Skip to main content

Interlock Logic

ဒီ Logic ကိုမြင်ဖူးကြားဖူးတွေ့ဖူးနေကြမှာပါ။ သိလည်းသိကြမှာပါ။ PLC ထဲက Program တိုင်းနီးပါးမှာလည်းပါပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရေးရလွယ်ကူတဲ့အရာဖြစ်ပေမယ့် အရေးကြီးတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။

လွယ်လွယ်နဲ့ချုံပြောရရင် ဒီ Logic ကိုဘာကြောင့်အသုံးပြုကြသလဲဆိုတော့ Priority(ဦးစားပေး) အလုပ်တစ်ခုကို အန္တရာယ်ကင်းကင်း ပစ္စည်းတွေထိခိုက်ပစ္စည်းမှုမရှိအောင်အသုံးပြုတဲ့ Logic တစ်ခုဖြစ်ပါတယ်။

ဥပမာနှစ်ခုပေးပါမယ်။ ပထမတစ်ခုက Motor ကို Forward နဲ့ Reverse လည်တဲ့ကိစ္စပါ။ ဒါကတော့ မြင်ဖူးသင်ဖူးနေကြဥပမာပါ။ Forward ဖြစ်နေတဲ့အချိန် Backward မဖြစ်အောင် Interlock နဲ့သုံးထားတာကိုပုံမှာမြင်ရလိမ့်ပါမယ်။အလားတူပဲ Backward ဖြစ်‌နေ တဲ့အချိန် Forward မဖြစ်အောင် Interlock နဲ့ခံထားပါတယ်။

ဒုတိယဥပမာတစ်ခုကတော့ စက်တစ်ခုရှိတယ်ဆိုပါတော့။ အဲ့စက်တစ်ခုက အလုပ် ၅ခုလုပ်တယ်ယူဆကြည့်ရအောင်။ ပထမ Process အလုပ်လုပ်ချိန် ကျန် Process တွေ အလုပ်မလုပ်နိုင်အောင် Interlock နဲ့ခံထားမယ်။ ဒုတိယ Process အလုပ်လုပ်ချိန်လည်း အလားတူ တခြား Process တွေအလုပ်မလုပ်နိုင်အောင် Interlock နဲ့ခံထားမယ်ပေါ့။ ဒါဆိုရင် စက်ပစ္စည်းထိခိုက်မှုမရှိအောင်ရေးထားတဲ့ပုံစံဖြစ်သွားပါပြီ။

ဒါဟာဥပမာအနည်းအကျဉ်းထဲကအရာတွေပါပဲ။အတွေ့အကြုံရှိသလောက်ပုံစံအမျိုးမျိုးနဲ့ရေးလို့ရပါတယ်။
တစ်ချို့‌ကတော့ Interlock ကို PLC program ရေးရင်များသော်အားဖြင့် ပြထားတဲ့ပုံကလိုရေးလေ့ရှိပါတယ်။ အနည်းအကျဉ်းလောက်သာ Special Function တွေကိုသုံးကြပြီးပဲရေးကြပါတယ်။

Reference: Instrumentationtools

Comments

Popular posts from this blog

Temperature Range

Article တစ်ခုဝင်ဖတ်မိတာနဲ့ပြောရမယ့်ကိစ္စတစ်ခုဖြစ်နေလို့ရေးပေးလိုက်ပါတယ်။ Article အောက်မှာလည်းနည်းနည်းလေး Complain တတ်တာလေးတွေ့လိုက်ရတယ်။ ပြသာနာကဘာလဲဆိုတော့ Temperature Range ကိစ္စပါ။      အခုသူရေးထားတဲ့ဟာက Industrial လို့ထည့်ပြီးရေးထားတာတွေ့ရပါတယ်။ Data တွေတင်ထားတာကြည့်လိုက်တော့ Operation Temperature Range က 0 to +60°C အထိပဲရှိတာတွေ့ရတယ်။ ဒါကထုတ်လုပ်တဲ့ ကုမ္ပဏီကသတ်မှတ်ထားတဲ့ Standard တွေလိုအပ်နေတာလားဆိုတာကတော့စဉ်းစားစရာပါပဲ။ တကယ်ဆို ဒီ Level ဟာ Commercial အဆင့်သက်သက်သာပဲရှိတာပါ။ Company တွေမှာ သတ်မှတ်ထားတဲ့ Temperature Range ဟာတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာလက်ခံပေမယ့် အခုလိုလုပ်တာက ထင်ထားတာထက်အတော်ကွာဟနေပြီး နှစ်သီးစားလုပ်မယ့်ပုံစံမျိုးပေါက်နေပါတယ်  အောက်မှာယေဘုယျအားဖြင့် Semiconductor Device တွေမှာရှိသင့်တဲ့ Temp Range ကိုရေးပေးထားပါတယ်။ Commercial   (0 to  +70°C) Industrial  (-40 to +85°C) Military  (-55 to +125°C)

Modbus Function Command Format (1)

    ASCII သို့မဟုတ် RTU Mode ထဲက မည်သည့် Modbus Data ဘောင်တိုင်းမဆို သူတို့သတ်မှတ်ထားတဲ့ Data ကတော့ရှိပါတယ်။     Modbus Data Frame တစ်ခုစီကို 8bitd(RTU) တွေနဲ့တည်ဆောက်ထားတာကြောင့် အများအားဖြင့် စာသားတစ်ခုချင်းစီကို Bytes (Hexadecimal တစ်လုံး နှစ်လုံး) အဖြစ်ကိုယ်စားပြုပါတယ်။     ဥပမာအားဖြင့် 1100100101011011 ကဲ့သို့ Modbus Data နဲ့ 16-Bit စကားလုံးကို ပုံမှန်အားဖြင့် C95B နဲ့သတ်မှတ်ပြီး High ကို C9 နဲ့ Low ကို 5B ဆိုပြီးခွဲထားပါတယ်။     Modbus Master Device ကနေပေးပို့တဲ့ "Query" Message ဟာ Slave Device ဆီကို ပို့ပြီး သက်ဆိုင်ရာ "Response" Message နဲ့ Queried ကနေ Master Device ကိုပြန်ပို့ပေးပြီးအလုပ်လုပ်ပါတယ်။    အောက်‌ကပြထားတဲ့ ပုံတစ်ပုံချင်းစီကနေ Function Code တစ်ခုချင်းစီဘယ်လိုအလုပ်လုပ်ရ‌သလဲဆိုတာပြန်ရေးပေးထားပါတယ်။ Modbus Function Code 01- Read Coil ==============================     ဒီ Modbus Function ဟာ Slave Device နဲ့အတူသူ့ရဲ့ Discrete Outputs ("Coils") ကို ဖတ်ပြီးတော့ အဲ့ဒီ Status တွေကို Data နဲ့ပြန်ပေးပါတယ်။     ဒီ Function အတွက်သတ်မှတ်ထာ

Description of RS-485

    RS-485 ဟာ Industrial တွေမှာအသုံးများတဲ့ Communication တစ်ခုဖြစ်ပါတယ်။ RS-485 ကိုနောက်တစ်နည်း EIA/TIA-485 လို့လည်းခေါ်ဝေါ်သေးပါတယ်။ USB နဲ့ Ethernet တို့ထက်စာရင် RS-485 ဟာ Industrial တွေ‌မှာအသုံးများပါတယ်။ အကြောင်းမှာတော့ RS-485 ဟာ သိပ် Complex မဖြစ်သလိုဈေးလဲသိပ်မကြီးတဲ့အတွက်ကြောင့်ပါ။ သို့သော်လည်း Low Speed Data Communication လုပ်ငန်းစဉ်တွေမှာပဲသုံးလို့အဆင်ပြေမှာပါ။     RS-485 Connection ကို အများအားဖြင့် Two Wires သို့မဟုတ် Three Wires နဲ့လည်းသုံးကြ‌ပါသေးတယ်။ RS-485 မှာ Contact သုံးခုရှိပါတယ်။ အဲ့တာကတော့ Data A , Data B နဲ့ GND လို့ခေါ်ပြီး နောက်တစ်နည်းအခေါ်အဝေါ်ကတော့ Data Wire, Inverted Data Wire နဲ့ Zero Wire သို့မဟုတ် Ground ဆိုပြီးတော့လည်းခေါ်ကြပါသေးတယ်။     သူရဲ့အဓိက Design ကတော့ ရိုးရှင်းပါတယ်။ Data Signal တွေကို Wire ကြိုးနှစ်ခုကနေ ဖြတ်သန်းစေပြီးတော့ Signal တွေကို အပြန်အလှန်ပို့ဆောင်ပေးပါတယ်။ RS-485 သည် Data ပို့တဲ့အခါ Data တွေကိုအချင်းချင်း Collided ဖြစ်မိတာမျိုးကိုရှောင်ရှားပေးနိုင်ပါတယ်။ဥပမာ ကြိုးတစ်ကြိုးထဲကနေ Signal ကိုအပြန်အလှန်ပို့နေရင် Device