Skip to main content

Gain & Offset


    လောလောဆယ် အရင်ပုံထဲက XY Graph အကြောင်းကိုပဲ အရင်ပြောပါမယ်။ X-Axis က Digital Decimal ကို ကိုယ်စားပြုတာဖြစ်ပြီးတော့ Y-Axis ကတော့ Analog တန်ဖိုးကိုပြောတာပါ။ Analog တန်ဖိုးဆိုတာတွေကတော့ Voltage တို့ Current တို့ကိုပေါ့။ အခုပုံမှာက Maximum Digital ကို 1000 နဲ့ Maximum Analog ကို 5V or 20mA လို့သတ်မှတ်ထားတယ်။

Gain

    Gain ကို Digital 1000 မှာရှိတဲ့ Calibration Line ရဲ့ Angle သို့မဟုတ် Slope ပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်တယ်။ Gain Value အမျိုးအစားကတော့ ၃မျိုးရှိတယ်။ ပုံနဲ့စာ ယှဥ်ကြည့်စေလိုပါတယ်။

a) Small Gain Value
b) Zero Gain Value (Default 0-5V or 0-20mA)
c) Large Gain Value တို့ဖြစ်တယ်။

    Small Gain Value က Digital Reading လုပ်ရင် Step တွေက ကြီးတယ်။ ဥပမာနဲ့ပြောရရင် 0V ကို 0 Digital လို့သတ်မှတ်ပြီးတော့ 5V ကို 1000 လို့သတ်မှတ်မယ်ဆိုပါတော့။

Gain = ( 5 -0 ) / (1000 - 0 ) = 5 / 1000 = 0.005V = 5mV

    1 Digital တိုင်းမှာ 5mV ထွက်တယ်လို့ဆိုလိုပါတယ်။

    အခု Zero Gain Value ဖြစ်တဲ့ဟာက သူ့နဂို Default အတိုင်းပဲတွက်ရတာ။ 0V ကို 0 Digital နဲ့ 10V ကို 1000 လို့သတ်မှတ်ထားမယ်။

Gain = ( 10 - 0 ) / ( 1000 - 0 ) = 10 / 1000 = 0.01V = 10mV

    1 Digital တိုင်းမှာ 10mV ထွက်တယ်လို့ ဆိုလိုပါတယ်။

    Large Gain Value ကတော့ Digital Reading ထဲက Step တွေကသေးသွားတယ်။ ဥပမာပြရရင် 0V ကို 0 Digital နဲ့ 15V ကို 1000 လို့သတ်မှတ်ထားခဲ့ရင်

Gain = ( 15 - 0 ) / ( 1000 - 0 ) = 15 / 1000 = 0.015V = 15mV

    1 Digital တိုင်းမှာ 15mV ထွက်တယ်လို့ ဆိုလိုပါတယ်။

    ပြန်ပြီးတွက်ထားတာ တွေကိုကြည့်ရင် Analog ရဲ့ Range တွေက နည်းလေလေ Gain က သေးသေးလေလေဖြစ်ပြီးတော့  Range တွေက ကြီးလာလေလေ  Gain တန်ဖိုးကြီးလာလေလေဖြစ်ပါတယ်။

Offset

    Offset ကတော့ Digital တန်ဖိုး သုညမှာရှိတဲ့ Calibration Line ရဲ့ Position ပေါ်မူတည်ပါတယ်။ သူ့မှာလည်း သုံးခုရှိပါတယ်။

d) Negative Offset
e) Zero Offset
f) Positive Offset တို့ဖြစ်ပါတယ်။

    Negative Offset ဆိုတာက သူ့ရဲ့ စမှတ် Minimum Value ကို Zero ကနေစတာမဟုတ်ပဲနဲ့ Negative Value ကနေစတာပါ။ ဆိုလိုတာက -4mA to 20mA လိုပုံစံပေါ့။

    Zero Offset ကတော့ရှင်းပါတယ်။ Default တန်ဖိုးဖြစ်တဲ့ 0-20mA သို့မဟုတ် 0-5V လိုပုံစံပါ။

    Positive Offset ဆိုတာကတော့ သူ့ရဲ့ စမှတ် Minimum Value ကို Zero ကနေ စတာ မဟုတ်ပဲ, Positive Value ကနေ စတာပါ။ ဆိုလိုတာက 4mA to 20mA လိုပုံစံပေါ့။

    နိဂုံးချုပ်အနေနဲ့ကတော့ Gain တန်ဖိုးတွက်ရင် Analog Range ကိုတည်ပြီးတော့ Digital Range နဲ့စားပေးရမယ်။ Analog Range ကို နှုတ်တဲ့အခါ Offset ရဲ့ လက္ခဏာ ရောထည့်ပြီးစဥ်းစားပေးရပါမယ်။ ဥပမာ -1V to +5V ဆိုရင် သူ့ရဲ့ Range က

Analog Range = 5 - ( -1 ) = 5 + 1 = 6 ဆိုပြီးရမှာပါ။

ဒီနေရာမှာ စဥ်းစားစရာတစ်ခုက အကယ်၍ PLC ရော Analog Device ပါ 0-20mA တို့လိုမျိုး Minimum တန်ဖိုး Zero အခြေအနေကို လက်ခံခိုင်းတဲ့ ဟာမျိူးဖြစ်နေရင် 4-20mA ပုံစံမျိုးချည်းပဲ မသုံးစေချင်ပါဘူး။ အခုနက ကျွန်တော်ပြောခဲ့သလိုပဲ Offset ကိုလိုသလို ညှိယူလို့ရပပါတယ်။ Offset တန်ဖိုးကောင်းကောင်းသုံးတတ်ရင် Gain တန်ဖိုးကိုလည်း ကောင်းကောင်းသုံးနိုင်မှာပါ။

Reference : Mitsubishi's 4AD Manuel Book

Comments

Popular posts from this blog

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

What is Master Control Relay in PLC?

A PLC's Master Control Relay (MCR) is defined by experts as a unique relay utilized in ladder logic programming to regulate the operation of several rungs or parts of a ladder diagram. In essence, it uses certain conditions to determine whether to enable or disable particular software sections. All rungs between the MCR and the associated end instruction are executed when the MCR is turned on. These rungs cannot run if the MCR is deactivated because they are circumvented. Large portions of a program can be controlled with a single condition because to this functionality, which enhances program organization and efficiency. In first photo, Master Control Relay is used as normally opened coil, called Master Coil. As you can see when the "Start" is triggered, Master Coil will be closed contact and executes the multiple rungs. If "Stop" is triggered, Master Coil is disable the execution of the other rungs. Similarly, in second figure, I...