Skip to main content

Pneumatic Cylinder

Pneumatic Cylinder ဆိုတာဘာလဲ?
===========================
    Pneumatic Cylinder ဆိုတာဟာ Pressurised Air ကနေတစ်ဆင့် Force တွန်းအားကိုထုတ်ပေးတဲ့ Mechanical Device တစ်မျိုးပါပဲ။ အဲ့ဒီထဲမှာ Piston,  Piston Rod နဲ့ Cylinder ဆိုပြီးပါဝင်ပါတယ်။ Cylinder ရဲ့ တစ်ဖက်အခြမ်းကနေ Air ဟာဝင်လာပြီး Internal Pressure ကိုမြင့်လာတဲ့အခါမှာ  Piston ဟာရွေ့လျားမှုကိုဖြစ်ပေါ်လာစေပါတယ်။ Pneumatic Cylinder ဟာ Air နဲ့အလုပ်လုပ်တာကြောင့် Hydraulic Cylinder လို Fluid Leakage ကြောင့် ပတ်ဝန်းကျင်ကိုညစ်ပတ်တာမျိုးမရှိစေပါဘူး။

    Pneumatic Cylinder တွေကို Automating Machinery  နဲ့ Industrial Process တွေမှာတွေ့နိုင်ပါတယ်။ Force နဲ့ Motion တွေကို ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် Clamping , Ejecting, Blocking နဲ့ Lifting တို့လိုမျိုး Function တွေမှာသုံးပါတယ်။ 

Pneumatic Cylinder မှာပါဝင်သောအရာများ
==================================

    ပါဝင်တဲ့ပစ္စည်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
1. Pneumatic Cylinder Bored
2. Piston
3. Piston Rod
4. Piston Cushioning 
5. Piston Static Seal
6. Piston Seal
7. Piston Guide Rings
8. Sensors
9. Tie Rods တို့ပဲဖြစ်ပါတယ်။

Pneumatic Cylinder အမျိုးအစား
=========================

    Double Acting Cylinder နဲ့ Single Acting Cylinder ဆိုပြီး အဓိကအားဖြင့် ပုံစံနှစ်မျိုးရှိပါတယ်။ 
    Double Acting Cylinder မှာဆိုရင် Piston ရဲ့ အစွန်းဖက်တစ်ချက်စီတိုင်းမှာ Compressed Air ကို အသုံးပြုပါတယ်။ Piston နဲ့ Rod ဟာ Internal Pressure အနည်းဆုံးဖြစ်တဲ့ Chamber ဆီကိုဦးတည်ရွေ့လျားကြပါတယ်။ အဲ့လိုပုံစံနဲ့ ရွေ့လျားမှုကိုဖြစ်ပေါ်စေပါတယ်။ အဲ့လိုမျိုးကို Extension နဲ့ Retraction ဆိုပြီးခေါ်ပါတယ်။  

    Double Acting Cylinder ရဲ့ Retraction Speed ဟာ ယေဘုယျအားဖြင့် Extension Speed ထက်ပိုမြန်ပါတယ်။ အကြောင်းကတော့ Cylinder မှာရှိတဲ့ Rod ဟာ Effective Volume ကိုလျော့ပေးတာရော Chamber ထဲကို Compressed Air တွေနဲ့ မြန်မြန်ဖြည့်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။
    Single Acting Cylinder မှာတော့ Retraction လုပ်ဖို့အထောက်အကူပေးတဲ့ Spring တစ်ခုပါပြီး Piston ရဲ့တစ်ဖက်မှာတော့ Compressed Air ကိုအသုံးပြုမယ့် Pressure Port တစ်ခုပါဝင်ပါတယ်။ Piston နဲ့ Rod Assembly တွေဟာ Spring ကို Compressing သို့မဟုတ် Stretching လုပ်နေစဉ်အတွင်း သူတို့ကို Linearly အရရွေ့လျားသွားစေပါတယ်။  Piston Rod ဟာ Trust အမြင့်ဆုံးရောက်သွားတဲ့အချိန်မှာ Spring ကြောင့် မူလ Position ကိုပြန်ရောက်သွားစေပါတယ်။

    Single Acting Cylinder မှာ Push-Type နဲ့ Pull-Type ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ Push-Type မှာဆိုရင် Pressurized  Air ဟာ Cylinder ကို Extension အတွက်သုံးပြီး Pull-Type မှာတော့ Pressurized Air ဟာ Retraction အတွက်အသုံးပြုထားတာကို အောက်ကပုံမှာကြည့်ရင်နားလည်နိုင်ပါတယ်။

Reference : IQSDirectory

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...