Skip to main content

Baud Rate သည် အဘယ်ကြောင့် Modbus Network တွင်အရေးပါရသနည်း?

    Modbus မှာ Communication အမျိုးအစားနှစ်ခုရှိပါတယ်။ အဲ့တာက Modbus RTU နဲ့ Modbus ASCII ပါပဲ။ သို့သော် Modbus RTU သည် သူ့ရဲ့ရိုးရှင်းတဲ့ Coding နဲ့ Configuration ရှိတဲ့အတွက်အကြောင့်အသုံးများရခြင်းဖြစ်ပါတယ်။

Modbus မှာပါဝင်တဲ့ Parameter တွေကတော့

- Address
- Data Bit
- Stop Bit
- Parity နဲ့
- Baud Rate တို့ပဲဖြစ်ပါတယ်။

    Modbus RTU မှာ အထူးတလည်းဂရုစိုက်ပေးရမယ့် Parameter တစ်ခုရှိပါတယ်။အဲ့တာကတော့ Baud Rate ပါပဲ။

Baud Rate
========

    Baud Rate ဆိုတာကတော့ Modbus Protocol မှာရှိတဲ့  Communication Speed ရဲ့ အတိုင်းအတာတစ်ခုကိုဆိုလိုပါတယ်။ Baud Rate သည် Modbus Device နှစ်ခုအကြားက Transmitted သို့မဟုတ် Received လုပ်တဲ့ Data ရဲ့အမြန်နှုန်းကိုဖော်ပြပါတယ်။တစ်စက္ကန့်မှာရှိတဲ့ Signal အပြောင်းအလဲရဲ့ အရေအတွက်ကိုဖော်ပြတာဖြစ်ပါတယ်။ အကျဉ်းချုပ်ပြောရရင် တစ်စက္ကန့်မှာရှိတဲ့ Bits ရဲ့ Transmitted သို့မဟုတ် Received အရေအတွက်ကိုဆိုလိုပါတယ်။

    Bit Rate ဆိုတာကတော့  Bit form အနေနဲ့ Transmit လုပ်ပြီး အဲ့ဒါရဲ့ တစ်စက္ကန့်မှာရှိတဲ့ Communication ရဲ့ အမြန်နှုန်းကိုခေါ်တာပါ။

    ဒီနေရာမှာ Baud Rate နဲ့ Bit Rate နဲ့မတူတာကို သတိထားရပါမယ်။အောက်မှာပုံကိုဖော်ပြထားပါတယ်။

Baud Rate သည် ချိတ်ဆက်ထားတဲ့ Device တွေအကုန်လုံးအတူတူပဲဖြစ်ရပါမယ်။ ဆိုလိုတာက Master ကို 19200 သတ်မှတ်ထားရင် Slave လည်း 19200 သတ်မှတ်ပေးရပါမယ်။ မတူရင် Communication ဆိုတာလုံးဝဖြစ်လာမှာမဟုတ်ပါဘူး။

Modbus အတွက် Baud Rate ကိုသတ်မှတ်ပုံ
=================================

     Baud Rate ကိုသတ်မှတ်ဖို့အတွက် ဘယ်အရာတွေပေါ်မူတည်ပြီး သတ်မှတ်ရသလဲဆိုရင်

- Device နှစ်ခုရဲ့အကွာအဝေး
- Master ကိုချိတ်ဆက်ထားတဲ့ Slave Device အရေအတွက်
- Noise Level နဲ့
- Transmitted လုပ်မယ့် Data ပမာဏ တို့ကို စဉ်းစားပြီးမှ သတ်မှတ်သင့်ပါတယ်။

    အကယ်၍ Rate က အရမ်း High ဖြစ်နေရင်, Device ဟာ လျင်လျင်မြန်မြန်နဲ့သတ်မှတ်ထားတဲ့အရာကို အချိန်တိုအတွင်း Data တွေမရောက်နိုင်ပါဘူး။ အကယ်၍ Slave အရေအတွက်များနေရင် (Slave သည်အများဆုံး 225 ခု Master ကိုချိတ်ဆက်နိုင်) Baud Rate ကို Low လောက်ထားသင့်ပါတယ်။ အဲ့ဒါမှာမဟုတ်ရင် Data တွေဟာ Skip ဖြစ်ပြီး ကျန်တဲ့ Device တွေကိုချောချောမွေ့မွေ့နဲ့ရောက်ရှိမှာမဟုတ်ပါဘူး။ EMI (Electromagnetic Interference) Noise တွေအနီးတစ်ဝှိုက်မှာရှိခဲ့ရင်လည်း Low လောက်ထားသင့်ပါတယ်။ Data ပမာဏဟာများနေရင်လည်း Low Rate လောက်ထားရပါမယ်။

    High Rate Baud တွေကို ဘယ်အချိန်မှာသုံးသင့်သလဲဆိုရင် Device နှစ်ခုအကွာအဝေးတိုတဲ့အချိန်, Slave အရေအတွက်နည်းတဲ့အချိန်, Low Noise နဲ့ Data ပမာဏ နည်းရင် သုံးသင့်ပါတယ်။ အပေါ်ကနဲ့ဆန့်ကျင်ဖက်ပါပဲ။

Standard Baud Rate တန်ဖိုးတွေကတော့

- 9600
- 19200
- 38400
- 57600
- 76800
- 115200

    အသုံးအများဆုံး Baud Rate နှစ်ခုသည် 9600 နဲ့ 19200 ပါပဲ။ အကောင်းဆုံး Baud Rate ကိုသတ်မှတ်ဖို့အတွက် အဓိကကြည့်ရမှာက Speed နဲ့ Data Reliability ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြည့်ခြင်းအားဖြင့် Baud Rate ဟာ ဘယ်လောက်အထိအရေးပါသလဲဆိုတာသိနိုင်ပါတယ်။

Reference: Instrumentationtools
    

Comments

Popular posts from this blog

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...