Skip to main content

Proportional-Only Control Theory (1)

    Vessel အတွက် Liquid Level Control System ကိုစဥ်းစားကြည့်ရအောင်။ Level Sensing Float ရဲ့ Position က Control Valve နဲ့ တိုက်ရိုက် Set လုပ်ထားပါတဲ့ Vessel တစ်ခုပေါ့။ ဒါကြောင့် Liquid Level မြှင့်လာလေလေ Valve က ဖွင့်လာလေလေပဲ။ Directly Proportional ဖြစ်တယ်ပေါ့။
    Proportional Control System က Process Vessel ထဲက Liquid Level ကို ထိန်းညှိပေးပါတယ်။  အကယ်၍ Operator က ဆန္ဒရှိတယ်ဆိုရင် အဲ့ဒီ Level Control System ထဲက Set Point တန်ဖိုးကို ပြောင်းလဲနိုင်ပါတယ်။ အဲ့ဒီသူဟာ Flot နဲ့ Stem အကြားက Distance ကို အနည်းနဲ့အများဆိုသလို Coupling ကို Adjust ချိန်ညှိရပါလိမ့်မယ်။ အဲ့ဒီ Distance က Increasing ဖြစ်လာရင် Level Set point မြှင့်လာပြီးတော့ Distance က Decreasing ဖြစ်လာရင် Level Set Point က နိမ့်လာပါမယ်။

    ကျွန်တော်တို့က အဲ့ဒီ Mechanism ရဲ့ Proportional Action ကို ​ဖော်ပြဖို့အတွက် Equation လိုပါမယ်။ Output ကတော့ Process Variable (PV) ရဲ့  Direct Function နဲ့ Set Point (SP) တို့ပါပဲ။

                       m = ( Kp × e )+ b

m = Controller Output
e = Error ( Difference between PV and SP )
Kp = Proportional Gain
b = Bias

    ဒီနေရာမှာ e ဆိုတဲ့ Error က Process Variable နဲ့ Set Point ရဲ့ ခြားနားချက်ပါပဲ။ အဲ့ဒီ Error ကို ဘယ်လိုတွက်ချက်လဲဆိုတော့ SP-PV သို့မဟုတ် PV-SP ဆိုပြီးတွက်ယူရတာပါ။ အဲ့ဒီ Error နှစ်ခုက ဘယ်လိုပုံစံလဲဆိုတာပြောပြပါမယ်။
     Controller က တိုးလာတဲ့ Process Variable ရဲ့ တန်ဖိုးကို တုံ့ပြန်ဖို့အတွက် Output Signal ကို တိုးထုတ်ပေးရရင် အဲ့တာကို Direct Acting Controller လို့ခေါ်ပါတယ်။ သူ့ရဲ့ Equation ကတော့

m = ( Kp × (PV -SP) ) + b
    Controller က တိုးလာတဲ့ Process Variable ရဒ့ တန်ဖိုးကို တုံ့ပြန်ဖို့အတွက် Output Signal ကို လျော့ထုတ်ပေးရရင် အဲ့တာကို Reverse Acting Controller လို့ ခေါ်ပါတယ်။ သူရဲ့ Equation ကတော့

m = ( Kp × (SP-PV) ) + b

     Controller မှာ ရှိတဲ့ Input တစ်ခုချင်းစီတိုင်းက အပေါင်း အနှုတ်လက္ခဏာက ဘာကိုဆိုလိုလဲဆိုရင်, အနှုတ်ဆိုတာက Inverting Effect ဖြစ်ပြီးတော့ အပေါင်းဆိုတာကတော့ Non Invertinh Effect ကိုဆိုလိုတာပါ။ ဒါကြောင့် " Direct Acting Controller " " Reverse Acting Controller " လို့ပြောနေကြတာက, PV Signal ရဲ့ တုံ့ပြန်မှုအားကို ဆိုလိုတာပါ။ ဒါကြောင့် Direct Controller ရဲ့ Output Signal က PV Signal နဲ့ Direction အတူတူပါပဲ။ Reverse Controller ရဲ့  Output Signal က PV Signal ရဲ့ Direction နဲ့ ဆန့်ကျင့်ဘက်ပဲ။ ဒါကတော့ PV အပိုင်းပေါ့။  အောက်က ဒုတိယပုံနဲ့ တတိယပုံကိုကြည့်ရင်သိနိုင်ပါတယ်။

    အရေးကြီးတာတစ်ခုက Set Point (SP) ပြောင်းလဲမှု အပေါ်တုံ့ပြန်မှုက Process Variable (PV) မှာ ပြောင်းလဲမှုကို ဆန့်ကျင်ဘက်တုံပြန်မှုကိုထုတ်ပေးလိမ့်မယ်။

    ဆိုလိုတာက Rising ဖြစ်လာတဲ့ Set Point (SP) က Direct Acting Controller ရဲ့ Output ကို အကျဘက်ကိုလုပ်ပေးတယ်။ PV - SP ဆိုတော့ SP များလာရင် Output တန်ဖိုးနည်းလာမယ်။ Rising ဖြစ်လာတဲ့ Set Point (SP) က Reverse Actinh Controller ရဲ့ Output ကို အတတ်ဘက်ကိုလုပ်ပေးမဟ်။ SP - PV ဆိုတော့ SP များလာရငထ Output တန်ဖိုးကများလာမယ်။ 

    အပေါင်းနဲ့ အနှုတ် လက္ခဏာတွေကလည်း Controller Output နဲ့  Input တွေပါဝင်တဲ့ အကျိုးသက်ရောက်မှုကိုပြသထားတာပါ။ အဲ့တာကလည်း PV အပေါ်သက်ရောက်တဲ့ပြောင်းလဲမှုနဲ့ SP အပေါ် သက်ရောက်တဲ့ပြောင်းလဲမှုကိုခွဲခြားစိတ်ဖြာတဲ့အခါကျရင် ရှုပ်ထွေးမှုကို ဖယ်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။ 

    Controller ရဲ့ လိုအပ်တဲ့ လုပ်ဆောင်ချက်နဲ့ ဦးတည်ချက်ကို Process ရဲ့ သဘာဝ, Transmitter နဲ့ Control ပစ္စည်းတွေကပဲ ဆုံးဖြတ်ပေးပါတယ်။

     ပထမပေးထားတဲ့ Level Control System မှာဆိုရင် Action က Direct ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ Liquid Level မြှင့်လာလေလေ Control Valve က Vassel ထဲကို ရေပြန်ဖြည့်ဖို့ အပေါက်က ပိုပွင့်လာလေလေပဲ။ Direct Acting Controller ပေါ့။
     Automated Heat Exchanger ဖြစ်စဥ်မှာဆိုရင်, Control Valve ထံပေးဖို့လာတဲ့ Increasing Output Signal က ရေငွေ့စီးဆင်းမှုကို တိုးလာစေပြီးတော့ အပူချိန် မြှင့်လာတယ်လို့ ယူဆကြည့်ရအောင်။ အဲ့တာဆိုရင် Controller က Reverse Acting ပုံစံလိုအပ်လာပါပြီ။ ဆိုလိုတာက Increase ဖြစ်တဲ့ တိုင်းပြီးသား Set Point ဖြစ်တဲ့ Temperature တန်ဖိုးဟာ, Output Signal ကို Decrease ဖြစ်အောင်လုပ်တယ်ပေါ့။ Error နဲ့တွက်ပြရင် 

                            e = SP - PV 

Reference : Instrumentationtools

Comments

Popular posts from this blog

IPv4 Vs IPv6 - What's the difference between IP Addresses

ကျွန်တော်တို့ IOT Project သို့မဟုတ် PLC တို့ HMIတို့ကို Ethernet နဲ့ချိတ်တဲ့အခါမှာ IP Address တို့ Subnet Mask တို့သတ်မှတ်ရတာတို့ကိုတွေ့ရမှာပါ။အခုကတော့ IP Addressအကြောင်းကိုမှ IPv4 နဲ့ IPv6 အကြောင်းကိုရေးမှာပါ။           IP Address ဆိုတာကတော့ ကျွန်တော်တို့ရဲ့အိမ်နံပါတ်လိုသဘောမျိုးလုပ်ထားပေးတဲ့ Internet Protocol တစ်ခုပါပဲ။ အိမ်တိုင်းအိမ်တိုင်းမှာသူရဲ့သက်ဆိုင်တဲ့နေရာလိပ်စာတွေရှိကြသလိုပဲ စက်တိုင်းမှာလည်းသူရဲ့ သက်ဆိုင်တဲ့ IP Address တွေရှိကြပါတယ်။ ဒါကတော့ IP Address အကြောင်းကိုရှင်းပြတဲ့ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ။ ဒီမှာအဓိကထားပြီးရှင်းပြသွားမှာကတော့ IPv4 နဲ့ IPv6 ကိုရှင်းပြသွားမှာပါ။      What is IPv4 : simple meaning & features guide     ဒီ IPv4 မှာဘာတွေပါလဲဆိုတော့ Set Numbers လေးခုပါဝင်ပါတယ်။ ယေဘုယျအားဖြင့် ဘယ်လိုပုံစံနဲ့ရေးကြသလဲဆိုရင် 106.102.77.43 (ဒါကဥပမာပုံစံပါ။) လိုပုံစံမျိုးဖြစ်ပြီးတော့ မတူညီတဲ့ ကိန်းဂဏန်းလေးခုကို Cover လုပ်ပေးထားပါတယ်။ IPv4 ဘာကြောင့်ဖြစ်လာရလည်းဆိုရင် လွန်ခဲ့တဲ့ 1980 ဝန်းကျင်ကာလတွေမှာ I...

Indirect Addressing

Indirect Addressing      တကယ်တမ်း​တော့ ဒီစာကို​ရေးဖြစ်တာကလည်း ဆရာရဲ့ Project Problem တစ်ခုချ​ပေးပြီ ​ဖြေရှင်းရင်းနဲ့ ​တွေ့လာတာပါ။ အဲ့​တော့ အဲ့ဒီဟာက ဘယ်​နေရာမှာ ဘယ်လိုသုံးတာလဲ,ဘာ​တွေသုံးတယ်,ဘယ်လို Program နဲ့​ရေးတာလဲဆိုတာ အဓိကထားပြီး​တော့ ​ပြောပြ​ပေးသွားမှာမယ်။ သူ့အ​ကြောင်းသိဖို့အရင် Index Register ကိုအရင်​ပြောပါမယ်။ What is Index Register?     Index Register ဆိုတာက Process Register လို့လဲ​ခေါ်ပြီး​တော့ Program ကို Operand ​တွေရဲ့ Address ကို Program က Run ​နေတဲ့အချိန်မှာ Modify လုပ်တာပါ၊ PLC မှာရှိတဲ့ Register ​တွေက PLC ထုတ်တဲ့ Company အမျိုးအစား​ပေါ်မူတည်ပြီး​တော့ ​သုံးစွဲတာမတူကြ​ပေမယ့် သ​ဘောတရားက​တော့အတူတူပါပဲ။ အခု ဥပမာ​ပေးမှာက Delta PLC နဲ့ ဥပမာ​ပေးပါမယ်။     Delta မှာရှိတဲ့ Index Register က​တော့ E နဲ့ F ဆိုပြီးသတ်မှတ်ထားပါတယ်။ E နဲ့ F ကိုတစ်လုံးချင်း သုံးရင်​တော့ 16 bit အ​နေနဲ့သုံးလို့ရပါတယ်။ Eနဲ့F ဟာတွဲခဲ့ရင်​တော့ 32 bit ဖြစ်သွားပါပြီ။ E ဟာ Lower 32 bit ဖြစ်လာပြီး​တော့ F ဟာ Higher 32 bit ဖြစ်လာပါတယ်။     ဒုတိယပုံက...

PLC Scan Time Problem

PLC Scan Time Problem     ဒီ Post ကို အရင် account အ​ဟောင်းမှာတုန်းက​တော့တင်ဖူးတယ်။ ဒါ​ပေမယ့် အခုကပြန်ပြီး နားလည်လွယ်မယ့်ပုံစံမျိုးနဲ့ပဲကျွန်​တော်​ရေး​ပေးပါမယ်။     ကျွန်​တော်တို့  PLC project ​တွေမှာဆိုရင် Programming ကို Ladder Diagram နဲ့​ရေးကြတာများပါတယ်။ တခြား Structure Text တို့ Function  Block တို့ Sequence တို့နဲ့လည်း​ရေးလို့ရပါတယ်။သို့​သော်လည်း ဒီကိစ္စမှာ​တော့ Ladder Diagram နဲ့ ဥပမာကိုတင်ပြသွားပါမယ်။      Scan Time ဆိုတာ ဘာလဲအရင် အကျဥ်းချုံပြီး​ပြောပါမယ်။ ပထမပုံက Ladder Diagram လိုပုံစံမျိုး​ရေးထားတယ်ဆိုပါစို့။ Program ရဲ့ ထိပ်ဆုံးအပိုင်းက​နေ Program ရဲ့ အဆုံးအထိ PLC က Scan ဖတ်ပါတယ်။ Scan ဖတ်နှုန်းဟာလည်း ​ရေးတဲ့ Program ​ပေါ်မူတည်ပြီး တစ်စက္ကန့်ကို Scan ဘယ်နှကြိမ်ဖတ်လည်းဆိုတာ​တွေရှိပါတယ်။      ကျွန်​တော်တို့ PLC Ladder Diagram မှာ Program ​တွေ​ရေးတယ်ဆိုရင် သာမန် Line 20 ခု, 30 ခု​လောက်​တော့ ပြသာနာမရှိ​လောက်ပါဘူး။ သို့​သော်လည်း Line အခု 20တို့ 30တို့မှာ High Counter ​တွေတို့ တခြား API ​တွေ အများကြီး​တွေသုံး...