Skip to main content

Gain & Offset


    လောလောဆယ် အရင်ပုံထဲက XY Graph အကြောင်းကိုပဲ အရင်ပြောပါမယ်။ X-Axis က Digital Decimal ကို ကိုယ်စားပြုတာဖြစ်ပြီးတော့ Y-Axis ကတော့ Analog တန်ဖိုးကိုပြောတာပါ။ Analog တန်ဖိုးဆိုတာတွေကတော့ Voltage တို့ Current တို့ကိုပေါ့။ အခုပုံမှာက Maximum Digital ကို 1000 နဲ့ Maximum Analog ကို 5V or 20mA လို့သတ်မှတ်ထားတယ်။

Gain

    Gain ကို Digital 1000 မှာရှိတဲ့ Calibration Line ရဲ့ Angle သို့မဟုတ် Slope ပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်တယ်။ Gain Value အမျိုးအစားကတော့ ၃မျိုးရှိတယ်။ ပုံနဲ့စာ ယှဥ်ကြည့်စေလိုပါတယ်။

a) Small Gain Value
b) Zero Gain Value (Default 0-5V or 0-20mA)
c) Large Gain Value တို့ဖြစ်တယ်။

    Small Gain Value က Digital Reading လုပ်ရင် Step တွေက ကြီးတယ်။ ဥပမာနဲ့ပြောရရင် 0V ကို 0 Digital လို့သတ်မှတ်ပြီးတော့ 5V ကို 1000 လို့သတ်မှတ်မယ်ဆိုပါတော့။

Gain = ( 5 -0 ) / (1000 - 0 ) = 5 / 1000 = 0.005V = 5mV

    1 Digital တိုင်းမှာ 5mV ထွက်တယ်လို့ဆိုလိုပါတယ်။

    အခု Zero Gain Value ဖြစ်တဲ့ဟာက သူ့နဂို Default အတိုင်းပဲတွက်ရတာ။ 0V ကို 0 Digital နဲ့ 10V ကို 1000 လို့သတ်မှတ်ထားမယ်။

Gain = ( 10 - 0 ) / ( 1000 - 0 ) = 10 / 1000 = 0.01V = 10mV

    1 Digital တိုင်းမှာ 10mV ထွက်တယ်လို့ ဆိုလိုပါတယ်။

    Large Gain Value ကတော့ Digital Reading ထဲက Step တွေကသေးသွားတယ်။ ဥပမာပြရရင် 0V ကို 0 Digital နဲ့ 15V ကို 1000 လို့သတ်မှတ်ထားခဲ့ရင်

Gain = ( 15 - 0 ) / ( 1000 - 0 ) = 15 / 1000 = 0.015V = 15mV

    1 Digital တိုင်းမှာ 15mV ထွက်တယ်လို့ ဆိုလိုပါတယ်။

    ပြန်ပြီးတွက်ထားတာ တွေကိုကြည့်ရင် Analog ရဲ့ Range တွေက နည်းလေလေ Gain က သေးသေးလေလေဖြစ်ပြီးတော့  Range တွေက ကြီးလာလေလေ  Gain တန်ဖိုးကြီးလာလေလေဖြစ်ပါတယ်။

Offset

    Offset ကတော့ Digital တန်ဖိုး သုညမှာရှိတဲ့ Calibration Line ရဲ့ Position ပေါ်မူတည်ပါတယ်။ သူ့မှာလည်း သုံးခုရှိပါတယ်။

d) Negative Offset
e) Zero Offset
f) Positive Offset တို့ဖြစ်ပါတယ်။

    Negative Offset ဆိုတာက သူ့ရဲ့ စမှတ် Minimum Value ကို Zero ကနေစတာမဟုတ်ပဲနဲ့ Negative Value ကနေစတာပါ။ ဆိုလိုတာက -4mA to 20mA လိုပုံစံပေါ့။

    Zero Offset ကတော့ရှင်းပါတယ်။ Default တန်ဖိုးဖြစ်တဲ့ 0-20mA သို့မဟုတ် 0-5V လိုပုံစံပါ။

    Positive Offset ဆိုတာကတော့ သူ့ရဲ့ စမှတ် Minimum Value ကို Zero ကနေ စတာ မဟုတ်ပဲ, Positive Value ကနေ စတာပါ။ ဆိုလိုတာက 4mA to 20mA လိုပုံစံပေါ့။

    နိဂုံးချုပ်အနေနဲ့ကတော့ Gain တန်ဖိုးတွက်ရင် Analog Range ကိုတည်ပြီးတော့ Digital Range နဲ့စားပေးရမယ်။ Analog Range ကို နှုတ်တဲ့အခါ Offset ရဲ့ လက္ခဏာ ရောထည့်ပြီးစဥ်းစားပေးရပါမယ်။ ဥပမာ -1V to +5V ဆိုရင် သူ့ရဲ့ Range က

Analog Range = 5 - ( -1 ) = 5 + 1 = 6 ဆိုပြီးရမှာပါ။

ဒီနေရာမှာ စဥ်းစားစရာတစ်ခုက အကယ်၍ PLC ရော Analog Device ပါ 0-20mA တို့လိုမျိုး Minimum တန်ဖိုး Zero အခြေအနေကို လက်ခံခိုင်းတဲ့ ဟာမျိူးဖြစ်နေရင် 4-20mA ပုံစံမျိုးချည်းပဲ မသုံးစေချင်ပါဘူး။ အခုနက ကျွန်တော်ပြောခဲ့သလိုပဲ Offset ကိုလိုသလို ညှိယူလို့ရပပါတယ်။ Offset တန်ဖိုးကောင်းကောင်းသုံးတတ်ရင် Gain တန်ဖိုးကိုလည်း ကောင်းကောင်းသုံးနိုင်မှာပါ။

Reference : Mitsubishi's 4AD Manuel Book

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...