Skip to main content

PLSY - Production Line Control Program


    PLSY က Delta API 57 မှာရှိပါတယ်။ ဒီမှာကတော့ PLSY ကိုသုံးပြီးတော့ Production Line Control Program ကို ဥပမာပေးထားပြီး အသုံးပြုသွားတာပါ။ PLSY အကြောင်းကို အသေးစိတ်ကြီးတော့ပြောသွားမှာမဟုတ်ပေမယ့် သိသင့်သလောက်နဲ့ ဒီ Program မှာဘယ်လိုသုံးထားတယ်ဆိုတာလောက်ပဲ ရေးထားပါတယ်။

    PLSY မှာ Operand က သုံးခုရှိတယ်။ S1 S2 D ဆိုတာပါပဲ။ S1 ကတော့ Pulse Output Frequency, S2 ကတော့ Pulse Output Number နဲ့ D ကတော့ Pulse Output Device ကိုဆိုလိုတာပါ။ Frequency Output တွေက Delta Series ပေါ်လိုက်ပြီးတော့ Maximum Frequency တွေကမတူညီကြပါဘူး။ ES မှာက 10,000 Hz, EP မှာက 32,000 Hz နဲ့ EH မှာက 200,000 Hz အထိရှိပါတယ်။
    အဓိက Program အကြောင်းကိုဆက်​ကြည့်ရရင်  X0 က Photoelectric Sensor ကိုသုံးထားပါတယ်။ Y0 ကတော့ Pulse Output ပါ။ Y1 ကတော့ Pulse Direction ပါ။ သို့သော် Y1 ကိုတော့ ဒီနေရာမသုံးထားပါဘူး။ Y2 ကတော့ Stamping အတွက်ဖြစ်ပြီးတော့ T0 ဟာ Stamping Time အတွက်သုံးထားတာပါ။

 Network 1
    X0 ဟာ Object Detect ဖြစ်ပြီးတော့ Rising Edge အခြေအနေကိုရောက်ခဲ့ရင် M0 ဟာ Set ဖြစ်နေပါမယ်။

Network 2

   M0 ဟာ Set ဖြစ်ပြီး On State အခြေအနေကိုရောက်ခဲ့တာကြောင့် PLSY ဟာ Y0 အတွက် Frequency 10KHz နဲ့ Pulses 50000 ကိုထုတ်ပေးပါမယ်။ ဒီနေရာမှာ Pulses 50000 ဟာ Servo Motor ရဲ့ Circle အပတ်ရေ ၅ပတ် ပြည့်ဖို့အတွက် သုံးထားတာပါ။ ပစ္စည်းတစ်ခုနဲ့တစ်ခု ကြားကအကွာအဝေးဟာလည်း Servo Motor ရဲ့ အပတ်ရေ ၅ပတ်စာ အကွာအဝေး Gap ရှိလာမှာပါ။

Network 3
    M1029 ဟာ Special Memory Register ပါပဲ။ M1029 ဟာ ဘယ် အချိန်မှာ On အခြေအနေဖြစ်လာမလဲဆိုရင် PLSY ရဲ့ Output Pulses တွေလိုချင်တဲ့အတိုင်း ထုတ်ပြီးသွားရင် M1029 ဟာ On ဖြစ်လာမှာပါ။  On ဖြစ်လာတဲ့ အချိန် Y2 ဟာ Stamping ဖြစ်တဲ့အလျောက် Object ကို ဖိထားပြီးတော့ Timer ဟာလဲ ၂ စက္ကန့် ရောက်တဲ့အထိရေတွက်နေမယ်။
Network 4

    T0 ဟာ 2 စက္ကန့်ရောက်သွားရင် M0 ဟာလည်း Reset ဖြစ်သွားပြီးတော့ Y2,Y0 တို့ဟာလည်း Off အခြေအနေကိုပြန်လည်ရောက်ရှိသွားပါတယ်။

Reference : DVP - PLC Application Examples of Programming

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...