Skip to main content

Self-learning Robots and Cobots for Machine Learning in Industrial Automation


    Industrial Automation ရဲ့သိသာတဲ့ပြောင်းလဲမှုဖြစ်စဉ်ကိုသိပ်မကြာတဲ့အနာဂါတ်ကာလတစ်ခုမှာကြုံတွေ့လာရတော့မှာပါ။စဉ်ဆက်အပြတ်နဲ့အရှိန်ပြင်းပြင်းတိုးတက်လာတဲ့နည်းပညာဟာကုမ္ပဏီရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးဖို့အတွက်အထောက်အကူတစ်ခုဖြစ်လာပါတယ်။အဲ့ဒီထဲမှာမှ AI(Artificial Intelligence) ဟာအဓိကကျတဲ့နေရာမှာပါဝင်နေပါတယ်။အထူးသဖြင့် ML(Machine Learning) ဆိုရင်ပိုမှန်ပါလိမ့်မယ်။ အခုဖော်ပြမယ့်အကြောင်းအရာဟာ Industrial ထဲမှာ Machine Learning သို့မဟုတ် AI ကို ဘယ်မှာသုံးနေကြသလဲဆိုတာသိဖို့အတွက်ရည်ရွယ်ပြီးရေးထားတာပါ။

    အခုဖော်ပြမှာကတော့ ကုန်ထုတ်လုပ်မှုမှာ Machine Learning အသုံးပြုမှုအတွက်အသုံးချပုံနမူနာများကိုဖော်ပြမှာပါ။အဲ့တာတွေကတော့

- Self-learning Robots & Cobots
- Environmental Monitoring in Factory Automation
- Operations and Process Management with AI Based Smart Glasses
-Edge Computing and Intelligent Sensors တို့ဖြစ်ပါတယ်။အခုအကြောင်းအရာကတော့ Self-learning Robots & Cobots အကြောင်းကိုအရင်ရေးသွားမှာပါ။

Self-learning Robots and Cobots

    Manufacture သမားတွေဟာ Robot တွေကိုစတင်အသုံးပြုတဲ့အချိန်ကစပြီး သူတို့ရဲ့အဓိက အားစိုက်မှုကို‌ ပြောရမယ်ဆိုရင် Mass Production လုပ်ငန်းတွေမှာ Repeatable Processes တွေကို ပိုမိုမြန်ဆန်ဖို့နဲ့ထုတ်ကုန်တွေကိုကောင်းမွန်ဖို့အတွက်ပဲအာရုံစိုက်ကြတာပါ။ ဒီသမာရိုးကျ Robot တွေဟာ Self-learning mechanism ရဲ့ ပေါင်းစပ်မှုနဲ့ သိသာတဲ့တိုးတက်မှုဖြစ်အောင်လုပ်ရင်လုပ် ဒါမှမဟုတ် သူတို့ရဲ့နေရာကို Collaborative Robot (တစ်နည်းအားဖြင့် Cobots) တွေနဲ့အစားထိုးရင်ထိုးဖို့ လုပ်လာကြပါတယ်။ Computer Vision (Smart Image Processing) , Integrated Sensor Technologies နဲ့ Machine Learning ရဲ့အကူအညီတွေနဲ့ပဲ Company တွေရဲ့ရည်မှန်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။

    သမာရိုးကျ Robot နဲ့ Self-Learning Robot တွေရဲ့ခြားနားချက်ကတော့ သမာရိုးကျ Robot တွေဟာပေးထားတဲ့ Programming တွေနဲ့အတူတခြားမည်သည့်အခြေအနေတွေပဲဖြစ်ဖြစ် ဒီအလုပ်ကိုပဲ မည်သည့်ပြောင်းလဲခြင်းမျိုးမှမရှိဘဲနဲ့လုပ်ဆောင်တာပါ။ Self-Learning Robot ကတော့တိကျတဲ့ Programming တွေကိုမွမ်းမံမှုတွေမလိုအပ်ပဲနဲ့ချိန်ညှိပေးနိုင်သလိုသင်ယူစေခြင်းဖြင့်သူရဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ဒေတာထည့်သွင်းမှုများနဲ့အချိန်ကာလကြာလာတာနဲ့အမျှ၎င်း၏စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ပါတယ်။တစ်နည်းပြောရရင် အလုပ်တစ်ခုမှာတစ်သမတ်တည်းဒီအလုပ်ကိုမပြောင်းမလဲလုပ်တဲ့သူနဲ့ Creative ရှိပြီးပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ကြည့်ပြီးတော့ ပြောင်းလဲအလုပ်လုပ်တဲ့သူနှစ်ယောက်ရဲ့ပုံစံကိုနှိုင်းယှဉ်ကြည့်ရင်ဒီသဘောတရားနဲ့အတူတူပါပဲ။

    Self-Learning Robot တွေမှာဘယ်လို Technique တွေသုံးလာလဲဆိုတော့ Reinforcement Learning နဲ့ Unsupervised Learning တွေကို Camera တွေနဲ့အသုံးပြုပါတယ်။

Collaborative Industrial Robots or "Cobots"
    Cobot ဆိုတာဟာလူနဲ့အတူအပြန်အလှန်ဆက်ဆံရန်ဒီဇိုင်းထုတ်ထားတဲ့စက်ရုပ်များအဖြစ်သတ်မှတ်ထားတာပါ။ Cobot တွေမှာ ရှုပ်ထွေးလှတဲ့ Machine တွေနဲ့ အတူ Sensors, Integrated Image Processing အပြင် Protected Moveable Parts(Arms) တွေပါတပ်ဆင်ထားပါတယ်။သူတို့ဆီရဲ့အစိတ်အပိုင်းမှာ Jamming ဖြစ်တဲ့အပိုင်းမရှိတာကြောင့်လူတွေနဲ့အလုပ်လုပ်ရာမှာလွယ်ကူလှပါတယ်။ ဥပမာ Assembly Line တွေမှာ Cobot နဲ့အတူ လူတွေတွဲပြီးတော့အလုပ်လုပ်ကြပါတယ်။
    
Reference: Avnet 

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...