေးပြားထုတ်တဲ့စက်တစ်ခုရှိတယ်။အဲ့​ဆေးပြားတစ်ခုချင်းစီကို PLC က ​ရေတွက်​ပေးမယ်ဆိုပါ​တော့။ ​ဆေးပြားတစ်ပြားကို Count လုပ်ဖို့ 2ms ကြာမယ်။
    ဆေးပြားတစ်ခုနဲ့ တစ်ခုကြားက ကွာဟချိန် Gape Time ဟာ 4ms ​လောက်ကြာမယ် လို့သတ်မှတ်ထားမယ်။
     ​ပထမဆေးပြားဟာ 2ms ​လောက်​ရေပြီး ​နောက် Gape Time 4ms ​လောက် စုစု​ပေါင်းကြာချိန်ဟာ 6ms ရှိမယ်။ 2ms အတွက် ​နောက်​ဆေးပြားနဲ့ပါထပ်​ပေါင်းရင် 8ms ​လောက်ရှိမယ်။
     အဲ့ဒီမှာ 2ms ​ဆေးပြားတစ်ခုဟာ Gape Time 4ms မပြည့်ချင်မှာ သွားပြီ ဝင်​ရောက်သွားခဲ့ရင် Program မှာ Scan Time ပြသာနာ​တွေဖြစ်သွားနိုင်ပါတယ်။ ဒါ​ကြောင့် 2ms ​ရေတွက်ပြီးတိုင်းမှာ WDT လို့​ခေါ်တဲ့ Watchdog Timer တစ်ခုထည့်ထားဖို့လိုပါတယ်။

Reference: Instrumentationtools

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...