Skip to main content

Safety Considerations in PLC System Design

 

    Safety ဆိုတာကလည်းလုပ်ငန်းခွင်သာမကပဲစက်ရုံအလုပ်ရုံတွေမှာမရှိမဖြစ်လိုအပ်နေတဲ့အရာတစ်ခုပါ။အကယ်၍ဒါတွေကိုမလိုက်ခဲ့ရင်သို့မဟုတ်ပြုမလုပ်မထားရင်တော့ပျက်စီးဆုံးရှုံးမှုကြုံရင်ကြုံမယ်,အ‌ဆိုးဆုံးပြောရရင်မ‌တော်တဆမှုဖြစ်လာခဲ့ရင်လူအသက်ပါဆုံးရှုံးမှုရ‌သွားနိုင်ပါတယ်။Safety ရဲ့အဓိပ္ပာယ်ကိုအတိအကျ‌ကြီးတွေဆက်မရေးတော့ပါဘူး။

    အလားတူ PLC မှာလည်းသူ့အတွက်လိုအပ်တဲ့ Safety Design တွေလိုအပ်ပါတယ်။သမရိုးကျကိစ္စလေးတွေမှာတော့ဒါတွေကသိပ်ပြီးမသိသာပေမယ့်ကြီးကြီးမားမားလုပ်ရမယ့်အရာတွေဥပမာစက်ရုံအကြီးစား‌တွေမှာဆိုရင်တော့တော်တော်ကြီးကိုသိသာပါတယ်။
    
    လူတစ်ချို့ကPLCထဲမှာ Interlockတို့Sequence တို့ Flow လောက်တို့နဲ့ရေးပြီးရင်ပဲ PLC System ကိုသုံးလို့ရပြီးပဲထင်မှတ်ကြပါတယ်။မမှားပါဘူး။ဒါပေမယ့်ဒါဟာအဲ့ဒီ System ကိုအသုံးပြုနိုင်ဖို့အတွက်တစ်ပိုင်းတစ်စအဆင့်သာပဲရှိပါသေးတယ်။ဒီမှာတစ်ခုမှတ်ထားရမှာကတော့စနစ်တစ်ခု(System)ကိုဒီဇိုင်းရေးဆွဲရာတွင် အရေးကြီးဆုံး ကန့်သတ်ချက်တစ်ခုသည် Safetyဖြစ်ကြောင်းကိုသတိပြုရပါမယ်။

    Safety ထဲကအစိတ်အပိုင်းအကြောင်းကိုအပိုင်းငါးပိုင်းနဲ့ရေးထားပါတယ်။
-Power Supply
-Earthing
-Critical Digital Input Signals
-Manuel Mode Interlock
-Alarm တို့ဖြစ်ကြပါတယ်။

Power Supply
    Power Supply ဟာမရှိမဖြစ်လိုအပ်တယ်ဆိုတာသိကြမှာပါ။အဲ့တာမရှိပဲနဲ့ဘာမှလုပ်လို့မရပါဘူး။ Power Supply ကို DC နဲ့ AC ခွဲထားပါတယ်။ DC မှာဆိုရင် 12-24V သုံးပြီး AC မှာဆိုရင်တော့ 110VAC သို့မဟုတ် 230VAC ကိုသုံးပါတယ်။ ဒီနေရာမှာအကျဉ်းချုပ်ပြောချင်တာက Power Supply တွေကိုမလိုအပ်ပဲများများမသုံးသင့်ရဘူးဆိုပြီးအဓိကပြောချင်တာပါ။ဘာကြောင့်လည်းဆိုရင် Troubleshooting လုပ်တဲ့အချိန်ကျရင်အရမ်းလက်ဝင်ပြီးခက်ခဲပါတယ်။
    Power Supply အများဆုံးသုံးရင်တော့Short Circuit နဲ့မကြာခဏပျက်စီးမှုများဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ဒါကြောင့်Power Supply အသုံးပြုမှုပုံစံဟာလည်း PLC System ကိုဘေးကင်းစွာလည်ပတ်ရန်အတွက်အလွန်အရေးကြီးသောအချက်ဖြစ်ပါတယ်။

Earthing
    Earthing ဆိုတာကတော့ မည်သည့် Leakage current ကိုမဆို Ground ကိုဖြတ်စီးစေဖို့အတွက်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။အဲ့တာ‌တွေကလျှပ်စစ်ရှော့တိုက်ခြင်း၊ဆူညံသံနဲ့လျှပ်စစ်သံလိုက်ဝင်ရောက်စွက်ဖက်မှုကိုတားဆီးပေးပါတယ်။စက်မှုArea‌ တွေမှာဆိုရင် Standard Neutral to Earthing Voltage က 0.5V ထက်နည်းရမည်။

    1V ၏ အနည်းငယ်ပိုမြင့်တယ်ဆိုရင်အနည်းငယ်အဆင်ပြေပါတယ်။သို့သော်အဲ့ဒီထက်ပိုလာရင်မြေဆီလွှာသည်သင့်လျော်မှုမရှိတာ‌ကြောင့်လျှပ်စစ်အချက်ပြမှု‌တွေမှာဖြစ်ပေါ်နေတဲ့ယိုစိမ့်မှုတွေကစွမ်းဆောင်ရည်ကိုအနှောင့်အယှက်ဖြစ်စေသည်။PLC ပါဝါနဲ့ IO ချန်နယ်များကိုအကန့်လုပ်ထားတဲ့မြေကြီးဘတ်စ်ဘားဘားနှင့်ကောင်းစွာချိတ်ဆက်ထားရပါမယ်။တစ်ခုနဲ့တစ်ခုနဲ့လည်းသီးခြားစီ Groundချထားဖို့လိုပါတယ်။

Critical Digital Input Signals
    PLC System တိုင်းအတွက် အရေးကြီးတဲ့ Digital Input Signals တွေရှိရပါမယ်။အဲ့တာတွေက Emergency Stop တို့ Panel Power Failure အစရှိသဖြင့် Logic ‌တွေပါပဲ။ဥပမာProcess တစ်လုံးမှာမ‌တော်တဆတစ်ခုခုပေါ်လာရင် သုံးဖို့အတွက်ပါ။ဒါတွေကိုလည်း Normally Close Contact (NC) အနေနဲ့သာရေးသင့်ပါတယ်။အတိုချုံပြောရရင် အန္တရာယ်ဖြစ်လာရင်သို့မဟုတ်မတော်တဆမှုတစ်ခုခုကြုံလာရင်ရပ်ဖို့အတွက်သုံးကြတာများပါတယ်။အသေးစိတ်ပြောစရာမလိုဘူးလို့ပဲထင်ပါတယ်။

Manuel Mode Interlock
    PLC Programရေးတဲ့သူအချို့ဟာအမြဲတမ်း Manual Mode Logic ကို ပေါ့ပေါ့တန်တန်ယူကြပါတယ်။Output‌တွေကိုအဖွင့်အပိတ်လုပ်ခြင်းဟာ၎င်းတို့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒါ‌ပေမယ့်Outputတွေမမှန်မကန်လုပ်ဆောင်ရင်တော့စနစ်ရဲ့စွမ်းဆောင်ရည်မှာပြသာနာဖြစ်နိုင်တာကသတိထားရပါမယ်။ အဲ့ဒီစနစ်ဟအရမ်းအရေးကြီးတယ်ဆိုရင်အနီးနားမှာရှိတဲ့ဝန်ထမ်းများကိုပါ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ Manuel Interlock တွေကို Alarm များနဲ့တွဲဖက်ပြီးအသုံးပြုသင့်ပါတယ်။

Alarms
    အများအားဖြင့် Program ရေးတဲ့သူတွေက PLC Document ထဲမှာပေးထားသည့်Alarmအားလုံးကို ယူကြပါတယ်။ဒါ‌ပေမယ့်Program‌ရေးတဲ့သူဟာ IOရဲ့ PLC တွင်ရယူထားသည့်အတိုင်းစနစ်အတွင်း နောက်ထပ်ဘေးကင်းရေးအချက်ပြမှုအချို့ကို ပေးရပါမယ်။
    ဒီ Alarm တွေဟာအများအားဖြင့် Run Feedback Alarm, Trip Feedback Alarm တို့ Sensor Failure Alarm တို့စသည်ဖြစ်အမျိုးမျိုးအစားစားရှိပါတယ်။
Alarm စနစ်ကိုမဖြစ်မနေတပ်ဆင်ပေးရပါမယ်။အဲ့ဒါဟာစနစ်ကို ချွတ်ယွင်းနေသော နည်းလမ်းနဲ့ လည်ပတ်ခြင်းမှ တားဆီးပေးမှာပါ။

Reference: Instrumentationtools

Comments