Skip to main content

Auto & Manuel Mode Safety Tip

    ပထမဦးစွာကြိုပြောချင်တာကတော့ အခုရေးထားတဲ့ Program ဟာ Perfect ဖြစ်တယ်လို့မဆိုလိုပေမယ့် သဘောတရားအရ သာရေးထားတာဖြစ်ပါတယ်။နောက်တစ်ခုက ဒီ Program က Course တစ်ခုကနေ Idea ယူပြီးရေးထားခြင်းဖြစ်ကြောင်း​သဘောပေါက်စေချင်ပါတယ်။

    ကျွန်တော်တို့ Panel Box တစ်ခုပေါ်မှာ Start,Stop,Emergency Stop နဲ့ Auto & Manuel Switching ခလုတ်တွေရှိတယ်ဆိုပါတော့။နောက်အဲ့ Panel ထဲက Electronic Switch တွေဟာ PLC သို့မဟုတ် Controller တစ်ခုခုနဲ့ချိတ်ပြီးတော့ Process တစ်ခုခုလုပ်မယ်ပေါ့။ Process ဆိုတာလည်း Automatic Water Filling တို့ Cutting Process တို့ အစရှိသဖြင့် လုပ်ငန်းတွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။

    Panel Box ကနေ Auto ရွေးမလား Manuel ရွေးမလား ဆိုတာ Selector Switch ကနေရွေးပြီးရင် Start ခလုတ်ကိုနိုပ်လိုက်ရုံပါပဲ။ Process ကိုရပ်ချင်ရင်တော့ Stop Button ကိုနိုပ်ပေါ့။ တစ်ခုခု Process မှာ ပြသာနာဖြစ်ရင်တော့ Emergency Stop Button ကိုနိုပ်ရုံပါပဲ။ ပြသာနာကဘာလဲဆိုရင် လုပ်ငန်းခွင်မှာ တစ်ယောက်ယောက်က Auto Mode နဲ့ အလုပ်လုပ်နေတဲ့ Process ကို မသိဘဲနဲ့တော်တဆ Manuel Mode သွား Change လိုက်မယ်ဆိုရင် Process မှာပြသာနာရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ Program ကို Course တစ်ခုမှမြင်မိတာနဲ့ ရေးမိလိုက်တာပါ။ Network ၃ခုရှိပါတယ်။ တစ်ခုချင်းစီရှင်းပေးထားပါတယ်။

Network 1

   Emergency Stop Button ကတော့ Process မှာ တစ်ခုခုဖြစ်ရင် အကုန်လုံးဖြတ်လို့ရအောင်အတွက် Network တိုင်းမှာသုံးထားတာပါ။ တစ်ချိုု့ကတော့ MC,MCR ပဲသုံးပြီးတော့ရေးလေ့ရှိပါတယ်။ အခုမှာ Auto နဲ့ Manuel ဆိုပြီး ရွေးချယ်စရာ ၂ခုရှိပါတယ်။ Auto ရွေးရင် Auto နဲ့ ပတ်သတ်တာ အလုပ်လုပ်မယ် Process လည်း လုပ်မယ်ပေါ့။ အလားတူ Manuel ဆိုလည်း Manuel နဲ့ ပတ်သတ်တာအလုပ်လုပ်မယ်ပေါ့။ ဒီနေရာမှာတစ်ခုပြောလိုတာက အခု​ရေးထားတဲ့ Program က Selector Switch အတွက်ရေးထားတာပါ။ Button နဲ့ Auto & Manuel ရွေးရမယ်ဆိုရင်တော့ Interlock ခံပြီးတော့ သုံးရပါလိမ့်မယ်။ Auto & Manuel ရွေးပြီးပြီးဆိုရင်တော့ Start Button ကိုနိုပ်ပြီးရင် Process ဟာ အလုပ်လုပ်ပါပြီ။

Network 2 

    သူကတော့ရှင်းပါတယ်။ Stop Button နိုပ်ရင် ရှိရှိသမျှ Process တွေရပ်သွားပါလိမ့်မယ်။

Network 3

   အဓိကပြောချင်တဲ့ကိစ္စက ဒီ Network မှာပါ။ Auto Mode ဖြစ်စေ Manuel Mode ဖြစ်စေ Process အလုပ်လုပ်နေစဥ်အတွင်း တစ်ယောက်ယောက်က Change လုပ်သွားရင် ရှိသမျှ Process တွေအကုန်ရပ်မှာပါ။ ဒါကြောင့်  Process ကိုပြန် Run ချင်တယ်ဆိုရင်တော့ Start Button ခလုတ်ကို နိုပ်မှသာ Run လို့ရမှာပါ။

Edited: Auto_Mode နဲ့ Manuel_Mode တို့သည် Rising Edge အစား Normally Open များသာဖြစ်​ပါတယ်။

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

Example of PLC ladder diagram for Filing and Heating Liquid in Tank

In the previous post, I wrote PLC program about Mixing and Heating process. Today, I'm going to write about Filling and Heating process in tank. It sounds like the same topic in previous post. Actually, it is different. We'll see the sequences and processes.  Here is the given sequences according to the Author : 1. Fill the tank up to 80%. When the tank is filled, turn ON the heater to raise the temperature up to 70 deg. 2. When this temperature is reached, turn OFF the heater & open the outlet valve. 3. When the level in the tank falls below 10%, close the output valve. In this situation, I do the ladder diagram via Sysmac Studio which is the product of Omron. I just remind you again, most of the control processes are used with Mitsubishi, Siemen and sometimes Delta's PLC due to cost effectively. I'm going to show you how it works with Sysmac Studio. In this case, I'm only using Name Tags. Before I'm talking about ladder diagram, I would like to tell about ...