Skip to main content

What is Wet Contact?


    အရင်တစ်ပတ်တုန်းကတော့ Dry Contact ဆိုတာဘယ်လို သဘောတရားလည်းဆိုတာကိုတော့ ရေးပြီးသွားပါပြီ။ အခုကတော့ Wet Contact အကြောင်းကိုပဲ ရေးထားပါတယ်။

    ကျွန်တော်တို့ Wet Contact ကို Sensor နဲ့ ဥပမာပေးပြီးတော့ပြောသွားပါမယ်။ Sensor ဆိုတဲ့အတိုင်း Sensor ကို Power ပေးပြီးတော့ သူရဲ့ Target Object ရှိမရှိကို Detect လုပ်မယ်, Object ကို Detect ဖြစ်ရင် Output ထုတ်ပေးမယ်ပေါ့။

    Contact ကို Power ပေးဖို့အတွက် Sensor မှာပေးထားတဲ့ Power ကိုပဲပေးရပါတယ်။ ဆိုလိုတာက အကယ်၍ Sensor က Object ကို Detect ဖြစ်ရင် Output Contact က Turn On ဖြစ်မယ်။ အကယ်၍ Sensor က Object ကို Detect လုပ်တာမရှိဘူးဆိုရင်, Output Contact က Turn Off ဖြစ်နေမယ်။

    ဒါကြောင့်မလို့ Wet Contact ကို အဓိပ္ပာယ်ဖွင့်ဆိုရရင် Wet Contact ဆိုတာက Contact တစ်ခုကို Control Circuit ကနေပေးထားတဲ့ Power နဲ့ Contact ကို Power ပေးထားတယ်ဆိုတာပါပဲ။ ရှုပ်သွားမယ်ဆိုရင် ဥပမာနဲ့ ဆက်ပြောပြပါမယ်။

    ဒီ ဥပမာမှာ ပြောရရင် Switch က Circuit Power ကို Supply ပေးထားတဲ့သဘောပဲ။ အဲ့တာက Contact အတွက် မည်သည့် External Power Source ကိုမသုံးပါဘူး။ အကယ်၍သာ External Power Source ကိုသုံးခဲ့ရင်  Contact Potential က Sensor အတွက် ပေးထားတဲ့ Voltage ထက်စာရင် ပိုပြီးတော့ ခြားနားသွားလိမ့်မယ်။ ဥပမာကို တစ်ချက်ကြည့်ရအောင်။ အဲ့တာဆိုပိုနားလည်လာမှာပါ။

Sensor Example Wiring
    ပိုပြီးနားလည်လွယ်ဖို့အတွက် ဒီထက်ပိုပြီး ရိုးရှင်းတဲ့ ပုံစံနဲ့ပဲပြောရအောင်။ ယေဘုယျသဘောတရားပေါ့။ Sensor တစ်ခုမှာ Basic Terminal သုံးခုပါတယ် ဆိုပါတော့။ Positive Potential, Negative Potential နဲ့ Output ပေါ့။

    Positive နဲ့ Negative Potential ကတော့ Sensor ကို Energize လုပ်ဖို့ပေါ့။ တစ်ခုမှတ်ထားရမှာက Contact Circuit က Power Circuit နဲ့ Isolate မလုပ်ထားဘူးဆိုတာမှတ်ထားရပါမယ်။

    Sensor က Energized ဖြစ်လာရင်, Sensor က Sensing ကို Internally Check လုပ်ပါတယ်။ အကယ်၍ Object ကို Sense လုပ်ခဲ့ရင် ပုံထဲမှာပြထားတဲ့အတိုင်း အမဲရောင် လိုင်း Output ဟာ Turn On ဖြစ်နေမှာပါ။ ( သာမန်အားဖြင့်တော့ Output ကြိုးကို အမဲရောင်နဲ့သတ်မှတ်ကြပါတယ်။) နောက်ပြီးတော့ Load ကို Turn On ဖြစ်စေပြီးတော့ Negative Potential ကလည်း အဲ့အထဲမှာပဲရှိနေမှာပါ။ Object ကို Sense မဖြစ်တဲ့အခါကြရင်တော့ Sensor ရဲ့ Output ဟာ Turn Off ဖြစ်လာမှာပါ။ ဆိုလိုတာက Load ကို Turn off ဖြစ်သွားမှာပါ။

    အခုလုပ်ဆောင်ချက်ကိုကြည့်မယ်ဆိုရင် Wet Contact က Switch တစ်ခုလို အလုပ်လုပ်တာကိုတွေ့ရမှာပါ။ Load ကို Switch ကနေ Supply ပေးပြီးတော့ အလုပ်လုပ်စေပါတယ်။

Disadvantages of Wet Contact

    ဆိုးကျိုးကတော့ Power Circuit နဲ့ Control Circuit က Isolation မလုပ်ထားပါဘူး။ Input နဲ့ Output Circuit ၂ခုစလုံးက အပြန်အလှန်မှီခိုနေတာပါ။

Advantages of Wet Contact

    Power Consumption သုံးတာနည်းလာပါတယ်။ နောက်ပြီးတော့ Dry Contact လို Isolation လုပ်ထားတာ မဟုတ်တာတောင် Wiring ဆင်တာက နည်းသွားပါတယ်။
    
Reference: Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...