Skip to main content

RFID Technology in Industrial Automation

    ကျွန်တော်တို့ တစ်ချို့ရုံး‌တွေမှာ ကဒ်တွေနဲ့ Attendance ယူတာကိုတွေ့ဖူးကြမှာပါ။ Office attendance တွေမှာ Biometric Systems တွေကိုသုံးတဲ့အခါ Manual Intervention အတွက် လျော့ပေးနိုင်သလို Punctuality (အချိန်ကိုက်), Efficiency နဲ့ Accuracy ကို တိုးတတ်ပေးနိုင်စေသလို Proxy Cheating တွေပါလျော့ချပေးစေနိုင်ပါတယ်။ မြန်မာလိုမြင်သာအောင်ပြောရရင် အချိန်ခိုးလို့မရဘူးဆိုတဲ့သဘောပါ။ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ System ထဲမှာအကုန် Record လုပ်ထားတာကြောင့်မလို့ဖြစ်ပါတယ်။

    ဒီလိုနည်းစနစ်မျိုး‌ကို Industrial Automation တွေမှာ Accessing အတွက် SCADA နဲ့ HMI System Graphics တွေမှာအသုံးပြုလာကြပါတယ်။ အဲ့လိုနည်းလမ်းနဲ့ ဒီ Field မှာ အသုံးအများဆုံးကတော့ RFID Technology ကိုသုံးလာကြပါတယ်။

What is an RFID System?
====================

    RFID ရဲ့အပြည့်အစုံကတော့ Radio Frequency Identification System လို့အဓိပ္ပာယ်ရပါတယ်။

    RFID သည် Wireless Communication အမျိုးအစားဖြစ်ပြီး Electromagnetic Waves ရဲ့ Radio Spectrum ကိုအသုံးပြုထားတာဖြစ်ပါတယ်။ ရိုးရှင်းနဲ့ နည်းနဲ့ ဖော်ပြရရင် Object Identification ကို Radio Frequency Waves နဲ့အသုံးပြုပြီး Detect လုပ်ပါတယ်။

    ဒီလို Detect လုပ်ဖို့အတွက်အသုံးပြုတဲ့နည်းလမ်းတွေကတော့

- Electromagnetic Coupling
- Electromagnetic Induction နဲ့
- Radio Waves ( Ultra-High Frequency or UHF ) စတဲ့နည်းလမ်းတွေဖြစ်ပါတယ်။

Types of RFID Systems
===================

1. Low Frequency - Range of 30-300 kHz ဖြစ်ပြီး Electromagnetic Induction မှာအလုပ်လုပ်ပါတယ်။

2. Medium Frequency - Range of 300 kHz-3 MHz ဖြစ်ပြီး Electromagnetic Coupling အပေါ်မှာအလုပ်လုပ်ပါတယ်။

3. High Frequency - Range of 3-30 MHz ဖြစ်ပြီး Electromagnetic Induction အပေါ်မှာအလုပ်လုပ်ပါတယ်။

4. Ultra-High Frequency - Range of 300 MHz - 3 GHz ဖြစ်ပြီး Radio Waves ပေါ်မှာအလုပ်လုပ်ပါတယ်။

( စက်မှုလက်မှုအတွက်အသုံးအများဆုံးကတော့ Low Frequency လောက်သာအသုံးပြုတာများပါတယ်။ )

How does RFID Work?
==================

    RFID System မှာ အဓိကပါတဲ့ အရာက နှစ်ခုပဲရှိပါ တယ်။ အဲ့တာက အင်တာနာ Antenna (Reader/Writer) နဲ့ RF Tag တို့ဖြစ်ပါတယ်။ 

    Sender System မှာ Operating အတွက် Power Supply လိုအပ်တဲ့ Antenna တစ်ခုပါဝင်ပါတယ်။ အဲ့ဒီအရာက Radio Waves တွေကို Transmit လုပ်ပေးပါတယ်။ နောက်ဒီ System ထဲမှာတော့ Tag ကနေ Feedback Data ကို လက်ခံပေးတဲ့ Receiver လည်းပါပါတယ်။

   အ‌ဆိုပါ Data ဟာ Internal Microcontroller သော်လည်းကောင်း၊ Computing အတွက် PC ထဲသို့သော်လည်းကောင်း Data တွေကို Sent လုပ်ပေးပါတယ်။ 

   Tag ထဲမှာပါဝင်တာကတော့ Antenna ကနေပို့လိုက်တဲ့ Radio Waves တွေကိုဖမ်းဖို့အတွက် Transponder (သူ့ရဲ့ Data တွေကို Encoded နဲ့ Binary Form ပုံစံနဲ့ Antenna ဆီကိုပြန်ပို့ပါတယ်။) နဲ့ ကိုယ်ပိုင် Data နဲ့ Microcontroller ပါဝင်တဲ့ Memory တို့ပါဝင်ပါတယ်။
    ပုံမှာကြည့်မယ်ဆိုရင် Reader ဟာ Radio Waves တွေကိုအဆက်မပြတ်ထုတ်ပေးနေပါတယ်။ အဲ့ဒီအချိန် Tag ဟာ သူရဲ့ Range ထဲကိုရောက်လာပြီဆိုရင် Wave ဟာ Tag ထဲက Voltage ကို လျှပ်ညို့လိုက်ပါတယ်။ အဲ့တာကို Tag ထဲက Internal Circuitry ကို Feed လုပ်ဖို့သုံးပါတယ်။

   Tag ထဲက Data တွေက Semiconductor နဲ့ High-Switching Frequency တွေကြောင့် Binary Format အနေနဲ့ ဖြတ်သန်းသွားပါတယ်။ Data တွေဟာ Carrier Frequency ရဲ့ Modulation ကိုဖြတ်သန်းသွားပါတယ်။ ဒီအကြောင်း‌ကိုနောက်မှ သပ်သပ်တစ်ခုရေးတင်ပေးသွားပါမယ်။

    Reader ဟာ အဲ့ဒီ Modulated Data ကို ဖမ်းထားပြီးနောက် Processing အတွက် Controller ထဲကို ပေးပို့ပေးပါတယ်။ အဲ့ဒီဟာက Data ကိုခွဲခြားနိုင်ပြီးတော့ တူညီတဲ့ Data ID တွေကို တူလားမတူလားဆိုတာ ခွဲခြားနိုင်ပါတယ်။
  
Types of RFID Tags
================

    RFID Tag ထဲမှာ Active နဲ့ Passive ‌ဆိုပြီး နှစ်မျိုးရှိပါတယ်။ Active ထဲမှာတော့ သူရဲ့ ကိုယ်ပိုင် Power Supply ပါပြီး Passive ထဲမှာတော့ Power Supply မပါဝင်ပါဘူး။ Passive Tag ဟာ Reader/Writer မှပေးပို့တဲ့ Radio Frequency မှ Power ရရှိမှာဖြစ်ပါတယ်။

   အဲ့ဒီ Wave တွေက Tag ရဲ့ Antenna ရဲ့ Current ကို လျှပ်ညို့ပေးပြီးတော့ Reader နဲ့ Tag ကြားထဲမှာရှိတဲ့ Mural Communication ကို Enable လုပ်ပေးပါတယ်။ Tag ထဲမှာသုံးတဲ့ Memory တွေဟာ အသေးဆုံး 2KB ROM ကနေ 128KB ROM အထိ အစားစား ရှိပါတယ်။

Reference : Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...