Gear တွေဟာ Motor နဲ့ Drive system ( Ball Screw, Rack နဲ့ Pinion သို့မဟုတ် Belt and Pulley System ကဲ့သို့သော် ) အကြားက Fixed Speed Relationship အတွက်အသုံးပြုကြပါတယ်။
ဥပမာ Belt နဲ့ Pulley System ကို သုံးအချိုးတစ် (3:1) Gear Box ကိုနေ ချိတ်ဆက်ထားတဲ့အခါ, Full Rotation တစ်ခုချင်းစီရဲ့ Motor ဟာ Pulley ကို တစ်ပတ်အပြည့်ရဲ့ သုံးချိုးတစ်ချိုးလည်ပတ်အောင်လုပ်ပေးနိုင်ပါတယ်။ Physical Gearing တွေကို Motor နဲ့ Load ကြားမှာရှိတဲ့ လိုချင်တဲ့ Inertia (အင်နာရှာ) Match ကို ရရှိအောင်ကူညီပေးတဲ့နေရာမှာအသုံးပြုပါတယ်။ ထိုအရာသည်လည်းပဲ Application အတွက်လိုအပ်တဲ့ လိမ်အား (Torque) ကို Motor က ထုတ်ပေးတဲ့နေရာမှာလည်း ကူညီပေးပါတယ်။
Electronic Gearing သည်လည်း Physical Gearing ကဲ့သို့သော် Principle မျိုးမှာလိုပါပဲ။သို့သော် Mechanical Linkage မပါပဲ Electrically အရလုပ်ဆောင်ကြပါတယ်။
Electronic Gearing နဲ့ဆိုရင် Slave (Follower) Axis ဟာ Master Axis ရဲ့ Control လုပ်ထားပါတယ်။ ဒီနေရာမှာ အဓိကသော့ချက်အနေနဲ့ Electronic Gearing ဟာ Follower ရဲ့ Absolute Motion ကို မသတ်မှတ်ထားပါဘူး။ Master Axis ရဲ့ Motion ပေါ်မှာရှိတဲ့ Ratio ပေါ်မှာ မူတည်ပြီးသတ်မှတ်ထားတာပါ။
မြင်သာအောင် Electronic Gearing ကိုပြောရရင် Master Axis ရဲ့ Motion ကို Motor ရဲ့ Encoder နဲ့ တိုင်းတာထားတယ်။ အဲ့ဒီကရလာတဲ့ Output ဟာ Follower ရဲ့ Drive ရဲ့ Input တစ်ခုဖြစ်လာပါတယ်။ အောက်ပုံကိုကြည့်ရင်တွေ့နိုင်ပါတယ်။ အဲ့ဒီ Follower ရဲ့ ရွေ့လျားမှုဟာ Master Move နဲ့ Gear Ration ရဲ့ Function ဖြစ်ပါတယ်။ Follower ဟာ Master နဲ့ ဆက်နွယ်နေပါတယ်ဆိုတဲ့ သဘောပါပဲ။
Axes ကြားက Alignment ကို Phase အနေနဲ့သတ်မှတ်ထားပါတယ်။ Electronic Gearing မတိုင်ခင်က Motor တစ်ခုချင်းစီကို ခွဲခြားထားတဲ့ Motion Profile နဲ့ မောင်းနှင်ထားပါတယ်။ Error အသေးအမွှားလေးတွေကိုဖြစ်ပွားစေနိုင်ပါတယ်။ ဒီလို Error ကိုပြင်ဖို့အတွက်က Axes တွေကို Manually Adjust လုပ်ပေးရတာပါပဲ။ Electronic Gearing မှာ Phase Shift Command သုံးပြီး Gear Ratio အပေါ်အကျိုးသက်ရောက်မှုမရှိပဲနဲ့ ချိန်ညှိပေးနိုင်ပါတယ်။
ကောင်းကျိုးတွေအနေနဲ့တော့ Gear Ratio တွေကိုရိုးရှင်းတဲ့ Program လေးနဲ့ပဲ Change ပေးလို့ရပါတယ်။ Gear Ratio ပြောင်းလဲဖို့အတွက်လိုအပ်လာရင် Mechanical Gearing ထက်စာရင် အချိန်နဲ့ကုန်ကျစရိတ်သက်သာပါတယ်။ တခြားကောင်းကျိုးအနေနဲ့တော့ Master တစ်ခုတည်းကနေ Follower တွေအားလုံးကို စိတ်ကြိုက် Control လို့ရပါတယ်။ ဆိုးကျိုးကတော့ Initial ကုန်ကျစရိတ်များပြားတာပါပဲ။
Author : Danielle Collins
Reference : Motion Control
Comments
Post a Comment